အပိုင်း(၆)/အပိုငျး(၆)
27 3 0
Zawgyi
နှစ်ယောက်သားနှစ်ခြိုက်စွာ အိပ်မောကျနေစဉ် အော်ဟစ်သံများ ကြားလိုက်ရ၍ အလန့်တကြားနိုလာတော့သည်။ နန်းတွင်းတပ်သားများက တောတွင်းသားများကို အမြစ်ပြတ်သုတ်သင်ခြင်းလုပ်ငန်းစဉ်ဖြစ်သည်။ မြို့စားမင်းက တောတွင်းသားများအား အသက်ရှင်ရန်ရှိမနေသင့်သော ရာဇဝတ်သားများဟု သမုတ်ကာ ဖမ်းဝရမ်းထုတ်လိုက်ခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေ လူသားတိုင်းအတွက် အသက်ဆိုတာက အရေးပါသည်မဟုတ်ပါလား။အသက်ရှင်ရန် အခွင့်အရေးတော့ပေးသင့်သည်။
သို့သော် ဘာသာရေးမှာ အရီးကြီးများ ထွန်းကား၍ ဗုဒ္ဓဘာသာစတင်ထွန်းကားစဖြစ်သဖြင့်ဗုဒ္ဓဓလေ့သိပ်မကျယ်ပြန့်လျက်ရှိသေးရာ ယဇ်ပူဇော်ခြင်းအလေ့အထရှိသည်။ဒါ့အပြင် အယူအဆနှင့်မလျော်ကန်ပါက သတ်ဖြတ်ကာ နတ်ဒေဝါများကို ပူဇော်ရမည်ဟူသော အယူဝါဒရှိသည်။
(ဒီနေရာမှာ ဘာသာရေးကိုထိခိုက်ပြောဆိုခြင်းမဟုတ်ပါ စိတ်ကူးသတ်သတ်ရေးသားထားခြင်းဖြစ်ပါတယ် ပြီးတော့ ကိုယ်လေ့လာဖူးတဲ့ စာအုပ်တွေထဲက မှတ်မိသလောက်ကိုးကားထားခြင်းဖြစ်ပါတယ် ဒါ့ကြောင့် အကောင်းမြင်များနဲ့ဖတ်ပေးဖို့မျှော်လင့်ပါတယ်။ ဘယ်စာအုပ်လဲဆိုရင်တော့ သင်ရိုးဟောင်း ၆တန်းသမိုင်းမှာပါပါတယ်နော်။)
လွန်းနှင့်ခန့်မြင်လိုက်ရသည်က သွေးပျက်ဖွယ်ရာပင်။ နီရဲနေသောမီးလျှံများကြား တောတွင်းသားများ၏ အသက်ဇီဝိန်ကို နှုတ်ယူနေကြသည့် ရဲမက်များ၊ လှံများဖြင့် ထိုးသူကထိုး၊ ဓားဖြင့်ထိုးသူကထိုး၊ ထွက်ပြေးသူများကို မြှားဖြင့်ပစ်သူကလျက် တစက်တစက်ကျနေသော သွေးများ၊ မိမိအသက်ကို ရှင်သန်ခွင့်ပေးပါရန် ငိုကြွေးတောင်းဆိုသံများကို နားနှင့်မဆံအောင် မျက်လုံးမှ လျှံထွက်အောင် ကြားနေရမြင်နေရသည်။
ထိုမြင်ကွင်းအာရုံများက ခန့်အဖို့ ရင်ထဲ၌ ဒေါသစိတ်များပြန့်ကျဲလျက် မီးတောက်လောင်နေသကဲ့သို့ပင်။ မိမိမကာကွယ်တိုင်သည့်အတွက် ယူကြုံးမရဖြစ်ကာ ဝမ်းနည်းပူဆွေးမှု၊ အဘယ်ကြောင့် ရှင်သန်ခွင့်မပေးနိုင်ရသနည်းဟူသော ဒေါသစိတ်တို့က ရင်ဝကို တစ်စို့လျက် ငိုင်တိုင်စွာ ရပ်နေမိသည်။