အပိုင်း(၄)

593 120 19
                                    

"ဆူးလ်ဂီတော့ ကံဇာတာတွေတက်နေတာပဲ။
မနာလိုချင်စရာကောင်းလိုက်တာ။ဒီမြေပေါ်မှာနေ ဒီရေသောက်တဲ့သူချင်းတောင် ကံကကွာပါ့။
ဂန်ဆူးလ်ဂီလိုကံတက်အောင် ဘူတာရုံကပန်းဆိုင်မှာ ပန်းသွား၀ယ်ရမယ်ထင်ပါတယ်"

ဆူယောင်းရဲ့ဆူးလ်ဂီကိုမနာလိုဖြစ်ဟန်မျက်နှာနဲ့
စနောက်နေတဲ့အသံ။ ဆူးလ်ဂီကတော့ စက်ဘီးကလေးကိုတွန်းရင်း ခပ်ပြုံးပြုံးသာနားထောင်နေသည်။ အဆောင်သို့ပြန်သည့်လမ်းတွင် ဆူးလ်ဂီနှင့်ဆူယောင်းသာရှိသည်။ ဈေးထဲတွင်ဆောဟီ၀ယ်စရာရှိသည်ဆိုသောကြောင့် ဂျောင်ယွန်းကအဖော်လိုက်သွားပေးသည်။

"သူကတကယ်ပဲ နင်ပန်းဆိုင်မှာတွေ့ခဲ့တဲ့အမျိုးသမီးလား"

"တကယ်ဆို ဆူယောင်းရဲ့။ ငါမမှတ်မိပဲနေစရာလား"

ဒါနဲ့ဆို ဆူယောင်းမေးသည်မှာသုံးကြိမ်ရှိပြီ။
မြို့တော်၀န်သမီးက ဆူးလ်ဂီနဲ့ဆုံခဲ့သည့် အမျိုးသမီးဖြစ်နေသည်ကို ဆူယောင်းကမယုံနိုင်။

"သူက တကယ်လှရက်တာနော်။ မိန်းမချင်းတောင်ငေးကြည့်ရတဲ့အလှဆိုတော့ ယောကျာ်းသားတွေဆို
အို... တွေးကြည့်စရာတောင်မလိုဘူး အရူးအမူးဖြစ်နေကြမှာပဲ"

"အင်း... သူ့ရဲ့ ရှေးဘ၀ကုသိုလ်ကံတွေကြောင့်ပေါ့"

"ဒါနဲ့ ဂန်ဆူးလ်ဂီ"

"ဘာလဲ"

ရုတ်တရက် လမ်းလျှောက်နေသည်ကို ရပ်လိုက်ပြီး
မျက်နှာကိုတည့်တည့်ကြည့်လာတဲ့ ဆူယောင်းကြောင့်
ဆူးလ်ဂီမှာအထိတ်တလန့်။

"နင် ဒီစက်ဘီးကိုမစီးဘူးလား။ ငါညောင်းနေပြီး စီးပြီးပြန်ရအောင်လေ"

"မစီးပါဘူး။ ရောက်ခါနီးပြီ လမ်းပဲဆက်လျှောက်"

"တကယ်ပဲ အလကားရတဲ့စက်ဘီးကိုနှမြောနေသေးတယ်"

"အလကားရလာတာဆိုပေမဲ့ ငါ့အတွက်တန်ဖိုးကြီးတယ်။ ဘယ်သူ့မှပေးမစီးနိုင်ပါဘူး"

"အဆောင်ရောက်ရင် နင့်စက်ဘီးထားဖို့ အခန်းထဲမှာစင်တစ်ခုလုပ်ပေးမယ်"

"တကယ်လုပ်ပေးမှာလား ဆူယောင်း"

"ရွဲ့တာဟဲ့ ရွဲ့တာ။ ငါ့နှယ့်ဘယ်လိုငတုံးနဲ့များသူငယ်ချင်းလာဖြစ်ရလည်းမသိဘူး"

Bring My Soul To The UniverseWhere stories live. Discover now