အပိုင်း(၈)

605 108 9
                                    

နံနက်ရောင်ခြည်ထွက်လာပြီဖြစ်သော်ငြား ကုတင်ထက်ကအမျိုးသမီးကတော့ ‌နှစ်ခြိုက်စွာအိပ်ပျော်နေသေးသည်။
ဆူးလ်ဂီ မဒမ်ရဲ့ပါးပြင်အပေါ်လက်ဖြင့် မဝံ့မရဲထိတွေ့မိသည်။ လှုပ်ရှားလာသည့်ခန္ဓာကိုယ်ကြောင့် ဆူးလ်ဂီလက်ကိုချက်ချင်းဖယ်လိုက်သည်။

"သတိရပြီလား မဒမ်"

"ဟင် ဆူးလ်ဂီ"

ထနိုင်မည်ပြုသည့်မဒမ်ကို ဆူးလ်ဂီကူညီလိုက်ပြီး သက်တောင့်သက်သာဖြစ်စေရန် ကျောနောက်တွင်ခေါင်းအုံးထားပေးလိုက်သည်။

"မဒမ်ခေါင်းကိုက်နေသေးလား"

ဆူးလ်ဂီယူပေးသည့် ရေကိုသောက်ရင်း မဒမ်ခေါင်းရမ်းသည်။

"တော်ပါသေးရဲ့"

"မင်းကတို့ကိုစိုးရိမ်နေတာလား"

တိုးတိုးလေးပြောလိုက်သည်ကို ကြားသွားသောမဒမ်ကြောင့် ဆူးလ်ဂီမျက်လုံးအိမ်တို့ကျယ်သွားသည်။
မဒမ်ကသိပ်ကိုနားပါးတာပဲ။

"ဟုတ်တယ်။ မဒမ်သာတစ်ခုခုဖြစ်သွားရင် ပန်းကလေးတွေစိတ်မကောင်းဖြစ်မှာပေါ့"

ပြုံးသည်။
ဖြူဖျော့တဲ့မျက်နှာမှာဖြစ်ပေါ်နေတဲ့ အပြုံးဖြစ်သော်လည်း လှသည်။ မဒမ်မလို့သာ လှနိုင်တာပါလို့လည်းတွေးမိသည်။

"ယောင်းလေးရော"

"ယွန်းဟီနဲ့အတူ မနက်စာစားနေတယ်။
စိတ်မပူပါနဲ့မဒမ်။ ယောင်းလေးနားလည်အောင်ပြောပြထားပါတယ်"

မဒမ်ဟာထိုအခါမှသက်ပြင်းဖွဖွချသည်။

"ကျေးဇူးတင်ပါတယ်။ တို့အတွက်နဲ့ ဆူးလ်ဂီကိုအလုပ်ရှုပ်စေမိပြီ"

"ကျွန်မကိုတကယ်ကျေးဇူးတင်ရင်
အဲ့လိုမတွေးပါနဲ့လား"

"ဟုတ်ပါပြီ"

"ဟျွန်းနီ..."

အခန်းထဲသို့၀င်လာသည့်ချယ်ယောင်းလေးက မဒမ်ကိုမြင်တော့ပြေးကာ ရင်ခွင်ထဲတိုး၀င်သည်။

"လာပါဦး။ ဟျွန်းနီးရဲ့အသက်လေးရဲ့"

"ဟျွန်းနီနေကောင်းသွားပြီလားဟင်။ မနေ့ကလိုထပ်မဖြစ်တော့ဘူးမလား"

Bring My Soul To The UniverseWhere stories live. Discover now