🍀Part-11🍀

33.7K 3.3K 177
                                    

(Unicode)

မနက်ခင်းအချိန် ဖြစ်တာကြောင့် လမ်းမပေါ်တွင် ဆိုင်ကယ် တစ်စီးစနှစ်စီးစသာရှိသည်။ ၆လပိုင်းဆိုသော်လည်း မနက်စောစောဆိုလျှင် အညာလေက အေးသည်ဆိုသည့်အတိုင်း အညိုဆိုင်ကယ်နောက်က ထိုင်စီးရင်းကို ချမ်းလာသည်။ဒီနေ့ ကိုဇွဲတို့ ၁၀တန်း အောင်မြင်သည့်အထိမ်းအမှတ်အနေနဲ့ အညိုနဲ့ကေကေ့ကို စားချင်တာ အဝလိုက်ကျွေးမည်ဆိုပြီး ကျောင်းကနေ ခွင့်တိုင်၍ ခေါ်ယူလာခြင်းဖြစ်သည်။

ပထမဦးစွာ မြသလွန်ဘုရားသွားမည်​၊ ပြီးလျှင် ဘုရားအနီးက စားသောက်ဆိုင် တစ်ခုခုတွင် မနက်စာစားမည်။ မနက်စာစားပြီးမှ ကံကော်တစ်ထောင်တို့ဘက်တွေလျှောက်လည်မည်ဟု ၄ယောက်သားတိုင်ပင်ထားခြင်းဖြစ်သည်။

ကိုဇွဲနှင့် ဆိုင်ကယ်စီးတာ ပထမဆုံးမဟုတ်သော်လည်း အညို့မှာ ဆိုင်ကယ်စီးတိုင်း ကိုဇွဲခါးကို မဖက်ရဲသေးပေ။အခုလည်း ပုဆိုးနှင့်ဆိုင်ကယ်ကို ကားယားခွထားပြီး ဘေးပေါင်တစ်ဖက်တစ်ချက်ဆီပေါ်သို့ လက်ကို တင်ထားသည်။ ကိုဇွဲကတော့ ပြုတ်ကျမည်ဆိုး၍ သူ့ကို ဖက်ထားဖို့ အမြဲပြောသော်လည်း ကိုဇွဲမှအညို့လက်ကို ဆွဲယူပြီး မဖက်စေလျှင် အညိုကဘယ်တော့မှ ကိုဇွဲခါးကို စမဖက်ပါ။ ဒါကလည်း အညို့စိတ်ကို အညိုသိနေတဲ့အတွက် စပြီးဖက်ရမည်ကို စိတ်မလုံ၍ပင်။

"ညီကတော့ကွာ ကိုယ့်စကားကို နားကို မထောင်ဘူး။ ဆိုင်ကယ်စီးတိုင်း ကိုယ့်ကို ဖက်ပါလို့ပြောထားတာကို ညီပြုတ်ကျသွားရင် ကိုယ်ပဲရင်ကျိုးရမှာ"

ပြောရင်းဆိုရင်းပင် ကိုဇွဲက အညို့လက်ကို ဆွဲကာ သူ့ခါးပေါ်သလို့ ရစ်ပတ်ဖက်နွယ်စေသည်။ ကိုဇွဲက ရိုးရိုးသားသား ပြုမူပြောဆိုသော်လည်း အညိုက ကိုဇွဲဘာလုပ်လုပ်၊ ဘာပြောပြော ကျရှုံးဖို့ အဆင်သင့်ပင်ဖြစ်နေ၏။

ကိုယ်ချစ်တဲ့သူနဲ့ ဘုရားသွားကျောင်းတက်တူတူလုပ်ရတာလဲ ကြည်နူးမှုအတိပင်။တနေကုန်လျှောက်သွားစားနှင့် အချိန်တွေပင် ကုန်မှန်းမသိတော့ချေ။ညနေစောင်းတော့ ထပ်ပြီးလျှောက်မလည်နိုင်တော့သဖြင့် အိမ်သို့ပင်ပြန်လာခဲ့ကြတော့သည်။အကိုထက်မြတ်က ကေကေ့ကို ပြန်လိုက်ပို့ပြီး ကိုဇွဲနဲ့အညိုနဲ့ကအိမ်ချင်းကပ်ဆိုတော့ အတူတူပြန်လာဖြစ်ကြ၏။အိမ်သို့ရောက်ခါနီး ရပ်ကွက်ပန်းခြံသို့်အရောက် ကိုဇွဲက ဆိုင်ကယ်ကို ရပ်လိုက်သဖြင့်

ညို...(Completed)Where stories live. Discover now