9

3.1K 434 40
                                    

အိပ်စက်ရမည့် အချိန်သို့ ရောက်နေသော
လည်း အိမ်ရှေ့စံမင်းသား တယောက် အခုထိမအိပ်စက်နိုင်သေးဘဲ အတွေးတွေများနေခဲ့သည်။

"ဆေးရည်လေး သောက်လိုက်မိတာနဲ့
အာပြဲနေအောင် ငိုလိုက်တာများ
သူကိုယ်သူ ကလေးများ အောင်မေ့နေလားမသိဘူး ကင်မ်ဆော့ဂျင်!!!

နှာဖျားတွေရဲလို ပါးပြင်တွေရဲလို
အင်းးး ကလေးပေါက်စလေး ငိုပုံနဲ့တော့တူသား "

တဖက်သို့စောင်းကာ လဲလျောင်းနေရင်းမှာ
တခြားတဖက်သို့စောင်းကာ အိပ်ရန်ပြင်ပေမယ့် အတွေးတချို့က ထပ်ပေါ်လာပြန်သည်။

"ဒီကောင်စုတ်လေး မျက်ဝန်းတွေက
အတော်လှတာပဲ ၊ ဒီနေ့မှ အနီးကပ်တွေ့လိုက်ရလိုများလား ?
နှုတ်ခမ်းတွေကလဲ ချယ်ရီသီးလေးလို လုံးလုံးဖူးဖူးလေးနဲ့ ရဲနေတာ~~
အင်မ်းးး "

မျက်မှောင်ကြီး
ကျုံကာ အမဲလိုက်ထွက်တုန်းက အနီးကပ်တွေ့လိုက်ရတဲ့ ဆော့ဂျင် မျက်နှာကို မျက်လုံးထဲ ပေါ်လာအောင် ပုံဖော်နေသော အိမ်ရှေ့စံမင်းသားဂျောင်ကုဟာ ဒီညတော့ အိပ်ပျော်မည်ဟန်မရှိတော့ပါ။

"နှုတ်ခမ်းတွေရဲနေတာ မွေးကထဲကလား
တခုခု စားခဲ့လိုလား ၊ လိမ်းထားလို့လား?

လက်ချောင်းလေးတွေကလဲ တမူထူးပြီး
ကောက်ကောက်လေးတွေ ဖြစ်နေရတာ
ဘာကြောင့်ပါလိမ့် ~~

"မနက်ကြမှ ခေါ်ယူပြီး စစ်ဆေးကြည့်ရမယ် "

ခန္ဓာကိုယ်ကို ပက်လက်အနေအထားသို့ပြောင်းရင်း အိပ်ရန်ကြံရွယ်လိုက်ပေမယ့်

" အပြင်မှာ ဘယ်သူရှိလဲ!!!"

လဲနေရာမှ ချက်ချင်းထထိုင်လိုက်ရင်း အပြင်မှာရှိတဲ့သူကိုလှနိးခေါ်မိတော့
အထိန်းတော်ကြီးဟာ ဦးညွှန်ရင်း အခန်းထဲဝင်လာခဲ့တော့သညါ။

"အရှင်သား အမိန့်ရှိပါ "

" ဟိုသိုးပေါက်ကို ငါကိုယ်တော်ရှေ့
ခေါ်ဆောင်လာခဲ့စမ်း!!"

"သိုး သိုးပေါက် ??'

သိုးပေါက်*‌ဆိုသော နာမ်စာူကို နားမလည်ဟန်ရှိသော အထိန်းတော်ကြီးက ယောင်နနနဲ့
ခေါင်းလေးမော့ကာကြည့်တော့။

Love pills 💊 ☑️ Completed Where stories live. Discover now