🍀Part-14🍀

33.6K 3.1K 296
                                    

(Unicode)

ကလင်~~~ကလင်~~~ကလင်

"ဝေးးးးပြီးပြီကွ"

"နောက်ဆုံးတော့ အေးအေးဆေးဆေးနားရမဲ့ ရက်ကလေးတွေ ရောက်လာပြီ"

"ဟူးးးခုမှပဲ ခေါင်းပေါ်မှာ ရွက်ထားတဲ့ ကျောက်တုံးကြီး ပြုတ်ကျသွားသလိုခံစားရတော့တယ်"

၁၀တန်းဆိုတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးကို ဖြေဆိုပြီးကြသဖြင့် ကျောင်းဝန်းထဲမှ ထွက်လာသော ကျောင်းသားများ၏ လွတ်လပ်ပျော်ရွှင်စွာ ပြောနေသော အသံများပင်။အောင်သည်မအောင်သည်က နောက်ထား စာမေးပွဲပြီးသွားသည်ကပင် လောလောဆယ်ပိုပျော်စရာကောင်းနေသဖြင့် ထွက်လာသော ကျောင်းသားတိုင်း၏မျက်နှာတိုင်းမှာ အပြုံးပန်းများဝေဆာလျှက်ရှိသည်။ ထိုအထဲတွင် အညိုတို့လဲ အပါအဝင်ပင်။

"အညို ဒီနေ့ စာမေးပွဲပြီးတဲ့နေ့ဆိုတော့ ငါတို့လျှောက်လည်ရအောင်"

"ဒီနေ့တော့ မလည်ပါနဲ့ဦး မယ်မင်းကြီးမရယ် အဆောင်ကပစ္စည်းတွေ ရွှေ့ဖို့ပြောင်းဖို့ လုပ်ရဦးမှာ။ တစ်ရက်တော့နားဦးမယ်။ မနက်ဖန်မှ အိမ်လာခဲ့"

"အိုခေအိုခေ"

အညိုကျောင်းကပစ္စည်းတွေ အိမ်ကို သယ်လာကာ သူ့နေရာနဲ့သူ ထားပြီးတော့ အချိန်က ညနေ၅နာရီပင် ထိုးပြီးနေလေပြီ။ တစ်ကိုယ်လုံးချွေးတွေ ရွှဲရွှဲစိုနေသဖြင့် ခနနားကာ ရေချိုးသန့်စင်လိုက်သည်။ပြီးမှ အောက်ထပ်ကိုဆင်းကာ ဖွားဖွားတို့နဲ့ ထိုင်စကားပြောရင်း ဖွားဖွားတို့ကြည့်သော ကိုရီးယားဇာတ်လမ်းတွဲကို ထိုင်ကြည့်နေတုန်း ဖွားဖွားနဲ့ ကြီးဆန်းက အညို့ကို တကြည့်ကြည့်ဖြစ်နေသည်မို့

"ဖွားဖွား ညို့ကို ပြောစရာရှိလို့လား"

"စာမေးပွဲလဲ ပြီးပြီဆိုတော့ မြေးလေး မြို့သစ်ကို ပြန်ချင်လား ၃နှစ်တောင်ကျော်ပြီဆိုတော့ မိဘတွေကို လွမ်းနေရောပေါ့"

ဖွားဖွားအမေးကြောင့် မိဘနှစ်ပါးရယ် မမကြီးရယ် ငယ်ငယ်ရယ် ကိုမြင်ယောင်မိသည်။ပြီးတော့ ဦးငယ် ဦးငယ်ရှိနေတာကြောင့် သွားရင် ဦးငယ်နဲ့တွေ့ရမည်။တွေ့လျှင် ဦးငယ်လက်ထဲ ပြန်ရောက်သွားမည်။မိဘများကို လွမ်းသော်လည်း ထိုအခြေအနေကြီးကို ထပ်မကြုံချင်တော့ပေ။ပြီးတော့ အညိုကလွမ်းနေပေမဲ့ ဖေဖေတို့က အညို့ကို ပြန်လာဖို့မှ မပြောပဲ ပြန်သွားလို့ ဖြစ်ပါ့မလား။

ညို...(Completed)Where stories live. Discover now