6

3.2K 432 11
                                    

ရေ‌ေတွရှိနေတဲ့ ကြေးဇလုံးကြီးတလုံးနဲ့
အဝတ်စလေးတခု သူအရှေ့ရောက်
နေသည်ကို ဆူပုတ်ပုတ်‌နဲ့ကြည့်နေမိတုန်း
ကြားလိုက်ရတဲ့ ‌အသံကျယ်ကျယ်ကြောင့်
ဆော့ဂျင်ကိုယ်လေးပါ တုန်တက်သွားရသညါ။

"အခုထိ ကြမ်းမသုတ်သေးဘဲ
ဘာလုပ်နေတာလဲ!!!"

သူလိမ်လည်မူကြောင့် တကိုယ်လုံး
ရေစိုသွားခဲ့ရတဲ့အိမ်ရှေ့စံဟာ
ဝတ်စုံအသစ်လဲပြီးထွက်လာခဲ့ခြင်းပင်။

သူကိုကြ ချည်ထည်ဝတ်စုံတစုံကိုလဲစေရင်း
သူကို လိမ်လည်ခဲ့သည်အတွက် အိပ်ဆောင်တခုလုံးကို ပြောင်လက်သွားသည်အထိ
တိုက်ပေးရမညါဟု ပြစ်ဒဏ်ပေးလာခဲ့သည်။

"ဘယ်နေရာက စတိုက်ရမလဲ
စဉ်းစားနေတာပါ "

သူအပြစ်နဲ့သူမို့ လေသံဖျော့ဖျော့လေးနဲ့ပြောလာတဲ့ ဆော့ဂျင်ဟာ အိမ်ရှေ့စံထက် အိမ်ရှေ့စံ၏ အထိန်းတော်ကြီးရဲ့ အကြည့်ကိုပိုကြောက်ရသည်။

"စဉ်းစားချင်သေးသပါ့ဆို ညရောက်တဲ့အထိ
စဉ်းစား!!
ဒါပေမယ့် အိပ်ဆောင်တခုလုံး တောက်ပြောင်သွားတဲ့ အချိန်မှမင်း ပြန်ရလိမ့်မှာ
အာ့အချိန်က
မနက်မိုးလင်းရင် လင်းသွားပါစေ ;!!'

"ဗျာ!!!"

ထိုစကားကြောင့် ဆော့ဂျင် အဝတ်စလေးကို
ကောက်ယူကာ အလျှင်အမြန်ပင် ကြမ်းတိုက်ခြင်းအမူကို ပြုလုပ်တော့သည်။

~အဟင့်  ဘယ်ဘဝက ဝဠ်ကြွေးတွေများလဲနော် ၊ သူများတွေ ပွဲဈေးတန်းသွားနေချိန်မှာ
ငါက ကြမ်းတိုက်နေရတယ်တဲ့ အဟင့်~~
အဟင့်~~

မျက်ရည်လေးစမ်းလမ်းနဲ့ ကြမ်းတိုက်နေသော ဆော့ဂျင်ကို အိမ်ရှေ့စံမင်းသားတယောက် သဘောတကျကြည့်ရင်း 
ဟိုနား မပြောင်သေးဘူး ၊ ဒီနားမပြောင်သေးဘူးဟု  လက်ညိုးတညွှန်ညွန်ဖြင့် ခိုင်းစေနေတော့ပြန်သည်။

"ဟေ့သိုးပေါက်!! ပြန်တော့မလိုလား!!"

သူခဏလဲလျောင်းနေလိုက်တုန်း ကြမ်းအပီ့း
တိုက်သွားခဲ့ပုံရသော ဆော့ဂျင်ဟာ
ရေစိုသွားတဲ့ ဝတ်စုံလေးကို ယူရင်း ပြန်မလို
ပြင်နေတာမို့ လဲှနေရာက ထထိုင်ရင်း မေးမိသည်။

Love pills 💊 ☑️ Completed Onde histórias criam vida. Descubra agora