အပိုင်း(၂)
29 3 0
Zawgyi
ရှေ့ကအူကြောင်ကြားလူကို သူမှန်းဆလိုက်မိသည်။ လွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀ ဝန်းကျင်ခန့်ရှိ နေရာတစ်နေရာသို့ ရောက်နေသည်လား သူမသိတော့ချေ ။ မိမိမှာထိုမျှ အတိအကျသိရလောက်အောင် မြန်မာ့သမိုင်းတွင် တော်မနေပါချေ။ လွန်းလျှံအတွေးလွန်နေချိန် ရှေ့ကမျက်နှာညိုလူထွားကြီးက လွန်လျှံ၏ အင်္ကျီဂုတ်ကို ကိုင်မြှောက်ကာ ဝူး....ဝူး.....ဝါး....ဝါး.....ပြောရင်း ဆွဲခေါ်လာသဖြင့် ယက်ကန်ယက်ကန်ဖြင့် လိုက်ပါသွားသည်။ တစ်နေရာအရောက်တွင် ထိုလူကဲ့သို့ အပေါ်ပိုင်းလျက် သားရဲကောင်တို့၏ အမွှေးဖြင့် ပြုလုပ်ထားသော တောတွင်းသား၊ တောတွင်းသူများကို တွေ့ရသည်။ အမျိုးသမီးများဆိုလျှင် အပေါ်ပိုင်းတွင် ရင်ပြတ်အင်္ကျီနှင့် စကပ်တိုကို တွဲဖက်ဝတ်ဆင်ထားသည်။ ထိုနေရာတွင် ကျောက်ဂူအနည်းငယ်မျှသာရှိနေသည်။
အသားညိုညိုလူကြမ်းကြီးသည် လွန်းလျှံကို စပါးကျီတစ်ခုထဲတွင် ပိတ်လှောင်ထားလိုက်သည်။ အဆိုပါလူကြီးကို ကြည့်လိုက်ရာ ယခုတောတွင်းသားများရဲ့ ခေါင်းဆောင်ဖြစ်ပုံရသည်။ စပါးကျီအပေါက်ဝရှိ လူများကို စကားတချို့ မှာကြားဟန်တူသောကြောင့်ပင်။
လွန်းလျှံ မိမိရောက်ရှိနေသည့် နေရာနှင့်ပတ်သက်ပြီး မူမမှန်မှုကို တွေ့လိုက်ရသည်။ ထိုအရာသည် အခြားမဟုတ်။ ကျောက်ခေတ်ဆိုလျှင် အဘယ်ကြောင့် စပါးကျီရှိနေရသနည်း။ လွန်းလျှံ ထင်တာမမှားဘူးဆိုရင် ဤနေရာက တောတွင်း နေရာတစ်နေရာဖြစ်ပြီး မြို့ပြရှိကိုရှိရမည်။
မှောင်ရီပျိုးစအချိန်တွင် အစောက လွန်းလျှံ ကို ဆွဲခေါ်လာသော လူကြီးက ကျောက်ခွက်နှင့် အသားမကျက်တကျက်ကို လွန်းလျှံလက်ထဲသို့ ထည့်ပေးလိုက်သည်။ ထိုအရာမှာ စားနေကျအသားမဟုတ် မမြင်ဖူးသော အသားတုံးဖြစ်နေသည်။ အနံ့မှာမဆိုးရွားလှသော်လည်း ပုံစံမှာတော့ အသားတုံးအလယ်မှ သွေးများ စိမ့်ထွက်ကာ မသတီစရာကောင်းလှသည်။ မိမိမှာ အပြည့်အဝကျက်သောအစားအစာများသာ စားဖူးခဲ့ရ၍ ထိုကဲ့သို့ အရာမျိုး မစားနိုင်ပေ။
သူ့ရှေ့တွင်ရှိသော အနှီလူကြီးမှာ စိတ်မရှည်ဟန်ဖြင့် အသားကိုယူကာ လွန်းလျံပါးစပ်ထဲသို့ ထိုးသွတ်လေသည်။     
လွန်းလျံ မှာ ထိုအစားအစာကြောင့် ပျို့အန်မိသွားသည်။ အညိုဆင်လေးမှာ သူ့ရှေ့ရှိ ကောင်ငယ်လေး အသားမစားနိုင်မှန်းသိ၍ အပြင်သို့ ခေတ္တမျှထွက်သွားကာ တဖန် ပြန်ရောက်လာပြန်သည်။ အသီးများစွာကို လွန်းလျှံ လက်ထဲသို့ ထည့်ပေးလိုက်သည်။ ထိုအခါမှသာ လွန်းလျှံ မြိန်ရည်ရှက်ရည်ဖြင့် စားတော့သည်။ လွန်းလျှံကို တစ်ချိန်လုံး ပြူးကြည့်နေသော လူကြီးမှာ လွန်းလျှံ စားမှသာ သွားများပေါ်အောင် ရယ်ပြလာတော့သည်။