🍀Part-17🍀

31.9K 3.2K 802
                                    

(Unicode)

အညို ဘေးက အသံတွေကြောင့် မျက်လုံးကို အားယူပြီး ဖွင့်ကြည့်လိုက်သည်။ မြင်လိုက်ရသည့် မျက်နှာကျက်အပြာရောင်ကြောင့် အိမ်ရောက်နေတာကို သတိရသွားသည်။ပြီးတော့ ခေါင်းထဲတရိပ်ရိပ်ပေါ်လာတဲ့ အဖြစ်အပျက်တွေ။

"ကို ကိုဇွဲ"

အညို့အသံကြောင့် အချင်းချင်းစကားပြောနေကြသော သူများက အညို့ဘက်ကိုလှည့်လာသည်။ဖေဖေရယ် မေမေရယ် ဦးငယ်ရယ်က ကုတင်ဘေးတွင် ရပ်နေကြသည်။ကိုဇွဲကတော့ အခန်းတံခါးနားကနေ အညို့ကိုကြည့်နေသည်။ကိုဇွဲအကြည့်တွေက အညို့ကိုနေရခက်စေသည်။ဘာလို့ အညို့ကိုရွံရှာသလို ကြည့်နေရတာလဲ။

"မြတ်ဦးညို ထစမ်း!!"

ပြောလဲပြော လက်မောင်းအရင်းကနေ ဆွဲကာထူလိုက်သော ဖေဖေ့ကြောင့် အားမရှိတဲ့ ခန္ဓာကိုယ်ဟာ ဆွေ့ကနဲပါသွား၏။

ခွပ်!!!ခွပ်!!

"ကိုမြတ်သူ ကလေးကို မလုပ်ပါနဲ့ စကားနဲ့အေးဆေးပြောပါဗျာ"

"ဒီကောင်က စကားနဲ့ပြောလို့ နားဝင်မဲ့ကောင်မဟုတ်ဘူး ငါကွာ တောက်!!!မင်းကို အသေကိုသတ်ပစ်ချင်တာ"

"အကိုရယ် စိတ်လျှော့ပါ။ အိမ်မှာ သူစိမ်းတွေလဲ ရှိနေတဲ့ဟာ အခုဟာက လူသိလို့ကောင်းတာမှ မဟုတ်ပဲ"

ဘာတွေလဲ။ဘာတွေပြောနေကြတာလဲ။လူသိလို့ကောင်းတာမဟုတ်တာဆိုတော့ အညိုနဲ့ ကိုဇွဲအကြောင်းသိသွားကြလို့လား။အဲ့ဒါကြောင့် ကိုဇွဲက အဲ့လိုကြည့်နေတာလား။

"မြတ်ဦးညို မင်းဘယ်သူနဲ့ဘာဖြစ်ခဲ့လဲ ပြောစမ်း"

"ဟင် ဘာ ဘာကိုလဲဖေဖေ"

"မင်းမသိချင်ယောင်ဆောင်မနေနဲ့ မင်းဦးငယ်ပြောလို့ ငါအကုန်သိပြီးပြီ"

"ဦး ဦးငယ်က ဘာပြောတာလဲ"

"တောင်းပန်ပါတယ် အညိုရယ် ဦးငယ်လဲ မဖြစ်တော့လို့ ပြောလိုက်ရတာပါ"

"ဟင် "

လွန်ခဲ့သော ၂နာရီခန့်က

ဝုန်း!!!

" ဟယ် အညိုလေး"

"ကိုကို!!!"

"မြတ်ဦးညို"

ညို...(Completed)Where stories live. Discover now