3

3.1K 418 15
                                    

အိမ်အလုပ်တွေကို ကူလုပ်ပေးနေသော ဆော့ဂျင်ကြောင့်  အမေဖြစ်သူ ထူးဆန်းနေသလို ခံစားနေရတာမို့ သေချာသာစိုက်ကြည်ါနေမိတော့သည်။

"မေမေ ဟင်းချိုပန်ကန်လုံးလေးတွေက
ဘယ်နားးသိမ်း~~ အမေ ဘာလို့ သားကိုစိုက်ကြည့်နေရတာလဲ?'

"ဂျင်လေး အမေနားခဏလာပါအုန်းး!!!"

အမေကအနားလာဖို့ခေါ်သလို နဖူးလေးကိုစမ်းလိုက် သမားတော်ကတော် ပီပီလက်သွေးကြောလေးကိုစမ်းလာလိုရုန်းလိုက်မိရင်း။

"သား နေကောင်းတယ်ပါတယ် အမေရဲ့"

"နေကောင်းတယ်ဆို ဘာလို့ အထူးအဆန်းလုပ်ရပ်တွေလုပ်နေရတာလဲ?

"အထူးအဆနိးလုပ်ရပ်?
အိမ်အလုပ်တွေကူလုပ်ပေးနေတာ ထူးဆန်းတာတဲ့လား အမေရယ် ၊ သားလုပ်သင့်တာကို
လုပ်ပေးနေရုံပါ ၊ "

"ဘာစားချင်နေလို့လဲ ?
ဘာပူဆာချင်နေလိုလဲ ဂျင်လေး!!"

သူအကြောင်းအသိဆုံးဖြစ်သော ၊ဗိုက်ထဲ
အူဘယ်နခွေရှိသည်ကအစအသိဆံုးဖြစ်နေသော မိခင်ဖြစ်သူက မျက်ခုံးလေးပင့် မေးလာတော့သည်။

"အမေကလည်း သားအလိုမဟုတ်ပါဘူး
သားကဒီတိုင်း!!!"

" လိုချင်နေတာကိုသာ ပြောစမ်းပါ
ဂျင်ငယ်လေးရယ် ၊ မေမေက သား အမူအယာ
ကြည်တာနဲ့ အကုန်သိတာမို့ !!"

"အလိုမဟုတ်!!

"ဂင်ချီတွေသိပ်တုန်းကလဲ
ကူသိပ်ပေးမယ်ပြောပြီး  ပန်းချီစဆွဲကြည့်ချင်လို လိုအပ်တဲ့ပစ္စည်းပစ္စရတွေ
ဝယ်ခိုင်းခဲ့တယ်

သမားတော်ကြီး ဆေးရွက်‌ေတွသိမ်းဆည်းတဲ့ အခန်းကို သန့်ရှင်း‌ေရးလုပ်တုန်းကလဲ
ကူလုပ်ပေးမယ်ဆိုပြီး ပိုးထည်ဝတ်စုံတစုံ
ပူဆာခဲ့သေးတယ်မဟုတ်လား
ဒါကြောင့် အခုလဲ သားငယ်လေးက ~~"

သူအကျင့်တွေကို အလုံးစုံသိနေသော
မေမေကြောင့် မျက်နှာချိုလေးသွေးရင်း
မေမေအနားပိုတိုးမိ‌သွားတော့သည်။

"အမေက အကုန်မှတ်မိနေတာပဲ ဟီးဟီး!!!"

"အမေရဲ့တဦးတည်းသော သားလေးရဲ့
အမူအကျင့်တွေကို မေမေကမှတ်မိနေရတာပေါ့ ၊ ကဲ ပြော အမေ့သားက ဘာလိုချင်နေတာလဲ?"

Love pills 💊 ☑️ Completed Where stories live. Discover now