အပိုင်း(၁၂)/အပိုငျး(၁၂)
14 3 0
Zawgyi
အပိုင်း(၁၂)
တခြားမြင်ကွင်းတစ်ခုတွင် ပိန်ပိန်ပါးပါး ဆယ်နှစ်အရွယ် ကလေးတစ်ဦးသည် သူ၏ဖခင်ဖြစ်ပုံရသည့် လူကြီးတစ်ဦးဆီသို့ မျက်ရည်များစီးကျကာ ကြောက်လန့်တကြား ပြေးဖက်လျက်-"ခမည်းတော်........ခမည်းတော်........သားကြောက်တယ်...တောထဲမှာလေ.....ကြောက်စရာလူတွေ......အူဝါး......"
ဖခင်-"မငိုပါနဲ့....သားတော်လေးရယ်....ခမည်းတော်ရှိတယ်...မကြောက်နဲ့တော့နော်......တိတ်တိတ်...." ဟုဆိုကာ ကျောလေးကို အသာအယာပုတ်ပေးလိုက်လေသည်။*ဘာအတွက်ကြောင့် ငါ့ကလေးကို ကြောက်အောင်လုပ်ရတာလဲ။ ဓလေ့ထုံးစံကို ပစ်ပယ်လို့ နတ်ဘုရားတွေဆီက စွန့်ပစ်ခံရတဲ့သူတွေကများ အကုန်လုံးကို မျိုးတုန်းအောင် ကွပ်မျက်ပစ်မှ...*ဟုတွေးတောကျိန်းဝါးလျက်။
အဆိုပါမြင်ကွင်း နှစ်ခုကြောင့် လွန်းခေါင်းများပင်မူးလာခဲ့သည်။*အစောကအကြောင်းအရာတွေက အိပ်မက်များလား? ဒါမှမဟုတ် ဒီခန္ဓာကိုယ်ရဲ့ မှတ်ဥာဏ်တွေများလား?*
လွန်းနိုးနိုးချင်းတွေ့လိုက်ရသည်က သမုဒ္ဒရာရေပြင်ကြီးကဲ့သို ကြည်လင်ရွှန်းလဲ့နေသော မျက်ဝန်းတစ်စုံ ။ ထိုမျက်ဝန်းပိုင်ရှင်ဖြစ်သူ ခန့်မှာ နှုတ်ခမ်းများကို အနည်းငယ် တွန့်ကွေးနေသယောင်ဖြင့်  လွန်းအား တစိမ့်စိမ့်ကြည့်နေလေသည်။ ထိုမျက်ဝန်းရဲ့ အဓိပ္ပါယ်က ချစ်ခြင်းများဖြင့်ပြည့်နက်နေသော အကြည့်လို့ပင် ဆို၍ရနိုင်လောက်သည်။ *မနက်မျက်လုံးပွင့်ပွင့်ချင်းမှာ ကိုယ့်ကို အမြတ်တနိုး တန်ဖိုးမဖြတ်နိုင်တဲ့အရာလို စောင့်ကြည့်နေပေးမဲ့ တစ်စုံတစ်ယောက်ရှိခြင်းက လုံခြုံနွေးထွေးမှုကို ခံစားရစေတယ်။ အမြဲတမ်းလည်း လိုချင်မိတယ်*
"ကိုကို....နိုးပြီလား?" ဟုဆိုသော ထိုလူ၏ ယောက်ျားပီသလှစွာ ချော့မြူ နေသကဲ့သို့ နူးညံ့ချိုသာလှသည့် အသံလေးကြားလိုက်ရမှသာ လွန်း၏ အတွေးများ လွင့်စင်သွားရတော့သည်။
လွန်း-"ခန့်မင်း.....မင်း..ငါ့ကို ဘာလို့ချစ်တာလဲ။.. ငါကယောက်ျားလေးလေ...ပြီးတော့ မင်းလိုလူမျိုးက မိန်းကလေးတွေကိုပဲ ချစ်သင့်တာ......" စိတ်အားငယ်နေသောအသံဖြင့်.....။
ခန့်-"ခန့်ပြောပြမယ်..ကိုကို....ကျွန်တော်ကလေ ယောက်ျားတွေကိုလည်းမကြိုက်ဘူး.....မိန်းမတွေကိုလည်းမကြိုက်ဘူး......လှလိုက်တာလို့ တွေးမိတာလည်း ကိုကိုတစ်ယောက်တည်းကိုပဲ။ ကိုကိုကသာ ကျွန်တော့်အတွက် ထူးခြားနေတာမျိုးပါ။ အာ့ကြောင့် ကျွန်တော့်ကို တခြားသူတွေကို မချစ်ခိုင်းပါနဲ့နော်။"