'ကြယ်' ဖတ်ဖို့ / 'ၾကယ္' ဖတ္ဖို႔

465 38 1
                                    

Unicode

တကယ်ဆို ညီမ ရယ်သံလေး‌တွေမှာ ချစ်ခြင်းမေတ္တာ အစပြုခဲ့ရတာ။

ညီမ မျက်နှာပြင်ပေါ်မှာ အပြုံးပွင့်လေးတွေအမြဲပန်ဆင်ထားနိုင်အောင် အစ်ကို က ဟာသတွေဖန်တီးပေးချင်ခဲ့တယ်၊
ဖန်တီးပေးနိုင်ခဲ့တဲ့အခါတွေကြ ညီမ အပြုံးလေးကိုကြည့်လို့ ရယ်သံလေးကိုနားထောင်ရင်း ပီတိဖြစ်ခဲ့ရတာပေါ့။

ရွှေစိတ်တော်လေး ဘယ်သောအခါမှ မညိုးနွှမ်းစေရအောင် အနိုင်လိုချင်တတ်တဲ့ ညီမ ကို အစ်ကို အမြဲအလျှော့ပေး၊ အရှုံးပေးခဲ့တယ်။

ရင်ခုန်ကြေး လောင်းကစားပွဲမှာတော့ အစ်ကို အရှုံးပေးခဲ့တာမဟုတ်ဘူး။
ရှုံးပြီးသား ပြိုင်ပွဲတစ်ခုကို ညီမ ဆီက ထပ်တူကျတဲ့ ရင်ခုန်သံ ပြန်လိုချင်ရုံသက်သက် ဖန်တီးခဲ့မိတာ။

အစ်ကို ဝန်ခံပါတယ်။
ညီမ နဲ့ ပက်သက်တဲ့ရန်ခုန်သံဟာ စ တွေ့ခါစကတည်းက ကျယ်လောင်ခဲ့တာ။

အစ်ကိုက ညီမ ကို "လှတယ်" ပြောရင် ဒါဟာ ရည်ညွှန်းချက် နှစ်မျိုးရှိတယ်။

ညီမ မျက်နှာလေးမြင်ရတဲ့အခါ၊ ဘာပြင်ဆင်မှုမှမပါရင်တောင် အစ်ကို့ အတွက် ညီမဟာ " သိပ်ကိုလှတယ် "

ဒါပေမယ့် အစ်ကို ညီမ ကို မြင်အောင်ကြည့်ရင်း ညီမ စိတ်ဝိဉာဉ်အထိ မြင်တတ်လာတဲ့အခါ
ညီမ လိပ်ပြာက " ပိုလှတယ် "

ညီမ က အစ်ကို့အတွက် သိပ်ကိုအရေးပါတဲ့ ဖြစ်တည်မှုလေး။
အစ်ကိုတန်ဖိုးထားပါ့မယ်။
ညီမ ခန္ဓာ မရှိတော့ဘဲ စိတ်ဝိဉာဉ် ဆိုတဲ့ အငွေ့အသက် ပဲကျန်တော့ရင်တောင် အစ်ကို အဲ့ဒီ အငွေ့အသက် တစ်ခုချင်းဆီရဲ့ မမြင်နိုင်တဲ့ ထုထည်လေးက အစ တန်ဖိုးထားပါ့မယ်။

ညီမ မျက်နှာပြင်ပေါ်က မှည့်စက်လေးနှစ်ခုကစလို့ ညီမ လျှောက်လှမ်းလိုက်လို့ ပြန့်ကျဲသွားမယ့် သဲမှုန်‌လေးတွေအထိ အစ်ကို မြတ်နိုးပါ့မယ်။

ငယ်ငယ်ကတည်းက လိုချင်တာကို မရရအောင်ယူတတ်တဲ့ အစ်ကိုဟာ ပထမဆုံးအကြိမ် အစ်ကို မြတ်နိုးတဲ့ ညီမကို အဝေးကကြည့်နေရရုံနဲ့ ကျေနပ်နေမိခဲ့တယ်။

မပိုင်ရင် ခြင်တောင် မရိုက်တတ်တဲ့ကောင်ဟာ ညီမ တခြားတစ်ယောက်ကို သဘောကျနေခဲ့မှန်း သိနေတာတောင် အစ်ကို့ ခံစားချက်တွေကို ရိုးသားစွာ ဖွင့်ဟ ဝန်ခံခဲ့ပြန်တယ်။
ဘယ်မလဲ မာန။

Fly Me to the Star( Completed )Where stories live. Discover now