13

4K 488 44
                                    

မတရားစွပ်စွဲခံရခြင်းနှင့်အတူ
အိမ်ရှေ့စံ၏နန်းဆောင်တွင်သာ နေပြီး
အိမ်ရှေ့စံရဲ့
ဝေယျာဝစ္စများကို လုပ်ဆောင်ရမည်ဟုသော
အမိနိ့ကြောင့် ဆော့ဂျင် အော်ငိုမိပေမယ့်
ဘာမှမတက်နိုင်ခဲ့။

မိဘတွေရော ၊ ကိုကိုထယ်ယောင်းရော!!

နောက်ဆုံးတော့ သူအိမ်မပြန်နိုင်ဘဲ
သူအစိစဉ်တွေ [ ‌ပီရဆေးထပ်ခိုးရန်👉👈]
အကောင်အထည်မဖော်နိုင်ဘဲ
ဖြစ်ခဲ့ရသည်။

ဒါကြောင့်သူတွေးမိသည်က
အိမ်ရှေ့စံဘေးနေကာ အိမ်ရှေ့စံ စိတ်ပျက်လောက်သည့် အပြုအမူများကိုသာလုပ်ရင်း
အနားက နှင်ထုပ်ခြင်းခံရအောင် ပြုမည်။

"ဟိုသိုးပေါက် ဘယ်မှာလဲ?"

အိမ်ရှေ့စံညီလာခံမှထွက်လာချိန်
အပေါက်ဝတွင်ရှိနေရမညါဖြစါသော
ဆော့ဂျင်ကို မတွေရလို အထိန်းတော်ကြီးကိုမေးသည်။

"သခင်လေး ဆော့ဂျင်က ညစာ
ပြင်ဆင်ပေးဖို့ အဆောင်တော်ကို အရင်ပြန်နှင့်သွားပါတယ် "

"ဘာ!! ငါကိုယ်တော် သူကို အခန်းဝမှာ
စောင့်ခိုင်းထားတာကို မောင်‌မင်းတို့ မသိကြဘူးလား!!!"

"စိုးရွံမိကြောင်းပါ အရှင့်သား ၊
ကျတော်မျိုးတားပေမယ့် သခင်လေးဆော့ဂျင်က လက်ခံဘဲ ပြေးထွက်သွားခဲ့တာမို့ပါ "

မြေကြီး
ခေါင်းထိမတက်ဖြစ်နေတဲ့ အထိန်းတော်ဂုံကို
ဘာမှ ဆက်မပြောတော့ဘဲ အဆောင်ရှိရာသို့
ပြန်လာခဲ့ပေမယ့် ညစာပြင်ဆင်ထားခြင်းလဲ အလျင်းမရှိလို ကင်မ်ဆော့ဂျင်ကို
ရှာဖွေမိတော့သည်။

"ကင်မ်ဆော့ဂျင်!!!'

အစားအသောက်တွေပြင်ဆင်သည့် အဆောင်လေးအတွင်း ဂျောင်ကု ဝင်လာခဲ့တော့ ပျားရည်အိုးကြီးကို ပိုက်ကာ နံရံ‌ကိုကျောမှီလျက်ဖြင့် အိပ်ပျော်နေသော အနှီးလူသားကိုတွေ့မြင်လိုက်ရသည်။

ပါးစပ်တဝိုက်မှာ ပျားရည်တွေပေကျံနေသော
ဆော့ဂျင်မျက်နှာနုနုလေးကိုကြည့်မိတော့
‌အခုနလေးတွင် ဖြစ်ပေါ်ခဲ့သော ဒေါသတွေ
ဘယ်ပျောက်သွားမှန်းမသိတော့။

အိပ်ပျော်နေသော ဆော့ဂျင်ရဲ့ ဘေး ဒူးလေးတဖက်ထောက်ကာ ထိုင်လိုက်ရင်း ပိုးပုဝါစလေးဖြင့် မျက်နှာနုနုလေးကို ငေးကာ ခပ်ဖွဖွသုတ်ပေးမိသည်။

Love pills 💊 ☑️ Completed Where stories live. Discover now