𝗖𝗵𝗮𝗽𝘁𝗲𝗿 9

338 34 0
                                    

ပြတင်းပေါက်များမရှိတာဖြစ်လို့ အခန်းထဲအား
အလင်းမကျရောက်တာကြောင့် ကောင်လေးနှစ်ယောက်စလုံးဟာ မနိုးကြသေးပေ။

'သတ်လိုက်...မင်းသတ်လိုက်....သတ်လိုက်တော့'

"ဟင့်အင်း မဟုတ်ဘူး မလုပ်ဘူး ဟင့်အင်း"

အိပ်ယာထဲမှာ လူးလွန့်ကာ မျက်ရည်တွေကျနေရင်း
အော်ဟစ်နေတဲ့ Harry

"Pottah..Pottah ကိုယ်ခေါ်နေတာ ကြားလား"

Dracoတစ်ယောက် အိပ်နေရာကနေ နိုးလာပြီး
Harryအား လှုပ်နှိိုးသော်လည်း Harryကတော့
ရုန်းကန်ရင် ငိုနေတုန်းပင်

"အချစ် စိတ်လျှော့ထား အဆင်ပြေသွားမှာပါ"

Dracoလည်းHarryအား ရင်ခွင်ထဲထည့်ပိုက်ကာ
နှဖူးအား အနမ်းခြွေရင်း ပြောနေသည်

"ဟင့် Draco.."

"အင်း ကိုယ်ရှိတယ်..ဒီမှာရေသောက်လိုက်ဉီး"

"ဟင့်အင်း ငါ့ကိုဖက်ထားပေး..ငါလူ လူမသတ်ချင်ဘူး ဟင့်"

"အင်း အင်းပါ မငိုနဲ့တော့ တိတ်တော့နော်"

"ရွှတ်* သူ တကယ်...ရှင်သန်တော့မယ်..ထင်တယ်"

အသံတွေဟာ တုန်ရီနေပြီး Harryဟာ အလွန့်ကို
နှာဖူးက နာလာသည်

"Draco..အ့ ငါ ငါ့နှဖူး.."

"Pottah! အချစ်"

Dracoဘယ်လောက်နှိုးနှိုး Harry ကတော့ နာကျင်တဲ့ဒဏ်ကိုဆက်သည်းမခံနိုင်သဖြင့် မေ့သွားတော့သည်

Dracoလည်း မနက်ဝေလီဝေလင်းမှာ ဆေးပေးခန်းအား အမြန်သွားရတော့သည်

1:00 p.m

"Draco..Harry အဆင်ပြေရဲ့လား"

"သူ..သူအရမ်းပင်ပန်းနေတယ်ထင်တယ်"

နဂိုကမှ အသားဖြူလွန်းတဲ့ Draco ဟာ မနေ့ကရော
ဒီနေ့ရော Harry သတိမေ့သွားတဲ့ကိစ္စကြောင့် မျက်တွင်းတွေပါ အညိုရောင်သမ်းနေပြီ

"Malfoy သူအဆင်ပြေမှာပါ ငါတို့ ခနလောက်စောင့်ရအောင်"

DracoဟာRonအား ခေါင်းညိမ့်ပြကာ Harry လက်အား တရှုံ့ရှုံ့နမ်းနေသည်

"အွင်းး....Dra..Draco"

"Pottah နိုးပြီလား ဘယ်လိုနေသေးလဲ အဆင်ပြေလား ခေါင်းရောကိုက်သေးလားဟင်"

𝗬𝗼𝘂 𝗡𝗲𝘃𝗲𝗿 𝗛𝗮𝘁𝗲 𝗠𝗲, 𝗣𝗼𝘁𝘁𝗮𝗵 (𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝)Where stories live. Discover now