🍀Part-12🍀

31.8K 3.3K 245
                                    

(Unicode)

ကျောင်းမှာ မနက်၅နာရီဆို ထရတာ အကျင့်ပါနေသောကြောင်​့ အညို အစောကြီးနိုးနေလေ၏။အိပ်ယာထဲအကြာကြီးဆက်လှဲနေရင် ကျောင်းပြန်ဖွင့်လျှင် အကျင့်ပါသွားမည်စိုး၍ ချက်ချင်းထကာ ရေချိုးခန်းထဲဝင်ပြီး မျက်နှာသစ်သွားတိုက်ရသည်။

(A/Nမီကတော​့ အဆောင်ကပိတ်ရက်ပြန်ခိုင်းတာနဲ့ တနေကုန် တနေခန်းအိပ်တာပဲ..ဟဲဟဲ)

ရေချိုးခန်းထဲကအထွက် ကုတင်ပေါ်တွင် ထိုင်နေသောသူကြောင့် ခြေလှမ်းဆက်မလှမ်းနိုင်ပဲ ကြောင်အစွာရပ်နေမိသည်။ အထင်မှားမည်စိုး၍ မျက်လုံးကို လက်ဖြင်​့ အတင်းပွတ်ပြီး ကြည့်နေတုန်း ကုတင်ပေါ်ကတစ်ဆင်​့ အညို့ဆီ ခြေတစ်လှမ်းချင်းတစ်လှမ်းချင်း လျှောက်လာသော သူကြောင့် "အွတ်!" ကျွတ်ပင်ထိုးနေတော့သည်။

"ညီကလဲကွာ မျက်လုံးကို အဲ့လိုအတင်းကြီး မပွတ်နဲ့လေကွာ။ ညီ့မျက်လုံးလေးတွေတော့ နာနေတော့မှာပဲ"

ပြွတ်!!!! မျက်လုံးပေါ်သို့ရောက်လာသော နူးညံ့သည့်အထိအတွေ့။

"ညီ ညီ အယ် ကိုယ့်ရဲ့ညီ အသက်တော့ရှိသေးတယ်မလား"

"ကို ကိုဇွဲလား"

"ဟာ ညီက ကိုယ့်တောင် မမှတ်မိတော့ဘူးလား ကိုယ်တော့ စိတ်မကောင်းဖြစ်...အင့်"

"ဟင့် လွမ်းနေတာ ဟင့် ကျွန်တော် ကိုဇွဲကို အရမ်းလွမ်းနေတာ ဟင့် အင့်"

ကိုဇွဲပြောသည်ကို ဆုံးအောင်ပင် နားမထောင်နိုင်တော့ပဲ ကိုဇွဲရင်ခွင်ထဲဝင်ပြီး တင်းနေအောင်ဖက်ကာ ကိုဇွဲကို လွမ်းသည့်အကြောင်းများ တရက်စက်ဆိုသလို ပြောလိုက်သည်။ကိုဇွဲက အညို့ကျောပြင်လေးကို တစ်ချက်ခြင်းပုပ်ပေးရင်း

"ကိုယ်ကောပဲ ညီ့ကို အရမ်းလွမ်းနေတာ"

"ဟင့် ပြောတော့ ပြန်မလာဘူးဆို"

"ညီ့ကို surpriseတိုက်တာလေကွာ။ ဘယ်လိုလဲ surpriseဖြစ်ရဲ့လား"

"ဟွန့် ကိုဇွဲမကောင်းဘူးကွာ"

"အဲ့ထော်နေတဲ့ နှုတ်ခမ်းလေးကို နမ်းပစ်ချင်နေပြီ"

"ဟင်!!"

ညို...(Completed)Where stories live. Discover now