အပိုင်း(၂၀)

715 106 30
                                    

"ဂျူဟျွန်း လက်ခံလားညီမလေး"

စိတ်အားထက်သန်စွာမေးနေတဲ့ကိုကိုမျက်နှာကို
ဆွန်း၀မ်မကြည့်ရဲ။အခုဆို သမီးစိတ်ကြောင့်နဲ့ ဝှီးချဲမှာပဲထိုင်နေရတဲ့ကိုကိုကတုတ်ကောက်နဲ့အားယူပြီး ကိုယ်တိုင်လမ်းလျှောက်နိုင်နေပြီ။

"ပြန်ရအောင် ကိုကို"

"ဘာတွေပြောနေတာလဲ ညီမလေး။သမီးလေးနဲ့တွေ့လို့ရတယ်မလား။ကိုကိုမေးတာဖြေစမ်းပါ"

"ဘယ်လိုစိတ်နဲ့ ကလေးကိုတွေ့မှာလဲ"

ကိုကိုကချက်ချင်းမျက်နှာလွဲသွားသည်။ကျူးလွန်ခဲ့တဲ့အပြစ်တွေက နည်းမှမနည်းဘဲကိုကိုရယ်။

"ညီမလေးမေးတာဖြေပါဦး။ ချယ်ယောင်းလေးကိုစောင့်ရှောက်နိုင်မယ်လို့ ကိုကိုယုံကြည်ချက်ရှိရဲ့လား"

"ဘယ်လိုပဲဖြစ်ဖြစ် သမီးလေးကကိုကိုတို့ရဲ့သွေးသား"

"သွေးသားပဲတော်စပ်တာကိုကိုရဲ့။ ဘယ် ကသူ့ဘ၀ကိုရင်းပြီး ပြုစုပျိုးထောင်ထားတဲ့ကလေးပါ"

"ဘာပဲဖြစ်ဖြစ် သမီးကိုတော့ရအောင်ပြန်ခေါ်ရမှာပဲ။ အဲ့ဒီ့မိန်းမလက်ထဲမှာ သမီးကိုမထားနိုင်ဘူး။ ဘယ်လိုနည်းပဲသုံးရသုံးရ လုံး၀အရှုံးမပေးနိုင်ဘူး"

အတ္တတွေ။ ပူလောင်လိုက်တာ။ အပြစ်မရှိတဲ့ကလေးငယ်က မြေဇာပင်ဖြစ်ရတော့မယ်။

"ထပ်ပြီး ဘယ့်ကိုသတ်ခိုင်းဦးမလို့လား"

စိုးနင့်ကြေကွဲသံနဲ့ ဆွန်း၀မ်ပြောတော့ ကိုကို့မျက်နှာမှာအံ့ဩမှုအပြည့်။ ဆွန်း၀မ်သိနေသည်ကို ကိုကိုမသိခဲ့ဘူးထင်။ အပြစ်တွေကိုတစ်သက်လုံး ဖုံးကွယ်လို့ရနိုင်ပါ့မလား။ ကိုကိုနဲ့ဖေဖေတိုင်ပင်နေသည်ကိုကြားပြီး ဘယ့်ရဲ့ကားနောက်ကိုအမြန်လိုက်သွားခဲ့လို့သာ။
မီးစွဲလောင်တော့မဲ့ကားထဲကနေ ဘယ့်ကိုအချိန်မီကယ်ထုတ်နိုင်ခဲ့လိုသာ။ မဟုတ်ရင် ဘယ့်ကိုထာ၀ရဆုံးရှုံးလိုက်ရတော့မှာ။

"ညီ... ညီမလေး"

"သိတယ်...။ ဘယ်ယာဉ်တိုက်မှုဖြစ်ခဲ့တာ ကိုကိုနဲ့ဖေဖေလုပ်ခိုင်းခဲ့တယ်ဆိုတာ သိတယ်။ အဲ့အချိန်ညီမလေးသာ အချိန်မီမရောက်ခဲ့ရင် ဘယ့်ကိုဆုံးရှုံးလိုက်ရမှာ။တော်သင့်ပြီ ကိုကိုရယ်"

Bring My Soul To The UniverseWhere stories live. Discover now