𝗖𝗵𝗮𝗽𝘁𝗲𝗿 5

407 49 1
                                    

Harryလည်း ညက Ginnyနဲ့သူ့အကြောင်းကို
သူ့သူငယ်ချင်းနှစ်ယောက်အား ပြောပြလိုက်တော့
Hermioneကလည်း ပြုံး၍"အနာဂတ်မှာပျော်အောင်
နေပါ"လို့ဆိုပြီး Ronကလည်း သူ့အား "ယောက်ဖ
မတော်လိုက်ရပေမယ့်လို့ ငါမင်းကိုစိတ်မဆိုးပါဘူး
သူငယ်ချင်း"လို့ပြုံးကာပြောသည့် တုန့်ပြန်မှုတွေကို
ရလိုက်ရသောကြောင့် Harry ပျော်ပါသည်

"Harry Malfoyကိုတောင်းပန်သင့်တယ်"

Ronကလည်း ခေါင်းညိမ့်ကာ

"ဟုတ်တယ် Harry ငါသူ့ကိုကြည့်မရပေမယ့် ဒီတစ်ခါ မင်းပြောခဲ့တဲ့ စကားတွေက လွန်တယ်"

"ငါစိတ်ရှုပ်နေလို့ လိုတာထပ်ပိုပြောမိသွားတာပါ
ငါတောင်းပန်ဖို့လည်းတွေးထားပါတယ်"

"ဒါဆို ဒီနေ့ မှော်ဆေးရည်အတန်းမှာ သူ့ကိုတွေ့ပြီး
တောင်းပန်လိုက်လေ အဆင်ပြေလောက်မှာပါ"

"အင်း ဒါဆိုသွားရအောင်"

Ronနဲ့Hermioneလည်းခေါင်းညိမ့်ပြကာ Harryနဲ့အတူ မှော်ဆေးရည်အတန်းဘက်သို့ထွက်လာခဲ့လိုက်သည်

"Harry Malfoy မရောက်သေးဘူးထင်တယ်"

"နောက်ကျတာနေမှာပေါ့ ဟန်နီကလည်း"

"ငါအပြင်မှာစောင့်နေလိုက်မယ် ပြီးမှဝင်ခဲ့မယ်နော်"

"အေးအေး" both

Harryလည်းDracoအား အပြင်မှာစောင့်နေလိုက်သည် သို့ပေမယ့် အတန်းကသာ စတော့မယ်
Dracoကို့ ကိုတွေ့ဖို့မပြောနဲ့ Dracoရဲ့အရိပ်နဲ့
တူတာတောင် မတွေ့ရသဖြင့် အတန်းတက်ဖို့သာ
ဝင်လာလိုက်တော့သည်

"Harry ဘယ်လိုလဲ Malfoy.."

"သူမလာဘူး"

Harryက ညိုးငယ်စွာပြောတော့ Hermioneက
Harryပခုံးအားဖက်ကာ

"သူ့သူငယ်ချင်းPansy Parkinson ကိုအတန်းပြီးရင်မေးကြည့်ကြမယ်လေ ဟုတ်ပြီလား"

"အေးပါ Mione"

သူတို့လည်း Professor ကျိုခိုင်းတဲ့ ဆေးရည်အား
အဖွဲ့လိုက်ကျိုပြီးတော့ အတန်းစောဆင်းလာကြသည်
Harryကတော့ Pansyအားစောင့်ရန် ကျန်ခဲ့သည်

"Hi Pansy"

"Oh hi harry"

"ဒီနေ့Malfoyဘာလို့ ဒီအတန်းကိုမတက်တာလဲ
ငါသူနဲ့ပြောစရာလေးရှိလို့ အဲ့တာ သူဘယ်အချိန်အား
လဲနင်သိလား"

𝗬𝗼𝘂 𝗡𝗲𝘃𝗲𝗿 𝗛𝗮𝘁𝗲 𝗠𝗲, 𝗣𝗼𝘁𝘁𝗮𝗵 (𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝)Where stories live. Discover now