အပိုင်း(၂၁)

622 104 29
                                    

"ဟျွန်းနီက လှလိုက်တာ။ နတ်သမီးလေးနဲ့တူတယ်"

"အမလေး သူ့ဟျွန်းနီကိုချွဲနေတာ"

ဆူးလ်ဂီနဲ့အတူအောက်ထပ်သို့ဆင်းလာတဲ့ဂျူဟျွန်းကို ချယ်ယောင်းလေးကဘယ်ညာပတ်ကြည့်ရင်းသဘောကျနေသည်။

"လိုက်ပို့ပေးရမလား"

"ရတယ်။ မင်ဟိုပါတယ်"

ဂျူဟျွန်းက ချယ်ယောင်းလေးပါးကိုနမ်းရှိုက်ရင်း အစ်မဂျိန်းကိုပြန်ဖြေသည်။

"ဟျွန်းနီပြန်လာရင် နှင်းဆီနီတွေ၀ယ်ခဲ့ပေးမယ်"

"ရေး...ဟျွန်းနီကိုအချစ်ဆုံးပဲ"

"ဟော...အစောကပဲတီဂျိန်းကိုအချစ်ဆုံးဆို"

"ဟုတ်တယ်။ ဒါပေမဲ့ ဟျွန်းနီကိုကမ္ဘာကြီးလောက်ပိုချစ်တာ"

"ဘယ်ဂျူဟျွန်းသမီးလို့မပြောရဘူး။ သိပ်ကိုစကားတတ်တာပဲ"

"ဆူးကလည်း ဂျိန်းကိုကမ္ဘာကြီးလောက်ပိုချစ်တာ"

"ကလေးစကားနဲ့ လာမချုပ်နဲ့ ကင်မ်ဂျီဆူး"

ခါးကိုဖက်တွယ်ရင်းပြောတဲ့အစ်မဂျီဆူးရဲ့လက်တွေကို ဖြုတ်ချရင်းဧည့်ခန်းထဲသို့၀င်သွားတဲ့ အစ်မဂျိန်းကစိတ်ဆိုးသွားသည်ဆိုတာသေချာသည်။

"တီဆူးက ဘာလို့ယောင်းပြောတဲ့အတိုင်းပြောတာလဲ။ ဟိုမှာ တီဂျိန်းစိတ်ဆိုးသွားပြီ သွားချော့တော့"

"မနေ့ညကတည်းက ကောက်နေတာယောင်းရဲ့တီဂျိန်းက"

"ဘာပဲဖြစ်ဖြစ် တီဆူးကချော့ရမှာပဲလေ"

"ဟုတ်ပါပြီရှင်။ သွားပြီ ဂျူဟျွန်းရေ"

စကားမဆုံးခင် လူကဧည့်ခန်းထဲသို့ရောက်သွားပြီဖြစ်သော ဂျီဆူးကို ဂျူဟျွန်းကတော့ခေါင်းတရမ်းရမ်းဖြင့်သာ ပြုံးကြည့်နေသည်။ ထို့နောက် ချယ်ယောင်းလေးနဲ့ရွယ်တူဖြစ်အောင် ဒူးထောက်လိုက်သည်။

"ဒီနေ့ပွဲက လူတွေအရမ်းများလို့ယောင်းငယ်လေးကို မခေါ်တာ။ အိမ်မှာပဲ ဆမ်နဲ့နေနော်"

"ဟုတ်ကဲ့။ ဆမ်ပြောတာ ဟျွန်းနီကိုတီဗွီမှာကြည့်လို့ရတယ်တဲ့။ ယောင်း ဟျွန်းနီပေါ်လာတဲ့အထိစောင့်ကြည့်နေမှာ"

Bring My Soul To The UniverseWhere stories live. Discover now