အပိုင်း(၁၆)/အပိုငျး(၁၆)
6 2 0
Zawgyi
အပိုင်း(၁၆)
တူညီသော ခြေလှမ်းတို့ဖြင့်ဘေးချင်းယှဉ်ရပ်ကာ မှိုင်းအုံ့ရီဝေနေသော ဖုန်မှုန့်များပေါ်မှ တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း တစ်လှမ်းချင်းလျှောက်လှမ်းလာကြသည်။ ပုဂံခေတ်အစဖြစ်သည့်အလျောက် စေတီပုထိုးများမပေါများသေးသော်လည်း အနည်းနှင့်အများ ကိုးကွယ်လာကြပြီဖြစ်သည်။ လွန်း(ဝဏ္ဏ)မှာထူးခြားစွာဖြင့် ဗုဒ္ဓမြတ်စွာဘုရားကို သက်ဝင်ယုံကြည်နေသည်။ထို့ကြောင့် မနီးမဝေးရှိ ဆောက်လုပ်လက်စ ပုထိုးတစ်ခုသို့ သွားရောက်ဖူးမြော်ရန် ဦးတည်လျက်။
နှစ်ယောက်သားမြတ်စွာ ဘုရားရှေ့ထံမှောက်တွင် ဆုတောင်းဝတ်ပြုကြသည်။
*ဘဝအဆက်ဆက်ကိုကို့တစ်ယောက်တည်းကိုသာချစ်ခွင့်ရရပါလို၏။*
*နောင်ဘဝများစွာခန့်မင်းနှင့် ဆုံဆည်းခွင့်ရရပါလို၏။*
ဘဝတွင် အပျော်ဆုံးနေ့ရက်များ ဖြတ်သန်းရမည်ဟုမျှော်လင့်ထားခဲ့သော်လည်း ထိုနေ့ရက်သည် ယနေ့တစ်ရက်တည်းဖြင့် အဆုံးသတ်ကုန်ဆုံးတော့မည့်အလား မိုးသားတိမ်စိုင်မည်းတို့သည် အလင်ရောင်များကို တွန်းထိုးဖယ်ထုတ်လျက် နေရာယူကာ အစားထိုးဝင်ရောက်လာကြသည်။ ထိုမိုးသားတိမ်စိုင်တို့ တလိပ်လိပ်တက်လာပုံမှာ ဝမ်းနည်းဖွယ်အတိပင်။ဝဏ္ဏ(လွန်း)တစ်ယောက်စိုးရိမ်စိတ်များကြီးမားလာကာ ရင်များလေးလံလာရသည်။
ရုတ်တရက်ဆန်စွာ အနောက်မှ "မပြေစမ်းနဲ့ အကျဉ်းသား...။ ကြီးလေးသောပြစ်ဒဏ်အတွက် ကွပ်မျက်အမိန့်...."ဟုဆိုသော အသံလာရာဘက်သို့ လှည့်ကြည့်လိုက်သည်။ သေချာသည်။ မိမိဖခင်မြို့စားမင်း၏ အသံပင်။ ခန့်မင်း၏ရှေ့တွင် လွန်းပိတ်ရပ်ကာ "ခမည်းတော်... ခန့်ကို အပြစ်မပေးပါနဲ့.....အပြစ်ရှိတာကျွန်တော်ပါ...."
"မင်းဝင်မပါနဲ့..သား.....ဒါခမည်းတော်တို့ကိစ္စ...ခန့်မင်းမြတ်..မင်းလိုက်ခဲ့ရမယ်.....ငါ့သားရှေ့မှာ မင်းကို ဘာမှမလုပ်ချင်ဘူး။"ဟု မောက်မာသောလေသံဖြင့် အော်ပြောလိုက်လေသည်။ *ဟင့်အင်း...မဖြစ်ရဘူး....ငါပြောမိလို့...ငါအဲ့တုန်းကသာ မပြောခဲ့မိရင်..ခန့်ဘဝနဲ့ခန့် ပျော်ရွှင်နေမှာ.....ငါ့အမှားအတွက် သူ့ကိုအထိခိုက်မခံနိုင်ဘူး။*
ဝဏဏ(လွန်း)ခန့်မင်း၏ပုခုံးလေးကို ညှင်သာစွာကိုင်လျက် ခန္ဓာကိုယ်လေးကို တယုတယလှည့်လိုက်ကာ ခန့်မင်း၏လက်ကလေးကို ဆွဲကိုင်ရင်း ဝမ်းနည်းရိပ်သန်းနေသော မျက်နှာဖြင့် "မြတ်... မင်းမသွားရဘူး..ကိုယ်နဲ့ဘဲနေရမယ်။...''
ခန့်မင်းကအလန့်တကြားဖြင့်"ကိုကို....ကိုကို...."​အော်လိုက်မိသည်။ အကြောင်းကား ခန့်မင်း၏ စကားကို အာရုံမထားနိုင်ဘဲ ခန့်မင်း၏ ကိုယ်လေးကို ဆွဲလှည့်လိုက်ကာ တစ်စုံတစ်ခုမှကာကွယ်ပေးလိုက်သောကြောင့်ပင်။