အပိုင်း(၁၄)

574 97 11
                                    

"ဆူးလ်ဂီ ဆူးလ်ဂီ..."

"ဒီမှာကိုကို"

အိမ်ရှေ့တွင်အ၀တ်လှန်းနေသည့်ဆူးလ်ဂီနာမည်ကို အိမ်ထဲကနေအော်ခေါ်ကာအနားသို့အ‌မောတကြီး ရောက်လာသည်။ ဘေးဘီကိုမျက်စိဝှေ့ကြည့်ပြီးနောက် ဆူးလ်ဂီကိုခပ်တိုးတိုးပြောသည်။

"နင့်မဒမ်ကလေ"

ကိုကိုရဲ့အသုံးနှုန်းကြောင့် အ၀တ်ဆက်မလှန်းနိုင်တော့ပါ။ လက်ထဲမှအ၀တ်ကိုကြိုးတန်းပေါ်သို့ဒီတိုင်းတင်လိုက်သည်။

"ဘာဖြစ်လို့လဲ"

"တကယ်အကောင်ကြီးကြီးထဲကထင်တယ်"

"ဟင်"

ဝိုင်းစက်သွားတဲ့မျက်၀န်းတွေနဲ့အတူ ကြောင်အမ်းအမ်းဖြစ်သွားသည့် ဆူးလ်ဂီကို ကိုကိုသေချာရှင်းပြမှဖြစ်တော့မည်။

"ကိုကိုပြောချင်တာက တော်တော်လေးအာဏာရှိတယ်ဆိုလိုချင်တာ"

ဆူးလ်ဂီ နီးရာကွပ်ပျစ်ပေါ်သို့ ကိုကို့လက်ကိုဆွဲကာထိုင်လိုက်သည်။

"ဘာလိုသိတာလဲ ကိုကိုက"

"ဒီမှာအထက်တန်းကျောင်းဆောက်မဲ့ကိစ္စလေ"

"အဲ့ကိစ္စညီမလေးလည်းသိတယ်လေ"

ဆိုလိုရင်းကိုမရောက်။ တစ်လုံချင်းပြောနေသော
ဂန်ယောင်းဂီကို ဆူးလ်ဂီစိတ်မရှည်တော့ပါ။ အသက်၅နှစ်သာမကြီးရင် ဖြတ်ခနဲရိုက်ပစ်နေလောက်ပြီ။

"ပုံမှန်ဆို ကျောင်းတစ်ကျောင်းဆောက်လုပ်ခွင့်ကျဖို့ဆိုတာတစ်နှစ်လောက်ကြာတယ်။ သင်ကြားပေးမဲ့ဆရာတွေချပေးတာစောင့်ဦးနဲ့ဆို အနည်းဆုံးတစ်နှစ်ခွဲပဲ။ အခုကလေ.."

ပြောနေရင်းရပ်သွားသော ကိုကို ကိုဆူးလ်ဂီသည်းခံနိုင်စိတ်ကုန်ဆုံးသွားသည်။

"ဆက်ပြောလေ ကိုကိုရာ"

"အခု ကျောင်းဆောက်ဖို့ခွင့်ပြုချက်ကျလာပြီ။ ပြီးတော့ တာ၀န်ကျမဲ့ဆရာတွေရဲ့စာရင်းပါကျလာတာတဲ့။ အခုပဲရှေ့နေဂိုဆီကနေဖုန်းရလာတယ်"

"ဘုရားရေ..."

မနေ့ညနေလောက်က ဂျူဟျွန်းတစ်စုံတစ်ဦးထံဖုန်းဆက်နေသည်ကိုတော့ ဆူးလ်ဂီတွေ့မိသည်။ ‌တစ်ရက်တည်းနဲ့ခွင့်ပြုမိန့်ကျလာမယ်လို့တော့ ဆူးလ်ဂီလည်းမထင်မိတာအမှန်။

Bring My Soul To The UniverseWhere stories live. Discover now