🍀Part-5🍀

43.3K 3.8K 195
                                    

(Unicode)

(Unicode)

ဒေါက်!ဒေါက်!

"သား အညိုလေး နိုးပြီလား"

အထဲက ပြန်ပြောသံမကြားတာကြောင့် လော့ချထားခြင်းမရှိသည့် တံခါးလေးကို လက်ကလဲဖွင့် ပါးစပ်ကလည်း နှိုးရ၏။

"အညို ကြီးဆန်းဝင်လာပြီနော်"

အခန်းထဲရောက်တော့ ​ကုတင်ပေါ်သို့ ဦးစွာကြည့်လိုက်သည်။ကုတင်ပေါ်တွင် စောင်ခေါက်လျှက်တွေ့တာကြောင့်ကော ရေချိုးခန်းထဲက အသံကြားတာရောကြောင့် နိုးနေပြီဆိုတာ သိရသည်။အခန်းတံခါး သေချာပိတ်လိုက်ပြီး အောက်ကို ပြန်ဆင်းလိုက်၏။

"အဆန်း ​မြေးလေးနိုးပြီလား"

"ဟုတ် နိုးပြီ မမတင်"

ရေချိုးခန်းထဲကကောင်လေးကလည်း ရေချိုးရင်းအတွေးများနေ၏။

"ဘယ်ချိန်ထိ ငါ့ကို ဒီအိမ်မက်တွေက ခြောက်လန့်နေဦးမှာလဲ။ဝေးအောင်လာခဲ့တာတောင်
ဒီအိမ်မက်တွေက နောက်ကလိုက်နေတုန်းလား"

ရေချိုးရင်း ခန္ဓာကိုယ်ကို ဆပ်ပြာတိုက်ဖို့ ထိတွေ့မိတော့ လက်ကို ရုတ်မိသွားသည်။ ကိုယ့်အသား ကိုယ့်ခန္ဓာကိုယ် ထိဖို့ အတွက်ကို မထိချင်ရလောက်အောင်ထိ ရွံနေမိသည်။ ဒါဟာ ရေချိုးတိုင်း ဖြစ်နေကျပင်။

"မြေးလေးတောင်ဆင်းလာပြီပဲ။လာလာ ဖွားတို့စောင့်နေတာ"

"ဖွားဖွားကလည်း စားနှင့်ရောပေါ့"

"ဖွားမြေးလေးနဲ့ တူတူစားချင်လို့ပါတော်"

"ကြီးဆန်း ဦးအောင်ကော"

ထမင်းစားဝိုင်းမှာ ဖွားဖွားနဲ့ ကြီးဆန်းကိုပဲ တွေ့တာကြောင့် မေးလိုက်သည်။သူရောက်တဲ့ တစ်ပတ်လုံး ထမင်းစားချိန်ဆိုရင် ၄ယောက်စုံစားတဲ့အတွက်ကြောင့် တစ်ယောက်က်ို မတွေ့ရတော့ တစ်ခုခုလိုနေသလိုလို။

"သား ဦးအောင်က ဟိုဘက်အိမ်က ၁၀တန်းတက်မဲ့ ကောင်လေးကို ဘော်ဒါလိုက်ပို့တယ်
သူတိူ့အိမ်က ကားပျက်နေတာကြောင့် လိုက်ပို့ပေးဖို့ အကူအညီတောင်းလို့လေ"

"အော် အရင်အဲ့ဘက်ခြံမှာ လူမနေဘူးလားလို့"

"လွန်ခဲ့တဲ့ ၃နှစ်လောက်က ပြောင်းလာတာလေ"

ညို...(Completed)Where stories live. Discover now