🍀Part-15🍀

31.9K 3.1K 389
                                    

(Unicode)

"ကိုကို ကေအောင်ပါ့မလားဟင်"

"အောင်ပါတယ် ကေကေကတော်ပြီးသားပဲဟာကို"

"ဒါပေမဲ့ ကေကရှမ်းတယ်လေ မတော်လို့..."

"ရှူး ကိုကို့ကို ယုံတယ်မလား"

"ကိုကို့ကို ယုံတာနဲ့ဘာဆိုင်လို့လဲ။ စာမေးပွဲက ကိုကိုဖြေတာမှမဟုတ်တာ ကေဖြေတာလေ"

"ကိုကိုပြောတာက ကိုယ်ပြောတာကို ယုံပြီး စိတ်မပူနဲ့လို့ ပြောတာ"

"ဟုတ်။ ကေစာမေးပွဲအောင်ရင် ကိုကို EXO Albumတွေ ဝယ်ပေးရမှာနော်"

"ဟုတ်ပါပြီဗျာ ကိုကိုဝယ်ပေးပါ့မယ်"

"အဲ့ဒါကြောင့် ကိုကို့ကို ချစ်တာ"

"ကိုကိုလဲ ကလေးလေးကို ချစ်တယ်"

စာမေးပွဲအတွက် စိတ်ပူနေပါတယ်ဆို ဘေးကနေ ချစ်ကြူနူး တစ်တီတူးနေသည့် နှစ်ယောက်ကို ငရုတ်စုံထဲ ထည့်ထောင်းချင်စိတ်တွေ တဖွားဖွားပေါ်လာသည်။ပြောပြန်ရင်လဲ သူတို့ မနာလိုလားဘာလားရှိဦးမည်...ကိုဇွဲနဲ့ သူတို့ရှေ့roခဲ့သမျှ အခု ဝဋ်လည်နေပြီဖြစ်သည်။ကိုဇွဲကပြန်လာလို့မရ
သဖြင့် ထိုအချစ်ငှက်နှစ်ကောင်ဘေးမှာ အညိုတစ်ယောက်ထဲသာ နားဒုက္ခခံနေရတော့၏။

Call me baby~~~~ call me baby~~
Call me baby~~~call me baby

"Hello ကိုဇွဲ"

"ညီ အောင်စာရင်းသိပြီလား"

"ဆရာကြီးဆီကိုတော့ ဖုန်းဆက်လာပြီ။ အဲ့ဒါ ဆရာကြီးပြောမှာကို စောင့်နေတာ"

"စိတ်မပူနဲ့နော် ကိုယ့်ညီကတော်ပြီးသားပဲဟာ။ တကယ်ဆို ကိုယ်က ဒီချိန် ညီဘေးမှာရှိနေသင့်တာ"

"ရပါတယ်ဗျာ။ ကိုဇွဲမှမအားတာကို Anniနေ့သာ ရောက်အောင်လာခဲ့"

"အင်းးးးးး အင်းပါ"

"နော်လို့"

"လာခဲ့ပါ့မယ်ဗျာ"

"ကိုဇွဲ ခနလေး ဆရာကြီးက ပြောတော့မယ်နဲ့တူတယ် ဖုန်းချလိုက်ရမလား ကိုင်ထားမလား"

"ကိုင်ထားမယ် ကိုယ်လဲဆရာကြီးပြောမှာကြားချင်လို့"

"ဟုတ် ဟုတ်"

ညို...(Completed)Where stories live. Discover now