𝗖𝗵𝗮𝗽𝘁𝗲𝗿 8

330 34 0
                                    

Harryတို့ ခန်းမထဲရောက်ပြီး စားသောက်နေကြ
ပေမယ့် Professor Mcgonagall ကရောက်မလာခဲ့ပေ

"Harry ဘာတွေရှာနေတာလဲ"

Ginnyက ဘေးကနေ မေးလာသဖြင့် Harry ခေါင်းသာခါမိသည်

"Harry နင်ဂရုစိုက်သင့်ပြီ"

Hermioneက ခပ်တိုးတိိုးလေးလာပြောသဖြင့်
Harryတစ်ယောက်ကြောင်ကာ

"ဘာကိုလဲ Hermione"

"နင့်ဟာကြီးက Ginny ကိုစိုက်ကြည့်နေတယ်
ငါ့အထင်"

"ဟမ်...Dracoကလည်း.."

Harryလည်း ပျာပျာသလဲ လှည့်ကြည့်တော့ သူ့အား
စိတ်ဆိုးကာ ခန်းမအပြင်ဘက် ထွက်သွားတဲ့ Draco

"Oh Shit ငါတော့ချော့ရတော့မယ်ထင်တယ်
Ron Hermione ညမှတွေ့မယ်"

Harryပြေးထွက်လာပေမယ့် Dracoရဲ့ အရိပ်ယောင်ကိုတော့ မမြင်ရတော့ပေ

"ကျစ် ဘယ်ပျောက်သွားပြန်တာလဲ"

'သတ်လိုက် သတ်လိုက် မင်းသတ်မှဖြစ်မယ်'

"အ့ ဘာအသံတွေလဲ"

'သတ်လိုက် သတ်လိုက် မင်းသတ်မှဖြစ်မယ်'

"အားး"

Harryတစ်ယောက် သည်းမခံနိုင်တဲ့အဆုံး အသံကျယ်ကြီးနဲ့အော်ကာ မေ့လဲသွားလေတော့သည်

"Pottah!"

Dracoတစ်ယောက် သူ့ကောင်လေးချော့တာခံချင်သဖြင့် အကွယ်ကနေစောင့်နေပေမယ့် သူ့နားရောက်ခံနီး
မှခြေသံရပ်သွားပြီး အော်သံကြားတာကြောင့် အကွယ်က ထွက်လာကြည့်တော့ Harryက မေ့လဲနေပြီဖြစ်သည်
_____________________
Next Day

"ဘယ်လိုဖြစ်ရပြန်တာလဲ Malfoy"

"Weaslay မင်းတိတ်"နေစမ်းပါကွာ အော်မနေနဲ့"

"Harry မနိုးသေးဘူးလား"

"အင်း အခုထိမနိုးသေးဘူး"

"Madam Pomfrey ကရော ဘာပြောသေးလဲ"

"အဆင်ပြေတယ် ဘာမှကိုမဖြစ်ဘူးတဲ့ ဒါဆိုဘာလို့
Pottahက မနိုးလာသေးရတာလဲ"

Dracoမျက်နှာက ဖြူဖျော့နေပြီး သွေးမရှိတဲ့လူတစ်ယောက်လိုပင် ဖြစ်နေပြီဖြစ်၍ Hemioneလည်း ခေါင်းခါမိသည် ဒါတောင် Harry မေ့လဲတာ တစ်ရက်မပြည့်သေးဘူးလေ

𝗬𝗼𝘂 𝗡𝗲𝘃𝗲𝗿 𝗛𝗮𝘁𝗲 𝗠𝗲, 𝗣𝗼𝘁𝘁𝗮𝗵 (𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝)Where stories live. Discover now