🍀Part-18🍀

31.5K 3.1K 121
                                    

စာလုံးပေါင်း ပြန်မစစ်ထားပါ။

(Unicode)

အိမ်ရှေ့ဧည့်ခန်းထဲတွင် ကိုပြည့်နှင့် အတူထိုင်ပြီး ကိုပြည့်ပြောလာမည့် အကြောင်းအရာများကို စိတ်ဝင်တစားနားထောင်နေမိသည်။

"ထူးထူးက လိပ်ကန်းတံတားပေါ်ကနေ ခုန်ချသွားတာ။တံတားပေါ်ကျန်ခဲ့တဲ့ ဖိနပ်တစ်ရံနဲ့ စာတစ်စောင်ကလွဲရင် အလောင်းကိုရှာမတွေ့ခဲ့ဘူးါ ထူးထူးခုန်ချတာတွေ့တဲ့သူရှိလို့သာ နောက်မို့ဆို အစ်ကိုမယုံဘူး "

"စာကဘာစာလဲ ကိုပြည့်"

"အင်း အစ်ကိုသိမ်းထားတယ်။ အညိုဖတ်ကြည့်ကြည့်ပေါ့"

ကိုပြည့်က သူ့အခန်းထဲဝင်သွားပြီး ခဏနေတော့ စာရွက်တစ်ရွက်ကို ကိုင်ပြီး ထွက်လာသည်။

"ရော့ အညို"

ကိုပြည့်ကမ်းပေးတဲ့ စာကိုလှမ်းယူလိုက်ပြီး စာလေးကို ဖြည်ကာဖတ်တော့ အညို့သူငယ်ချင်းရဲ့ လက်ရေးဝိုင်းဝိုင်းလေးတွေကို တွေ့ရသည်။

"အမေနဲ့ကိုကြီးကို သားတောင်းပန်ပါတယ်..
သားဒီလောကကြီးမှာ မနေချင်တော့ဘူး..
ကိုကြီး အမေ့ကို သားအစားစောင့်ရှောက်
ပေးပါနော်...အမေ့ကိုကော ကိုကြီးကိုကော
ချစ်တယ်"

စာက တိုတိုရှင်းရှင်းသာဖြစ်တာကြောင့် ဘာတွေကြောင့်များ ထူးထူးက ကိုယ့်ကိုယ်ကို suicideလုပ်သွားလဲဆိုတာ အညိုမခန့်မှန်းနိုင်တော့ပေ။

"အညို အိပ်တော့လေ။ထူးထူးအခန်းက ထူးထူးဆုံးသွားပြီးကတည်းက ဒီတိုင်းထားထားပြီး တစ်ပတ်တစ်ခါလောက် သန့်ရှင်းရေးလုပ်ထားတာမို့ လူနေလို့တော့ရပါတယ်"

"ဟုတ် ကိုပြည့်"

ကိုပြည့်က အညို့ကိုပြောပြီး အခန်းထဲဝင်သွားတာကြောင့် အညိုလဲ ထူးထူးအခန်းထဲကို ဝင်လိုက်၏။မနက်ကတည်းက ဝတ်လာတဲ့အဝတ်အစားတွေ ဖြစ်တာကြောင့် ချွေးနံ့တွေထွက်နေသဖြင့် Luggageထဲက ပေါ့ပေါ့ပါးပါး အဝတ်တစ်စုံကိုထုတ်လိုက်သည်။လဲဖို့ပုဆိုးအပိုမပါလာတာကြောင့် ဘေးက သစ်သားကြောင်အိမ်လေးကိုဖွင့်ကာ ထူးထူးပုဆိုးတစ်ထည်ယူပြီး လဲရန်တွေးလိုက်သည်။ထူးထူး၏ အဝတ်ကြောင်​အိမ်လေးထဲတွင် JJဘောင်းဘီတွေနဲ့ ကျောင်းစိမ်းပုဆိုးတွေကိုသာတွေ့တာကြောင်​့ ေကျာင်းစိမ်းပုဆိုးတစ်ထည်ကိုသာ ယူလိုက်သည်။

ညို...(Completed)Where stories live. Discover now