အပိုင်း(၂)

756 116 22
                                    

ကြီးမားထည်ဝါလှသောနှစ်ထပ်တိုက်ရှေ့တွင် အနက်ရောင် Oldsmobile Cutlass ကားတစ်စီးရပ်တန့်သွားသည်။ အသင့်စောင့်ဆိုင်းနေသောတံခါးစောင့်မှ အနောက်တံခါးကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။ ထိုအခါ ဖြူဖွေးလှသောခြေဖဝါးနဲ့ပနံသင့်စွာ ပန်းနုရောင်ဒေါက်ဖိနပ်တစ်ရံက မြင်ကွင်းရှေ့ပေါ်လာသည်။

"ရေးးး ဟျွန်းနီပြန်လာပြီ"

၆နှစ်အရွယ်ကလေးတစ်ယောက်ရဲ့ ပျော်ရွှင်နေသံဟာ အိမ်တော်တစ်ခုလုံးကိုလွှမ်းခြုံသွားသည်။ ထိုကလေးဟာ အိမ်တော်ရဲ့ဆည်းလည်းသံ။ သူမရဲ့ရှိရာသို့ ပြေးလာတဲ့ကလေးကို ဒူးညွှတ်ကာပွေ့ဖက်လိုက်သည့် ချောမောလှပတဲ့အမျိုးသမီးတစ်ဦး။ ဥပဓိရုပ်မှာတည်ကြည်၍ လူတိုင်းအပေါ် စူးရှလှသည့်အကြည့်နဲ့ပင် သူမရဲ့အမိန့်အာဏာကိုလွန်ဆန်နိုင်စွမ်းမရှိအောင် စွမ်းဆောင်နိုင်သည်။ ထိုအမျိူးသမီးဟာဒူးညွှတ်လျက်ပင် ကလေးငယ်ရဲ့ပါးနှစ်ဖက်ကိုမွှေးကြူးနေသည်။ ထို့နောက် စွေ့ခနဲပွေ့ချီကာမတ်တပ်ရပ်လိုက်သည်။

"နှင်းဆီပန်းလေးက ဟျွန်းနီကိုလွမ်းနေတာလား"

"လွမ်းတာပေါ့။ ဟျွန်းနီကသုံးနာရီတောင် ယောင်းကိုထားသွားခဲ့ဝာာလေ"

လက်ချောင်းသေးသေးလေးသုံးချောင်းကိုထောင်ပြီး နှုတ်ခမ်းဆူကာပြောနေသောကလေးငယ်ကြောင့် သိမ်မွေ့နူးညံ့တဲ့အမျိုးသမီးငယ်ရဲ့ရယ်သံလွင့်လွင့်တို့ ထွက်ပေါ်လာသည်။

"ဟျွန်းနီ တောင်းပန်ပါတယ်ကွယ်။ အရေးကြီးတဲ့အလုပ်ကိစ္စရှိလို့ ‌ယောင်းငယ်လေးကိုထားခဲ့ရတာပါ"

"ယောင်းနားလည်ပါတယ်"

အရွယ်နဲ့မလိုက်သိတတ်ပြီး လူချစ်တတ်အောင်စကားကိုပြောတတ်သော ချယ်ယောင်းဆိုသောကလေးငယ်ကို အိမ်တော်တစ်ခုမှသဲသဲလှုပ်ချစ်ကြသည်။

"အဲ့တာကြောင့် ဟျွန်းနီကယောင်းငယ်အတွက် လက်ဆောင်၀ယ်လာတာပေါ့"

ပွေ့ချီထားလျက်ပင် ကားဒရိုင်ဘာလက်ထဲမှ
လှပသေသပ်စွာစည်းနှောင်ထားသောပန်းစည်းကိုလက်လွဲယူလိုက်ပြီး ကလေးငယ်ကိုပေးနေသည့်မြင်ကွင်းက အနားရှိအိမ်စေများကို ပြုံးရိပ်သန်းစေသည်။ မမလေးကတစ်ခြားသောသူများထက်ပင် ချယ်ယောင်လေးကိုပို၍ချစ်သည်။ တစ်ချက်ကလေးတောင် မျက်နှာအညှိုးမခံစေဘဲ အရာအားလုံးကိုဖြည့်ဆည်းပေးသည်။

Bring My Soul To The UniverseWhere stories live. Discover now