7

3.1K 429 57
                                    

အရင်နေ့တွေထက် စောစီးစွာနိုးနေခဲ့တဲ့
ဆော့ဂျင်တယောက် နံနက်စာစားရန်ကူညီပေးနေခဲ့သလို စားသောက်ပြီးတော့လဲ အရင်နေ့တွေလို ထမသွားဘဲ အမေဖြစ်သူကို ကူညီပေးပြန်‌သည်။

ဒါကို ဖခင်ဖြစ်သူက ထူးဆန်းစွာကြည့်ရင်း
ချောင်း သာဟန့်ကာ ဆေးအိုးကျိုရန်ထွက်သွားလိုက်သည်။

"သား ၊ မျက်နှာကဘာဖြစ်တာလဲ?"

သူကိုဘာစကားမှမပြောဘဲထွက်သွားလိုက်တဲ့ဖခင်ကို နှုတ်ခမ်းလေးဆူကာ လိုက်ကြည့်နေတုန်း မိခင်ဖြစ်သူကမေးလာရှာသည်။

ဒါကြောင့် မိခင်ရင်ခွင်ထဲတိုးဝင်ကာအချွဲပိုမိတော့သည်။

"အာ့တော့ သမားတော်ကြီးက
သားလိုချင်တဲ့ ဆေးလုံးတွေကိုမပေးဘူးတဲ့ပေါ့လေ "

"ဟုတ်တယ် ၊ ဖေဖေက ကပ်စီးနည်းနေတာ
တဦ်းတည်းသောသားလေးအပေါ်မှာတောင်
အရမ်းတွန့်တိုနေတာ "

"အလိုမဟုတ်လောက်ပါဘူး ၊ သားငယ်ရယ်
မေမေသိသလောက်တော့ ပီရဆေးဆိုတာ
လူတိုင်းကြားဖူးကြပေမယ့် မစမ်းသပ်ခဲ့ဖူးလေ ၊ ဒါကြောင့် သေချာပေါက်ကြီးရယ်လို
မဟုတ်ဘူး "

"ဒါလေးများ သားက စမ်းသပ်လိုက်မယ်လေ မေမေရဲ့"

"အို့ အမေသားငယ်လေးတော့ခက်ပြီ "

"ခက်နေလို သားကလွယ်အောင်လုပ်နေတာလေ ၊ ပီရဆေးက စစ်လားမစစ်လားဆိုတာကို သားက ကိုယ်စားစမ်းသက်ခံပေးနေတာလေ မေမေရဲ့ "

"ပြီးတော့ ထပ်ရှိသေးတယ် သားငယ်
ပီရဆေးက လူတိုင်းအတွက်မထိရောက်ဘူး
ကိုယ်ဖူးစာရှင်အတွက်ပဲ အသုံးတည်နိုင်တာတဲ့ ဒါဟာလည်း မေမေကြားဖူးနားဝနော်

ပီရဆေးရဲ့အစွမ်းသတ္တိနဲ့ သုံးစွဲပုံကိုလည်း
ဘယ်သူမှအတိအကျမသိဘူးကွယ့်"

မေမေစကားအဆုံးဆော့ဂျင်မျက်နှာထက်အပြုံးတခုပေါ်လာရင်း နှုတ်ကတိုးတီးစွာရေရွတ်လိုက်သည်က။

"ကိုကိုထယ်က ကျတော်ရဲ့ ဖူးစားရှင်ပဲ "

__________________ love pills 💊

"ဂျီဂျီ မင်းတို့မနေ့ကဘာတွေစားခဲ့ကြလဲ"

ဆော့ဂျင် ဂျီမင်းတို့ရဲ့
ပန်းခင်းထဲသို့အလည်‌ေရာက်လာခဲ့တော့
ဂျီမင်းတို့မိဘ တွေက မုန့်တွေတပံုကြကျွေးလာခဲ့သည်။ ဒါတွေတဝကြီးစားအပြီး
ပန်းခင်းထဲ လျှောက်မွှေကာ မနေ့ညက ကိစ္စအကြောင်း စစ်ကြောရေးဝင်တော့သည်။

Love pills 💊 ☑️ Completed Where stories live. Discover now