အပိုင်း(၁၃)/အပိုငျး(၁၃)
15 3 0
Zawgyi
အပိုင်း(၁၃)
ဆေးသေတ္တာသွားယူရန် အတွေးများစွာဖြင့်လျှောက်လာခဲ့ရာ "သခင်လေး ဘာအလိုရှိပါလဲ..ထွေးမြကို ခိုင်းလေ"ဟု အသံကြားလိုက်ရသည်။ ထွေးမြနှင့်ဒီသခင်လေးဝဏ္ဏဆိုသောသူ အရင်က အတော်လေးရင်းနှီးပုံရသည်။
လွန်း-"မလိုဘူး။ရတယ်... ခန့်အတွက်ဆေးသွားယူပေးမလို့" ဟုပြောရင်း ဆေးသေတ္တာအခန်းသို့ ဦးတည်ကာ လျှောက်သွားလိုက်သည်။ နှလုံးသားလေး၏ တဒိတ်ဒိတ်ရင်ခုန်သံကို နားဆင်ကာ ပြန်လည်တွေးတောရင်း ကြည်နူးနေစဉ် ဖခင်၏အခန်းနားအရောက် ကြားလိုက်ရသော အသံသြရှရှကြောင့် တုန်လှုပ်သွားရသည်။
ထိုအခန်းနားကို မသိမသာလေးတိုးကပ်ကာ နားထောင်လိုက်သည်။ ထိုအခန်းထဲမှ မတိုးလွန်းမကျယ်လွန်းသော အသံဖြင့်ပြောနေသော်လည်း ဒေါသစိတ်ကြောင့်ထင်သည် အသံကို ကြားနေရသည်။
"ကျုပ် အပြတ်ရှင်းခဲ့ပါဆိုတဲ့ စကားကမောင်မင်းအတွက် အရေးမပါတာလား....ဒါမှမဟုတ် မျက်ကွယ်ပြုလိုက်တာလား....ခုတော့ကြည့်စမ်း......အိပ်ပေါ်တောင်ရောက်လာပါပေါ့လား။ ပြဿ နာတွကို ထပ်ရှင်းရပေတော့မယ်။"
ထိုစကားများကို ကြားလိုက်ရသော လွန်းတစ်ယောက် ရှုပ်ထွေးသွားရသည်။ *ဘာတွေလဲ...။ စဉ်းစားစမ်းပါ..ငလွန်းရာ* အဆက်အစပ်မရှိသော အိပ်မက်များနှင့် ဖခင်၏စကားများအား ဆက်စပ်၍ စဉ်းစားကြည့်လိုက်ရာ..................
လွန်ခဲ့သော (၁၉)ခန့် လူအများ ရုတ်ရုတ်သဲသဲ ဖြစ်နေချိန် တစ်ယောက်စီတိုင်းဟာ မအားလပ်အောင် အလုပ်ကိုယ်စီဖြင့် ရှုပ်ယှက်ခတ်နေကြသည်။ ထို့ပြင် ကျွတ်ကျွတ်ညံနေသောအော်သံများကြောင့် ကလေးမွေးဖွားနေသည်ဖြစ်ပေသည်။ ကလေးတစ်ယောက်လူ့လောကထဲဝင်ရောက်ကာ ခြေပင်မချရသေးခင် သေဆုံးသည်ဟု လူကြီးများ သတ်မှတ်ခဲ့ကြသည်။ သို့သော်လည်း ထိုနေရာရှိ လူများ၏ အသိဥာဏ်အားနည်းကြောင့်ပေလော၊ နမော်နမဲ့နိုင်လွန်းသော စိတ်ကြောင့်ပေလော မသိ။
ထိုကလေးမှာအသက်ရှင်နေခဲ့၏။ မိခင်ကိုမနှောင့်ယှက်ချင်သောကြောင့်ဖြစ်ပေလိမ့်မည် ကလေးမှာ မွေးဖွာခါစအချိန်၌ အသံတိတ်ဆိတ်စွာ ငိုသံမပြုဘဲ အိပ်မောကျလျက်ရှိသည်ကို အထင်မှားကာ သေဆုံးကြောင်းအတည်ပြုခဲ့ကြသည်။ ထိုကလေး၏ ကံကြမ္မာမှာ ရက်စက်လွန်းလှသည်။ အလိုက်သိစွာ ပြုမူသော်လည်း ထိုအပြုအမူကြောင့် မြေကြီးထဲသို့ အရဗင်လတ်လတ် မြှုပ်ခံရပေတော့မည်။
အရီးကြီးတို့၏ နိမိတ်ပြန်တမ်းအရ မဆိုင်းမတွပင် လုပ်ဆောင်ရမည်ဖြစ်သည်။ သို့ပေသိ ထိုကလေးငယ်သည် ကံဆိုးခြင်းများထဲမှ ကံကောင်းခြင်ပေလားမသိ။ မြှုပ်နှံရန်တာဝန်ပေးအပ်ခြင်းခံရသော လုံမပျိုမှာ ကျားဆိုသော သတ္တဝါနှင့်ရင်ဆိုင်တွေ့ဆုံလိုက်ရ၍ ကလေးငယ်ခမျာ အသက်ရှင်ခွင့်ရခဲ့ပေသည်။ ထိုအကြောင်းများကို လွန်းသိနေခဲ့ရခြင်းမှာ ထိုကလေးမွေးစဉ် လွန်းပေါက်စလေး ရှိနေခဲ့သောကြောင့်ပေ။
ထိုကိစ္စများပြီးနောက် ၉နှစ်အကြာတွင် ကိစ္စတစ်ရပ်ဖြစ်ပေါ်လာခဲ့ပြန်သည်။ ဝဏ္ဏ(လွန်း)သည် ၁၅အရွယ်ရောက်ပြီဖြစ်သော်လည်း ကလေးစိတ်မကုန်သေး၍ ကလေးဆန်စွာ ဆော့ကစားပျော်ပါးရာမှ တောထဲသို့ မျက်စိလည် လမ်းမှား၍ ရောက်သွားတော့သည်။ သို့ဖြစ်ပါ၍ ဖခင်ဖြစ်သူမှာ ရဲမက်များဖြင့် လှုပ်လှုပ်လှုပ်ရှားရှား ဝဏ္ဏရှာပုံတော်ခန်း ဖွင့်လိုက်ရတော့သည်။ မွေးလာကတည်းက မိခင်မှာဆုံးပါးသွားသဖြင့် မိတဆိုးလေး ဖြစ်သည်မို့ အလိုလိုက် ချစ်ခင်ပေးခဲ့သည်။ မိခင်၏ ချစ်မေတ္တာငတ်ခဲ့သည့်အတွက် အားငယ်နေမည်ဆိုး၍ ဝဏ္ဏအား တိုး၍ပိုချစ်ပေးခဲ့သည်။ မိမိရင်နှင့်လွယ်၍ စောင့်ရှောက်ရသော ထိုကလေးမှာ တခဏချင်းပျောက်သွားသည့်အတွက် ရေးကြီးသုတ်ပြာဖြင့် လုပ်လက်စများချထားကာ ပြေးရှာနေမိသည်။
ရက်သတ္တပတ်ခန့်ကြာ ဝဏ္ဏလေးမှာ အိမ်သို့ တန်းတန်း မတ်မတ် ပြန်ရောက်ရှိလာသည့်အတွက် သားဝဏ္ဏလေးအား အားတပြင်း ပြေးဖက်မိလေသည်။ မိမိ၏ပုခုံးထက်တွင် စိုစွတ်မှုများကိုခံစားမိလိုက်ရ၍
"သားတော်လေး...ဘာဖြစ်လို့လဲ...သားတော်လေး....ခမည်းတော်ကိုကြည့်ပါဦး...ခမည်းတော်ကိုဖြေပါဦး....."
မြင်မြင်ချင်းဆောက်နဲ့ထွင်း ဆိုသကဲ့သို့ မိမိရင်ဝကို ဆွဲဆုပ်လိုက်သည့်အလား သားဖြစ်သူ၏ ဝမ်းနည်းမှုကိုမြင်လိုက်ရ၍ နှလုံးသားတစ်ခုလုံး နာကျင်သွားမိသည်။
"ခမည်းတော်...သာတော်ကြောက်တယ်....ကြောက်စရာလူတွေ.........တွေ့...ခဲ့တယ်.....တော....တော.....တောထဲမှာ..... သားကိုသတ်စားမှာ....ကြောက်တယ်...ဟင့်....ဟင့်..."
"သားမကြောက်ပါနဲ့...ခမည်းတော် သားတော်ရှေ့မှာရှိတယ်....သားမကြောက်အောင် ခမည်းတော်လုပ်ပေးမယ်..."
"ဟုတ်"
*ငါ့သားတော်လေး......အဲ့ကောင်တွေ... ငါ့သားလေးကို ခြောက်ရက်တယ်...တစ်ကောင်မှအရှင်မထားဘူး....ငါ့သားကို ဘယ်သူမှ ငိုအောင်လုပ်ခွင့်မရှိဘူး...ဘယ်သူမှလည်းငါ့သားကို ငါ့ဘဝထဲက ခေါ်သွားခွင့်မရှိဘူး....ထိခွင့်လည်းမရှိဘူး*
ဝဏ္ဏ၏ ကြောက်သည်ဆိုသော စကားတစ်ခွန်းကြောင့် လူများစွာသေခဲ့ရသည်မဟုတ်ပါလား။