🍀Part-10🍀

41.3K 3.4K 97
                                    

(Unicode)

မနက်ခင်းနေရောင်ခြည်က ပြတင်းပေါက်ကနေတစ်ဆင့် ကျော်ဖြတ်ကာ ကုတင်ပေါ်သို့ ဖြာကျလာသည်။ နေရောင်က သူ့မျက်နှာပေါ်သို့ ကျလာသဖြင့် နိုးလာသော်လည်း မထချင်သေးသဖြင့် ပေတေပြီး ဆက်အိပ်နေသေးသည်။

ဂျောက်!!!!

တံခါးဖွင့်သံကိုကြားသော်လည်း ကြီးဆန်း ဒါမှမဟုတ် ဖွားဖွားဝင်တာပဲ ဖြစ်လိမ့်မည်။ပြီးလျှင် ဒီရောက်မှ အအိပ်မက်လာသော အညို့အား အိပ်ယာမှ ထစေရန် အမျိုးမျိုး ချော့မော့ပြီး နှိုးပေလိမ့်မည်။ထို့ကြောင့် နိုးနေပြီဖြစ်သော်လည်း မထပေးသေးပဲ ဆက်၍သာ အိပ်ချင်ယောင်ဆောင်နေလိုက်သည်။သိူ့သော် အညိုထင်သလို ချော့မြူပြီး နှိုးမဲ့ အသံကို တော်တော်နှင့် မကြားရသဖြင့် မျက်လုံးဖွင့်ကြည့်မယ်အပြု နဖူးပေါ်ရောက်လာသော အထိအတွေ့နှင့်အတူ ပြောလာသော စကားသံကြောင့် သူတစ်ကိုယ်လုံး ရေခဲရိုက်သလို တောင့်တင်းအေးစက်သွားသည်။

"ညီက အိပ်နေတဲ့အချိန်တောင် တကယ်လှတယ်"

ဥက္ကာဇွဲ သီတင်းကျွတ်ပိတ်ရက် ပိတ်သဖြင့် အိမ်ကိုပြန်ရောက်နေသည်မှာ ၂ရက်ကြာပြီဖြစ်သည်။ ညီနှင့်ခင်သည့် တစ်လျှောက်လုံးက ကျောင်းမှာပဲ တွေ့ဖြစ်ကြသောကြောင့် ညီ့အခန်းရောက်ဖူးတာ ပထမဆုံးအကြိမ်ဖြစ်သလို ညီ့ရဲ့အိပ်ပျော်နေတဲ့မျက်နှာလေးကို မြင်ရတာလဲ ပထမဆုံးအကြိမ်ဖြစ်ပေသည်။ယောကျ်ားလေးတစ်ယောက်ကို ချောတယ်ခန့်တယ်လို့ သုံးသင့်တာ သိပေမယ့် ညီဟာ လှပသောကောင်လေးဖြစ်နေသောကြောင့် ညီ့ကိုတွေ့တိုင်း လှလိုက်တာဟုသာ သူ့စိတ်ထဲ အကြိမ်ကြိမ်တွေးမိ၏။အပြင်မှာတော့ ထုတ်မပြောရဲ။တစ်ခါ စွမ်းထက်မြတ်က ညီ့ကို လှတယ်ပြောတာကို ညီအကြီးအကျယ်စိတ်ဆိုးပြီး သူ့ကိုပါ စကားမပြောသဖြင့် ညီသည် သူ့အား လှသည်ဟု ပြောသည်ကို မကြိုက်သော လှပသော ကောင်လေးတစ်ယောက်ဖြစ်သည်ဟု သူမှတ်ထားသောကြောင့်ပင်။

သူအတွေးတွေလွန်ပြီး ရှေ့မှ လှပသော မျက်နှာလေးအား သူကိုယ်တိုင်ပင် သတိမထားမမိပဲ နဖူးလေးအား အနမ်းပေးမိတော့မှ ပြန်သတိဝင်ပြီး အထိတ်တလန့်ဖြစ်သွားမိသည်။

ညို...(Completed)Where stories live. Discover now