2

3.5K 438 45
                                    

"သူခိုးကောင် နန်းတော်ထဲလာပြီး မုန့်တွေ
လာခိုးနေတာပဲ!!"

အိပ်ဆောင်လေးထဲက ထွက်ကျလာတဲ့ မြေပဲလိပ်တချို့ကိုတွေ့သွားတဲ့ အိမ်ရှေ့စံက
သူကို သူခိုးလို စွတ်စွဲလာတော့ ဆော့ဂျင် အိတ်ဆောင်လေးကို အမြန်ဖွက်ထားမိလိုက်သည်။
နို့မိုဆို သူ ခိုးလာတဲ့ တည်သီးခြောက်တွေပါ
တွေ့သွားကာမှ သူအပြစ်ပိုကြီးသွားနိုင်တာမို့။

"ခိုးလာတာမဟုတ်ဘူးနော် ၊ သူများကျွေးလိုယူလာရတာ "

"မင်းကဘယ်လောက်တောင် ကြည့်နေလို
လဲမှမသိတာ ဒါကြောင့် ဟိုက သနားလိုပေးလိုက်တာဖြစ်မှာပေါ့ "

အိမ်ရှေ့စံသည် သူနဲ့တွေလျှင် သာမန်အရပ်သားတယောက်လို ပြောဆို ပြုမူတက်သလို သူ‌ေဒါသမထွက်ထွက်အောင် လုပ်ပြီးနောက်ဆုံး သူ
ငိုသွားမှ စိတ်ကျေနပ်သွားတက်သည်။

"ကျတော်ဖခင်က နန်းတွင်းသမားတော်ကြီးပါ
ကျတော်စားချင်တာရှိရင် ဖခင်ကိုပူဆာမှာပေါ့   "

"အာတာပြောတာပေါ့ ၊ ဖခင်ကနန်းတွင်း သမားတော်ဖြစ်နေတဲ့ ဂုဏ်ကိုမထောက်
သားက အငတ်ဖြစ်နေရှာတာလေ

အာ့ ဟုတ်သား
ဗီဇဆိုတာ ဖျောက်ဖျက်လိုမှမရတာ
မင်းကငယ်ငယ်ထဲက ငါမုန့်တွေ ခိုးစားခဲ့တာလေ ၊
ရာရာစစ
နန်းတွင်းလာပြီး မုန့်တွေခိုးစားခဲ့တဲ့အပြင်
လူမိသွားတော့ မင်းက ငါလက်ကို ကိုက်ခဲ့သေးပြန်တယ် "

"အာတုန်းက အကျင့်ပုတ်ကြီးလဲ
ကျတော်ကို အသေပြန်ကိုက်ခဲ့တယ်လေ
ယွန်းတန်းလိုမျိုး!!'

"ယွန်းတန်းကဘယ်သူလဲ!!"

"အကျင့်ပုတ်လို ကိုက်တာကျွမ်းတဲ့သူပေါ့ "

"ဘယ်သူလဲ ၊ ဘယ်အရပ်ကလူလဲ "

"အာ့တာအကျင့်ပုတ်သိစရာမလိုပါဘူး
လမ်းဖယ်ပေး ကျတော် ပြန်တော့မယ် "

"အောဟော!! အိမ်ရှေ့စံကိုများ လမ်းဖယ်လေးဘာလေးနဲ့  ဒီပေါက်စ တော်တော်မိုက်နေပါရော်လား!!"

လက်နောက်ပြစ်ကာ ဩဇာသံအပြည့်ဖြင့်
ပြောသော အိမ်ရှေ့စံကို ဆော့ဂျင် ရယ်လိုက်ရင်း ။

Love pills 💊 ☑️ Completed Where stories live. Discover now