အပိုင်း(၇)

624 102 17
                                    

"ဘယ်"

သူမတစ်ယောက်တည်းသာခေါ်သည့်နာမ်စား။
ပင်လယ်နက်ထဲခုန်လုဆဲဆဲ တားခဲ့တဲ့လက်တစ်စုံ။
ကူရာမဲ့ဘ၀မှာပထမဆုံးအကြိမ်ဖက်တွယ်မိခဲ့တဲ့ လူသား
ဘ၀ကယ်တင်ရှင်မလို့ မေတ္တာပိုမိတာလား။ အမှန်တကယ်ချစ်ခဲ့မိလားမသိခဲ့ပါ။ သူမကတော့ကိုယ့်အပေါ် ချစ်ခြင်းမေတ္တာတွေကိုပေါပေါသီသီပေးခဲ့သည်။
အင်း....
သူခေါ်တဲ့ "ဘယ်"ဆိုတဲ့အမည်နာမအောက်မှာ
ဘ၀တစ်ခုလုံးပုံအပ်ခဲ့ဖူးတာပဲ။
ချစ်ခဲ့မိတယ်ထင်ရဲ့လေ။

"စန္ဒယားတီးပါဦး ဘယ်ရဲ့။ အခုတလော စန္ဒယားသံတွေ မကြားရတာ ဘယ်လာက်ကြာခဲ့ပြီလဲ။

အေးတိအေးစက်မျက်နှာ။ စန္ဒယားမတီးဘဲ လက်ချောင်းတွေနဲ့အသာထိတွေ့နေတဲ့ အမျိုးသမီး။ သံစဉ်တွေပျောက်ဆုံးနေတာကြာပြီ။ ဟန်ဆောင်တတ်ခြင်းမရှိတော့ ခက်သည်။ သူ့စိတ်ရှိတိုင်းသာနေတတ်သည့် မိန်းမကိုမငြီးငြူဘဲ အနားမှာရှိနေပေးသည့် "သူ" ကိုတစ်ခါတစ်ရံတော့ အားနာစိတ်၀င်မိသည်။ တစ်ခါတစ်လေတော့လည်း "ဘယ်ဟာ သိပ်ခက်တဲ့မိန်းမ"ပဲလို့ စိတ်ဆိုးတကြီး သူပြောတတ်သည်။ ဘယ်လိုပဲဆိုဆို နောက်ဆုံးတော့လည်း
ဘယ်ဂျူဟျွန်းဆိုသည့်မိန်းမအနားပြန်ရောက်လာရသည်။

"ဒီမှာ ဘယ် သိပ်သဘောကျတဲ့ ကျူးလစ်ဝါတွေ"

အမြဲဂျူဟျွန်းကို တောက်ပတဲ့မျက်၀န်းတွေနဲ့သာကြည့်တတ်သည်။ သေမင်းတံခါး၀ကနေလက်ဆွဲခေါ်လာတဲ့ သူမကိုကျေးဇူးတင်ရမလား။ အပြစ်တင်ရမလား။သူ့ ကြောင့်မသောက်ဖြစ်ခဲ့တဲ့ အဆိပ်ပုလင်းက
သတ္တိမရှိပါဘူးဆိုပြီးဂျူဟျွန်းကိုလှောင်ရယ်နေမလား။

"စိတ်ညစ်စရာတွေရှိလို့လား။
ဘယ် မျက်နှာကမလန်းလိုက်တာ"

အဲ့သလို ဘယ်ဂျူဟျွန်းရဲ့မျက်နှာအရိပ်အခြည်ကအစဂရုစိုက်တတ်သူကိုမှ သည်းခံနိုင်စွမ်းကုန်အောင်လုပ်တတ်သည်။တစ်ခါတစ်ရံတော့ ဘယ်ဂျူဟျွန်းဆိုသည့်မိန်းမဟာ သူ့ရင်ခွင်ထဲမျက်ရည်တွေနဲ့တိုး၀င်ကာ "ဘယ့်ကိုထားမသွားပါနဲ့"လို့ တိုးလျလျစကားဆိုတတ်ပြန်သည်။ ထိုအခါ "ဘယ်ကအတ္တကြီးတာပဲ"ဆိုသည့်စကားကို အပြုံးမပျက်သူပြောသည်။

Bring My Soul To The UniverseWhere stories live. Discover now