အပိုင်း(၂၀)/အပိုင္း(၂၀)
9 2 0
Unicode
................
အပိုင်း(၂၀)
      ဇာတ်ကောင်စရိုက်နှင့်မိသားစုနောက်ခံများ
ခန့်မင်းမြတ်မောင်- Loon Star Production ၏ပိုင်ရှင်(တစ်နည်း လွန်းရဲ့ producer) မှာ မိဘအမွေအနှစ်ကို လက်ဆင့်ကမ်းယူခဲ့ပြီး ထိုကုမ္ပဏီကို ဦးဆောင်နေသူ ၊ မိခင်နဲ့ ဖခင်တို့မှာ အကြောင်းအမျိုးမျိုးကြောင့် ကွာရှင်းခဲ့ပြီး မိခင်နဗင့်အတူနေထိုင်ခဲ့တယ်။ အသက်(၃၀)အရွယ်တွင် မိခင်ဖြစ်သူမှာ ကင်ဆာရောဂါဖြင့်ကွယ်လွန်သွားရှာတယ်။ လူတွေအမြင်မှာတော့ "ခန့်မင်းမြတ်မောင်ကလေ အသည်းနှလုံးမရှိတဲ့သူ အမေသေတာတောင် ဘာမှမဖြစ်သလိုဘဲဟယ်...မွေးရကျိုးမနပ်လိုက်တာ"စသည်စသည်ဖြင့်  တီးတိုးစကားများကြားရသော်လည်း မသိကျေးကျွန်ပြုကာ ကုမ္ပဏီကိုဆက်လက်ဦးစီးခဲ့သည်။ ညအခါများတွင် တစ်ယောက်တည်းတိတ်တိတ်ကလေး ငိုကြွေးနေရသည်ကိုတော့ လူများမသိချေ။ *နက်ဖြန်အတွက်ရှေ့ဆက်လျှောက်ဖို့ အားမာန်လိုသေးတယ်လေ။  သံယောဇဥ်များအမြစ်တွယ်နေတဲ့ အဲ့လူသားလေးကို ပိုင်ဆိုင်ရဖို့ကျန်သေးတယ်လေ။ အကြိမ်ကြိမ်လွဲချော်ပေမဲ့ ဒီတစ်ခါတော့ အမှားအယွင်းမရှိ ပိုင်ဆိုင်ခွင့်ရအောင်လုပ်ရဦးမယ်လေ။*
-သိက္ခာရှိပြီး ခန့်ညားတည်ကြည်တယ်။ လူတွေကပြောကြတယ်။လူသားစက်ရုပ်တဲ့။အပြုံးအရယ်မရှိ တစ်ကိုယ်တည်းလူပျိုကြီးလုပ်နေလို့တဲ့။ *ဒါပေမဲ့ဗျာ ဘဝဆက်တိုင်းရင်နင့်အောင်ချစ်ရတဲ့ နှောင်ကြိုးလေးသဖွယ် ဖြတ်တောက်ဖို့ခဲယဥ်းတဲ့ လွန်း ဆိုတဲ့ကောင်လေးနဲ့ တွေ့တဲ့အခါမှ ကျွန်တော့်နှလုံးသားလေးက အတိုင်းအဆမရှိ ခုန်နေလေရဲ့။ သူကလွဲလို့ ဘယ်သူ့အတွက်မှ ရင်ခုန်မပေးနိုင်ဘူးဆိုတာ သေချာနေပါပြီ.*
လွန်းလျှံလင်းလက်-ဘဝမှာ ကိုယ့်မောင်နှမတွေက ကိုယ့်ကို မုန်းတာလောက်နာကျင်ရတာမရှိဘူး။ ကိုယ်ငယ်ငယ်တုန်းက မကြာခဏဆိုသလို နေမကောင်းဖြစ်လေ့ရှိတယ်။ မျာယသောအားဖြင့် တစ်လမှာ ၃ခါဖျားပြီး တစ်နှစ်ကို လေးခါလောက် ရောဂါကြီးလေ့ရှိတယ်။ တစ်နေ့တစ်နေ့ အိပ်ယာထဲလှဲရင်း ငါမရှိရင် ငါ့မိဘတွေ အလုပ်ရှုပ်မှာ မဟုတ်ဘူး ငါသေတော့မှာပဲလို့ တွေးနေမိခ​တြယ့။ အိမ်ရှေ့မှာ ကိုယ်နဲ့ရွယ်တူ ကလေးတွေ ကစားနေတာတွေ့ရင် သာမန်ကလေးတွေလို ပျော်ရွှင်ချင်ခဲ့မိတယ်။ ဒါပေမဲ့ မိဘတွေက ကစားခွင့်မပေးခဲ့ဘူး။ ဒီလိုနဲ့ အထီးကျန်စိတ်တွေ ဝင်လာခဲ့တာပေါ့ ။ ၁၀နှစ်ကျော်အရွယ်ရောက်လာချိန်မှာ သူငယ်ချင်းတစ်ယောက်ကို သံယောဇဥ်တွယ်ပြီး အားကိုးမိခဲ့တယ့ ကိုယ်ကပဲ ကံဆိုးလေသလားမသိပါဘူး။ သူပြောင်းလဲသွားခဲ့တယ်။ လူဆိုတာပြေညင်းလဲတတ်တာ ကိုယ်သိတာပေါ့။ သူကလေ ပြောင်းလဲရုံတင်သာမကဘူး ကိုယ့်ဘဝကို အထီးကျန်အောင် လုပ်ခဲ့တဲ့ ကိုယ့်ဘဝရဲ့ ပထမဦးဆုံးသူငယ်ချင်းလေးဘဲ။ သူက ကိုယ့်ကို တခြားသူတွေနဲ့ပါ မိတ်ဖွဲ့ခွင့်မရအောင် လုပ်ခဲ့တယ်။ နောက်တော့ကိုယ်တစ်ယောက်တည်းဖြစ်လာတယ်။ တစ်နှစ်ပြီးတစ်နှစ် ကိုယ်ယုံကြည်မယ်လို့ ဆုံးဖြတ်ထားတဲ့ သူငယ်ချင်းက အဲ့လို ပုံစံတူမျိုးးပေးလာခဲ့တယ်။ဒါပေမဲ့ ကိုယ်မမုန်းပါဘူး။ ဘာလို့ဆို လူဆိုတာ သူ့စရိုက်နဲ့ သူပါလာပြီးသားမလား။ ပြီးတော့ ကိုယ့်အပေါ်ကျရောက်လာတဲ့ ဝဋ်ကြွေးတွေကို ပြန်ခံယူရတယ်လို့ပဲ တွေးလိုက်တယ်။ ကိုယ့်ကို ခါးခါးသီးသီးဖြစ်နေတဲ့သူကို ကိုယ်ဆက်မကြည့်ချင်တော့ဘူး။ နှလုံးသားရဲ့တစ်နေရာက ဖိအားများလာတဲ့အခါ အရမ်းကိုနာကျင်ရတာပဲ။ ဒါကို ပျော်နေပါတယ်ဆိုပြီး ပြုံးပြနေရတော့ ကိုယ် ပင်ပန်းပြီးသေဖို့ထိတောင်ဆုံးဖြတ်ခဲ့တယ်။ မိဘတွေရဲ့မျက်နှာကိုထောက်ပြီး ဆက်ရှင်သန်ဖို့ရွေးချယ်ခဲ့တယ်။ ကိုယ်အသက်(၁၅)နှစ်မှာဘဲ ဖေဖေက နောက်အိမ်ထောင်ပြုပြီး လန်ဒန်ကိုသွားခဲ့တယ်။ မေမေက ကိုယ့်ကိုဂရုစိုက်ပေမဲ့ မေမေ့ကို အေးဆေးနေစေချင်ခဲ့တာမို့ ကိုယ်အသက်(၂၀)ရောက်တော့ စိတ်ကူးပေါက်ရာလျှောက်သွားခဲ့တယ်။ လမ်းလျှောက်ရင်း ပင်ပန်းလာလို့ လမ်းဘေးတစ်နေရာမှာ ထိုင်နေရင်း ကိုယ့်ထက်လေးနှစ်ငယ်တဲ့ ကောင်လေးတစ်ယောက် အလန့်တကြားပြေးလာတာကို တွေ့လိုက်ရတယ်။သူ့ကို ကာကွယ်ပေးမယ်ဆိုတဲ့အတွေးနဲ့ အလုပ်တွေအများကြီးလုပ်၊ အလုပ်ကအသိမိတ်ဆွေကြောင့် ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခံရတယ်။ ဒီလိုနဲ့ဘဲ လူသိများသရုပ်ဆောင်ဖြစ်သွားတာဘဲ။
-တစ်ယောက်တည်းနေရတာကြိုက်တယ်။ လူတွေကို ကိုယ့်လိုမဖြစ်ရအောင် နှစ်သိမ့်ပေးချင်တယ်။လမ်းကြောင်းတည့်ပေးချင်တယ်။ ဒါပေမဲ့ ညရောက်ရင်တော့ အတိတ်ဒဏ်ရာတွေနဲ့ တိုက်ခိုက်နေရဆဲပါဘဲ။