12

3.5K 459 75
                                    

နှစ်ခြိုက်စွာ အိပ်ပျော်နေသော ကောင်ငယ်လေးကို မျက်တောင်မခတ်ဆိုက်ကြည့်နေသော
အိမ်ရှေ့စံဂျောင်ကုဟာ အိပ်စက်ခြင်းကို မေ့လျော့နေသည်က
တခေါင်ယံကိုကျော်လွန်၍ မနက်အာရုံတက်ချိန်သို့ ရောက်လုနီးနီးအချိန်ထိပင်။

မနက်မိုးလင်းသည်နှင့်  သူအနားမှထိုအနှီးကောင်လေး ထွက်သွားမည်ဖြစ်သည်ကို သူအလျင်းမလိုလားလို
သူဘေးနား အမြဲရှိနေနိုင်မည်နည်းလမ်းများကိုဦးနှောက်ထဲတွင် ပုံဖော်နေလေသည်။

ဒါပေမယ့် တခုမှ သဘောကျသည့်အကြံမပေါ်လာလို ခေါင်းခြောက်လာခဲ့ရတော့သည်။

"ကင်မ်သိုးပေါက် မင်းကိုငါအနားမှာ
ငါမျက်စိအောက်မှာပဲနေစေချင်တယ်ကွာ
ငါဘယ်လိုလုပ်ရမလဲ "

အိပ်ပျော်နေသောအနှီးလူသားရဲ့
နဖူးပေါ်ကျနေသော ဆံသားတချို့ကို သပ်ပေးရင်း မေးမိတော့ အနှီးလူသားငယ်ဟာ
ပြုံးယောင်သမ်းလာသလိုဖြင့် သူလက်လေးကို နှာခေါင်းပွတ်လာခဲ့သည်။

ကြောင်ပေါက်လေး တကောင်အလား။

ထိုလုပ်ရပ်လေးကို သူကြည့်နေတုန်းမှာဘဲ
အိပ်စက်နေလျက်ရှိသော ထိုလူသားငယ်ဟာ
ပါးစပ်တွေဟလာလျက် သူလက်တွေကို
ကိုကါဟန်ပြင်နေတော့တာမို့ အလျင်အမြန်ပင် ရုန်းထွက်ခဲ့ရသည်။

"Aiigoo အစားပုတ်လေး!!"

ထိုအချိန်မှ သူလက်သူပြန်ကြည့်မိတဲ့ အိမ်ရှေ့စံဟာ သူလက်ထဲမှ ကျောက်စိမ်းလက်စွပ်လေးကိုတွေ့သွားလို သဘောတကျပြုံးလိုက်မိ‌ေတာ့သည်။

________________________ love pills 💊

"မဟုတ်ပါဘူး ၊ ကျတော် ခိုးတာမဟုတ်ဘူးလို!! "

"ဒါဆို သက်မဲ့လက်စွပ်က မောင်မင်း
အိပ်ထောင်ထဲ အလိုလို ရောက်လာတယ်လို
ပြောချင်တာလား !!"

"သူဘာသူဘယ်လိုရောက်လာလဲ မသိပေမယ့် ကျတော်မခိုးဘူး 
လက်နဲ့တောင်မထိခဲ့ဘူးလို!! "

"မောင်မင်းစကားတွေက အဓိပ္ပာယ်ရှိတယ်ထင်နေတာလား"

"ဒါဆို ခင်ဗျားတို့စကားကရော အဓိပ္ပာယ်ရှိတယ်တဲ့လား
ကျတော်က နန်းတော်ထဲလာပြီး !!
အိမ်ရှေ့စံရဲ့
အဆောင်မှာ ညအိပ်ခဲ့ပြီးတာတောင်
ဒီကျောက်စိမ်းလက်စွပ်လေး တကွင်းပဲခိုးမယ်တဲ့လား ၊
  ခိုးချင်ခိုး အိမ်ရှေ့စံ အဆောင်ထဲက
တန်ဖိုးအရှိဆုံးကို ခိုးမှာပေါ့ "

Love pills 💊 ☑️ Completed Where stories live. Discover now