5

3K 420 25
                                    

တက်ကြွနေသောခြေလှမ်းတွေဖြင့် အိမ်ရှေ့စံ
နန်းဆောင်သို့သွားနေသော ကိုကိုထယ်ယောင်းအနောက် ဆော့ဂျင် ဆူပုတ်ပုတ်လေးနဲ့လိုက်လာမိသည်။

"ဂျင်လေး ဘာလို့အနောက်မှာနေခဲ့ရ
တာလဲ ?"

အခုမှသူကိုလှည့်ကြည့်လာခဲ့တဲ့ ကိုကိုထယ်ကို မကျေမနပ်ဖြစ်မိတာမို့ မျက်စောင်းလေးထိုးကာ။

"ကိုကိုထယ်က အမြန် အမြန်လျှောက်နေတာလေ ၊ ‌ကျတော်ကပုံမှန်အတိုင်းပဲ လျှောက်လာနေတာပဲကို!!

"မုန့်ဈေးတန်းသွားဖို့နောက်ကျသွားမှာမို့ပါ
ဂျင်လေးရဲ့ ၊ မှောင်သွားရင် လျှောက်ကြည့်ဖို့မကောင်းတော့ဘူးလေနော်!!!""

"ဟွန့်!!'

အလောသုံးဆယ်ဖြစ်နေသော ကိုကိုထယ်ယောင်း‌ကို ဘာမှထပ်မပြောမိတော့ဘဲ အနောက်ကသာ ထပ်ခြပ်မကွာလိုက်လာ
မိတုန်း ၊ နန်းဆောင်ထဲမှ ထွက်လာတဲ့ အိမ်ရှေ့စံကို တွေ့လိုက်ရလို ဆော့ဂျင်ခြေလှမ်းတွေရပ်သွားတော့သည်။

"ဟာ့ ဒီအရူး ဘာလို့
အပြင်ထွက်လာရတာလဲ!!"

ခြေလှမ်းအနောက်ဆုပ်မိကာ ကြွေပန်းအိုးအကြီးကြီးရဲ့နောက်မှာ ကွယ်ပုန်းလိုက်မိသည်။ ဒါကို ကိုကိုထယ်ယောင်းက လှည့်ကြည့်လာတော့ လက်ညိုးကောက်ကောက်လေးကို နှုတ်ခမ်းဖူးဖူးလေးမှာ
ကပ်ပြလာရင်းရူးတိုးတိုးလုပ်ပြမိတော့
ကိုကိုထယ်က နားမလည်သည့်ဟန်လေးဖြင့်ကြည့်လာပြန်သည်။

"ကိုယ်ရံတော်ကင်မ်!! ဒီမှာဘာလုပ်နေတာလဲ?"

"အိမ်ရှေ့စံ ‌!!"

ထယ်ယောင်း အိမ်ရှေ့စံကို နှုတ်ဆက်‌
‌ေနမိတုန်း
အိမ်ရှေ့စံအနောက်ကပ်ပါလာတဲ့ ဂျီဂျီလေးကိုတွေ့လိုက်ရလို မျက်လုံးလေးအရောင်လက်သွားမိသည်။
ဒါကို သတိထားမိသွားပုံရတဲ့ အိမ်ရှေ့စံက။

"ဒီကောင်လေးနဲ့ ကိုယ်ရံတော်ကင်မ်ကသိနေတာလား?"

"ဟုတ်ကဲ့ သိပါတယ် အိမ်ရှေ့စံ!!
ပတ်ဂျီမင်းက ဆော့ဂျင်ရဲ့သူငယ်ချင်းအဖြစ်နဲ့သိပြီး ခင်မင်ခဲ့ကြတာပါ ၊
ဂျီမင်းရဲ့မိသားစုတွေက ပန်းပံ့နဲ့ သစ်သီးတွေ စိုက်ပျိုးသူတွေပါ ၊
နန်းတော်ရဲ့ ပွဲတော်တွေမှာ အသုံးပြုတဲ့
ပန်းပံ့တချို့တွေကို ဂျီမင်းတို့ရဲ့ စိုက်ခင်းတွေက ခူးယူအသုံးပြုခဲ့ရတဲ့အချိန်အခါတွေလဲရှိခဲ့ပါတယ်"

Love pills 💊 ☑️ Completed Where stories live. Discover now