အပိုင်း(၁၃)

522 98 17
                                    

ခြေသံမျှပင်မကြားရတဲ့အထိတိတ်ဆိတ်‌လှသောအိမ်တော်ကြီး။ လိုအပ်သည်မှသာခေါ်ခိုင်းသောကြောင့် အိမ်စေများသည် အမြဲတစေအိမ်တော်အတွင်းသို့နေခွင့်မရ။ အပေါ်ထပ်စာကြည့်ခန်းသို့ ဦးတည်လိုက်သောအခါ စာရွက်လှန်သံတဖျပ်ဖျပ်သာကြားရသည်။ အသံမထွက်အောင်သတိထား၍ တံခါးကိုအသာတွန်းဖွင့်လိုက်တော့ လချုပ်စာရင်းများနှင့်အလုပ်ရှုပ်နေသော "ဘယ်"ကိုတွေ့သည်။ မနက်ဆွန်း၀မ်ကုမ္ပဏီသို့သွားသည့်အချိန်ကတည်းက ညနေစောင်းအထိ အလုပ်လုပ်လုပ်နေခြင်းဖြစ်သည်။ တစ်နေလုံးဘာမှမစားသေးဘူးဆိုသော ယွန်းဟီစကားကြောင့် သက်ပြင်းသာချမိသည်။ ကလေးငယ်တစ်ယောက်လိုခြောက်လန့်၍အတင်းအဓ္မခိုင်းစေလို့လည်းမရ။
ဒီကမ္ဘာမှာဖြင့် ဘယ်ဂျူဟျွန်းကိုနိုင်တဲ့သူတော့မရှိသေးပါလား ဟူ၍သာတွေးမိတော့သည်။

ဖခင်အကူအညီမပါဘဲ လုပ်ငန်းပေါင်းများစွာကိုဦးစီးနိုင်တဲ့ ဘယ်က လေးစားအတုယူလောက်သည့်သူ။ သို့ပေမဲ့လည်း ဘယ့်အနားမှာဝိုင်းဝိုင်းလည်နေသည့် ယောကျာ်းထုကြောင့် ရင်မောမိတာအမှန်ပါ။

"ဘယ် ! ! !"

ရုတ်တရက် ဘောပင်ကိုစားပွဲပေါ်သို့ ဆတ်ခနဲချလိုက်ပြီး ခေါင်းကိုလက်ဖြင့်ဖိလိုက်သော 'ဘယ်"ကြောင့် ဆွန်း၀မ်စိုးရိမ်စိတ်ကြီးသွားသည်။အသက်ရှုမြန်နေပြီး ဝေဒနာကိုအံတုနေတဲ့ ဘယ့်ကိုမကြည့်ရက်။
ဘယ့်ဝေဒနာတွေကို ဆွန်း၀မ်လက်လွဲယူလို့ရရင်သိပ်ကောင်းမည်။ ခုံပေါ်မှာအသင့်ရှိနေတဲ့ ဆေးဘူးထဲမှာဆေးတချို့ယူလိုက်ပြီး ရေမကူဘဲမျိုချလိုက်သော ဘယ့်ကိုကြည့်ကာ နှလုံးသားတစ်ခုလုံးလောင်မြိုက်ရသည်။

"ခွဲစိတ်လိုက်ရအောင် အချစ်ရယ်။
၀မ်မကြည့်ရက်တော့ဘူးကွယ်"

မျက်ရည်ရစ်ဝိုင်းနေတဲ့ဆွန်း၀မ်ကို "ဘယ်"ကတော့ ခပ်ယဲ့ယဲ့သာပြုံးပြသည်။ ဘယ်အချိန်ကမှဆွန်း၀မ်စကားကိုနားမထောင်ခဲ့တဲ့ "ဘယ်"ကမုန်းချင်စရာ။ ခေါင်းမာလွန်းတဲ့ "ဘယ်"က မုန်းချင်စရာ။ "အချစ်ဆိုတာ ဘာမှန်းသေချာမသိပါဘူး၀မ်ရယ်"လို့ ရယ်ရယ်မောမောပြောခဲ့တဲ့ ဘယ်ကလည်းသိပ်ကိုစိတ်နာဖို့ကောင်းတဲ့မိန်းမတစ်ယောက်ပါ။ ထို့အတူ ဒီမိန်းမကိုမှ အသက်ထပ်တူချစ်မြတ်နိုးမိတဲ့ဆွန်း၀မ်ကသာ ပို၍မုန်းဖို့ကောင်းသည်။

Bring My Soul To The UniverseWhere stories live. Discover now