𝗖𝗵𝗮𝗽𝘁𝗲𝗿 3

422 48 8
                                    

အချိန်အား ည1နာရီကျော်ကျော်ရှိလေပြီ Harry
တစ်ယောက် အိပ်မက်ဆိုးကြောင့် လန့်နိုးတာခုနဲ့ဆို
သုံးခါရှိပြီ ပြန်အိပ်တိုင်း မက်နေသောကြောင့် Harry
သက်ပြင်းသဲ့သဲ့လေးချမိသည်

"ဟင်းး အိပ်မက်ဆိုးတွေမမက်တော့ရင်ကောင်းမယ်"

Harryလည်း ပြန်အိပ်မရမဲ့တူတူ ကိုယ်ပျောက်ဝတ်ရုံ
အားခြုံ၍ သူတို့ အိပ်ဆောင်မှထွက်ကာ Hall
တစ်လျှောက်လမ်းလျှောက်လာသည်

"Dray ကျမကိုရှင်ဘယ်အချိန်ထိငြင်းနိုင်မှာလဲ"

"ကျစ် Greengrass မင်း!"

လမ်းထောင့်တစ်နေရာမှာ မိန်းကလေးတစ်ဉီးနဲ့
စကားပြောနေတဲ့ Malfoy ဘာလားပဲ နာမည်တောင်
အဖျားစွတ်ခေါ်နေသေးတယ် အို ဘာဖြစ်ဖြစ် ငါ့ကိစ္စ
မှမဟုတ်ဘဲ

Harryလည်း တိတ်တိတ်လေးထွက်သွားမယ်လုပ်သည့်အချိန် ထိုမိန်းကလေးစကားကြောင့် ခြေလှမ်းများ
ဟာ တိခနဲရပ်သွားသည်

"Dray ရှင်နဲ့ကျမက မကြာခင်လက်ထက်ရတော့မဲ့
သူတွေပဲလေ"

(ဘာရယ် Malfoyနဲ့လား)

"အခု ဒယ်ဒီမရှိတော့တာကြောင့် မင်းကိုလည်း
ငါလက်ထက်မှာမဟုတ်ဘူး Greengrass"

"အိုးး ရှင်ကတော့လေ Astoriaလို့ရင်းရင်းနှီးနှီးခေါ်ပါ
ဒါမှမဟုတ် အချစ်လို့ခေါ်မလား ဟက်"

(တကယ်အတင့်ရဲတာပဲ)

"မင်း! မင်းငါ့စီက ဘာလိုချင်လို့လဲပြောလေ"

"ရှင့်ကိုလိုချင်တာ Harry Potter အပိုင်ဖြစ်ခဲ့တဲ့
ရှင့်ကိုလိုချင်တာ Dray"

ခိုးနားထောင်နေတဲ့ Harryမှာတော့ ပြူးကြောင်ကြောင်နဲ့သာ

"ငါပြောပြီးပြီပဲ မင်းကို ငါ မ ကြိုက် ဘူး လို့"

တစ်လုံးချင်းလေသံမာကာပြောသွားတဲ့ Malfoy

"ဒါမှမဟုတ် Harry Potter ကြောင့် ရှင့်အဖေရဲ့
တုတ်ကောက်နဲ့သေမတတ်အရိုက်ခံရမလို​ ဖြစ်တာကို
Harry Potterသိမှာကိုလည်း ရှင်မကြိုက်လောက်ဘူးမလား..."

"Astoria Greengrass!"

"အိုး ဖြည်းဖြည်းအော်ပါ Drayရယ် တော်ပါသေးတယ် အသံလုံအောင်ဂါထာနဲ့ပိတ်ထားလို့ပေါ့"

𝗬𝗼𝘂 𝗡𝗲𝘃𝗲𝗿 𝗛𝗮𝘁𝗲 𝗠𝗲, 𝗣𝗼𝘁𝘁𝗮𝗵 (𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝)Where stories live. Discover now