အိပ်ချင်မူးတူးဖြစ်နေသော သမားတော်ကင်မ်၏ သားတော်လေးသည်
ထမ်းစဉ်ပေါ်တွင် ခွေခေါက်ကာ အိပ်ခဲ့မိလို
အဝတ်အစား ကပိုကယိုဖြစ်နေခဲ့သည်။ဒါကို ပြင်ဆင်ခြင်း မပြုဘဲ လက်သီးဆုပ်
နှစ်ဖက်ဖြင့် မျက်လုံးလေးကိုပွတ်ကာ
အိမ်ရှေ့စံအဆောင်ထဲဝင်လာခဲ့သည်။"အရှင့်သား ၊ သမားတော်ကင်မ်ရဲ့သားတော်
ကင်မ်ဆော့ဂျင် ရောက်ရှိနေပါပြီ!!""အထဲဝင်စေ!!"
အိမ်ရှေ့စံရဲ့အမိန့်အတိုင်း တံခါးချပ်တွေကို
ဖွင့်ကာ အထဲကိုဝင်စေတော့ မျက်လုဲးတွေကို ပွတ်နေတဲ့ ဆော့ဂျင်ဟာ ယိုင်တိုင်တိုင်နဲ့ အထဲသို့ဝင်သွားခဲ့သည်။"ကျတော် ရောက်ပါပြီ အိမ်ရှေ့စံ!!"
အသံအက်ရှရှလေးဖြစ်နေသော ဆော့ဂျင်ဟာ မတ်တပ်ကြီးသာရပ်နေတာမို့ အိမ်ရှေ့စံက ထိုင်စေသည်။
"သိုးပေါက် ငါကိုယ်တော်
မင်းကို ထိုင်ခိုင်းနေတယ်လေ ""......"
ဒုတိယတကြိမ်ပြောတော့မှ
အိမ်ရှေ့စံစကားကို နားထောင်လာသော
ဆော့ဂျင်ဟာ ရပ်နေခဲ့သည့်နေရာမှာပင် ထိုင်ချလိုက်လို အိမ်ရှေ့စံနဲ့ အတော်ဝေးဝေးတွင်ဖြစ်နေသည်။"ဘာလို့ အဝေးကြီးမှာ ထိုင်နေရတာလဲ
ဒီဘက်တိုးလာခဲ့!!""အရှင့်သားဘဲ ထိုင်ဆို!!"
ဆူပုတ်နေသော ဆော့ဂျင်ဟာ မျက်လုံးတွေ
ပွတ်နေဆဲဖြင့်သာ ပြန်ပြောလာသည်။"မင်းကို အာ့အဝေးကြီးမှာ မထိုင်ခိုင်းဘူး"
"ဒါဆိုလဲ အနားတိုးပြီး ထိုင်လိုလဲ အရှင့်သား မပြောခဲ့ဘူးလေ "
"မင်း !!! မင်းတော့.....ဟူးးးး
အခုချက်ချင်း
မျက်လုံးတွေပွတ်တာရပ်လိုက်တော့"ဒီတော့မှ ပွတ်သပ်နေတဲ့လက်တွေကိုဖယ်လိုက်တဲ့ ဆော့ဂျင်ကို အနားတိုးလာဖို့ အမိန့်
ထပ်ပေးတော့ မတ်တပ်ပြန်မရပ်ဘဲ
လေးဘက်ထောင့်အနေအထားဖြင့် အနားသို့ရောက်လာသည်။" ဘယ် ~ဘယ်လို လာနေတာလဲ
ကင်မ်ဆော့ဂျင် ""အနားရောက်လာရင် ပြီးရောမလား!!
အချိန်မတော်ကြီး ခေါ်ပြီး ရန်ဖြစ်ဖို့တော့မဟုတ်ဘူးမလား ?'"
YOU ARE READING
Love pills 💊 ☑️ Completed
Fanfiction"ဘဝင်ရူးအိမ်ရှေ့စံကို ကျတော်တစက်မှကြည့်လိုမရတာကိုကိုထယ်ယောင်း သိတယ်မလား "