🍀Part16🍀

31.5K 3K 459
                                    

(Unicode)

သင်တန်းကအပြန် မာလာရှမ်းကော စားချင်တယ်ဆိုသော ကေကေ၏မဲဆွယ်မှုကြောင့် အညိုပါလိုက်လာရတော့သည်။ဆိုင်လေးက လမ်းကြားထဲတွင်ရှိတာကြောင့် တော်ရုံလူမသိပေ။ စျေးတန်တာကော ဆိုင်ကြီးများကဲ့သို့ကောင်းမွန်သောလက်ရာကြောင့် အညိုတို့ ကန်ဘောင်လာရင် ဝင်စားလေ့ရှိသော ဆိုင်လေးဖြစ်သည်။ဆိုင်ထဲဝင်ပြီး ထောင့်တွင်ထိုင်တော့ စားပွဲထိုးကောင်မလေးက menuကဒ်နှင့်ရေဘူးလာချပေးသည်။ menuပင်မကြည့်တော့ပဲ နှစ်ယောက်လုံး မာလာရှမ်းကောနဲ့ cola မှာလိုက်သည်။

"အညို နင်တို့ သဘက်ခါဆို နှစ်နှစ်ပြည့်ပြီနော်"

"အေး ဘာလိုလဲ"

"ကိုကြီး ဥက္ကာပြန်လာမှာလား"

"အင်းလာမယ်တဲ့ မအားတော့မအားပေမဲ့ ရောက်အောင်လာခဲ့မယ်ပြောတယ်"

"ဟီး အဲ့နေ့ကျ တစ်ဝိုင်းနော်"

"အငတ်မ ငတ်ဖို့ပဲ"

"ကုသိုလ်ရအောင်လဲ စားပေးရဥိးမယ်"

"ကျေးဇူးတင်ရမှာလား"

"အေး ထိုင်တောင်ရှိခိုးသင့်တာ"

~~~~~Call me baby~~ yeah~~ call me baby~~

"ယူပေးဦးငါ့ကို"

ကျေးဇူးရှင်မကို ပုဇွန်ခွာပေးနေတုန်း ဖုန်းလာတဲ့အသံကြောင့် လက်မအားသဖြင့် ကေကေ့ကို ဖုန်းယူခိုင်းရသည်။

"ကိုကြီးဥက္ကာဆီကလား"

"မသိဘူး ကြည့်လိုက်လေ တစ်ခါထဲကိုင်ပြီး speakerဖွင့်လိုက်"

"ဖေဖေတဲ့ အညို"

"ဟင်"

စာမေးပွဲအောင်စာရင်းထွက်တဲ့နေ့ကတည်းက ဖွားဖွားဆီဆက်ပြီးသည့်နောက်ပိုင်း မဆက်တဲ့ဖေဖေက အညို့ဆီ ဘာလို့ ဆက်တာပါလိမ့်။
ကေကေက ဖုန်းကိုကြည့်ပြီး ကိုင်ရမလား၊ မကိုင်ရဘူးလားဆိုတာ အညို့ကိုကြည့်နေတာကြောင့် ခေါင်းညိမ့်ပြလိုက်သည်။

"Helloဖေဖေ"

"ဖုန်းခေါ်တာကြာပြီ ဘာလို့ချက်ချင်းတန်းမကိုင်တာလဲ"

"သား သင်တန်းမှာမလို့ပါ"

"အေး မင်းသင်တန်းမှာဆိုတာကို သိပြီးသား မင်းအဖွားဆီဆက်တာ မင်းမရှိဘူးဆိုလို့ ဖုန်းနံပါတ်တောင်းပြီး လှမ်းဆက်လိုက်တာ။ဖအေဆီက ဖုန်းလာလို့ ကိုင်ရဖို့ထက် အရေးကြီးတာတွေရှိနေလို့လား"

ညို...(Completed)Where stories live. Discover now