အပိုင်း(၁၆)

536 102 22
                                    

အိမ်မက်တွေလား။ စိတ်ကူးယဉ်မှုတွေလား။ ရင်ခွင်ထဲမှာမှေးစက်နေတဲ့ဂျူဟျွန်းကို ဆူးလ်ဂီတကယ်ပဲပိုင်ဆိုင်ခဲ့တာလား။ အို...ထင်ယောင်ထင်မှားဆိုစေဦးတော့။ အခုဂျူဟျွန်းကဆူးလ်ဂီပျိုးထားတဲ့ပန်းခင်းထဲရောက်နေပြီပဲ။ ဆူးလ်ဂီအချစ်တွေနဲ့ဂျူဟျွန်းထွက်မပြေးနိုင်အောင်ထားရတော့မှာပဲ။ တစ်နေ့တော့ ဂျူဟျွန်းပါးစပ်ဖျားကနေ "ချစ်တယ်"ဆိုတဲ့စကားကိုကြားရနိုင်မှာပါ။

"နိုးပြီလား ဂျူဟျွန်း"

ယုန်‌အကောင်ပေါက်လေးကို အမြဲထွေးပွေ့ထားချင်စရာ။ မျက်လုံမဖွင်သေးဘဲခေါင်းငြိမ့်နေသည့် ဂျူဟျွန်းက ဘယ်သောအခါမှနောင်တရမှာမဟုတ်ဘဲ ကျူးလွန်ခဲ့တဲ့အမှားတစ်ခုပဲ။ မက်မက်မောမော ခုန်ဆင်းခဲ့တဲ့ပင်လယ်ပဲ။ လှိုင်းထန်စေဦးတော့ ချစ်မေတ္တာတွေရှိတာပဲ။ ဆူးလ်ဂီအနားမှာ ဂျူဟျွန်းရှိတာပဲ။ ဖြေဆည်လို့ရပါတယ်။

မှန်တင်ခုံရှေ့မှာထိုင်နေတဲ့ ဂျူဟျွန်းရဲ့ဆံနွယ်တွေကို
ဆူးလ်ဂီတယုတယဖြီးပေးနေတာ။ နူးညံ့ပျော့ပျောင်းလှတဲ့ဆံ‌နွယ်တွေကရှုန်းထွက်မရတဲ့နှောင်ကြိုးတွေဆို ဂျူဟျွန်းရဲ့အ၀ါရောင်အပြုံးတွေကနိဗ္ဗာန်ဘုံ။
ဆူးလ်ဂီလုပ်ရက်ဟာ မိုက်ရူးရဲတယ်ဆိုစေဦးတော့။ ဘာကိုမှဂရုမစိုက်နိုင်ပါ။
ဂျူဟျွန်းအတွက်သာဆို အသက်တောင်ပေးရဲသည်အထိ နက်နက်ရှိုင်းရှိုင်းချစ်မြတ်နိုးမိတာပါ။

"ခဏအဆောင်ကိုပြန်ရမယ်"

"တို့လိုက်ပို့ပေးမယ်"

"ရပါတယ်။နီးနီးလေးပဲဟာ။ ဆူယောင်းတို့နဲ့တွေ့ပြီး အ၀တ်အစားတချို့ယူပြီးရင် ပြန်လာမှာ"

"တို့ကမင်းဆီကနေ ဟုတ်ကဲ့ ဆိုတဲ့စကားပဲကြားချင်တာဆူးလ်"

ဆူးလ်...ဆူးလ်တဲ့။
အို... ရင်ထဲတသိမ့်သိမ့်ပဲ။ နှလုံးသားထဲကပန်းခင်းထဲ လိပ်ပြာတွေပျံဝဲကုန်လို့ အသက်ရှုရခက်နေပြီ။
ဂျူဟျွန်းခြေဖျားအောက်ကပန်းတစ်ပွင့်ပဲ။
အရာအားလုံးဂျူဟျွန်းအလိုကျပါ။

"ဟုတ်ကဲ့"

ကြည့်မှန်ကနေတစ်ဆင့်မြင်လိုက်ရတဲ့ ကျေနပ်အပြုံးတွေကသိပ်လှပါ့။ ဂျူဟျွန်းပန်ဆင်လို့သာပို၍လှနိုင်တာပါ။

Bring My Soul To The UniverseWhere stories live. Discover now