Chapter 4

878 85 0
                                    

Unicode

"အဆင်ပြေသွားပြီလား"

ညဘက် အိပ်ရာပေါ်မှာ ကျွန်တော့် ခွေးလေး ဝူဒီကိုပွတ်ပေးရင်း ရည်မွန့် phone ကိုပြန်ဖြေလိုက်သည်။

"မပြေသေးဘူး..ငါဘာလုပ်သင့်လဲ"

"ပြန်ပြီးသေချာညှိကြပါ..ငါးနှစ်ဆိုတာကြီးက နည်းတာမှမဟုတ်တာ..ပြီးတော့ state ထဲက မင်းတို့ဘယ်လောက်ချစ်မှန်းငါသိနေတာပဲ"

"ဒါမယ့် ငါကိုယ်တိုင်ကိုက ရှေ့မဆက်ချင်တော့သလို အဆင်မှမပြေတာ"

"ငါပြောပြမယ် အဆင်မပြေတာတွေက နောက်မှ ညှိယူလို့ရတယ်..လောလောဆယ်တော့ ပြန်ဆွဲစမ်းပါလက်မလွှတ်လိုက်နဲ့"

သူ့စကားကြောင့် ကျွန်တော် ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်သည်။

"အင်း ဒါဆို ငါသူ့ကိုစကားသွားပြောလိုက်ဦးမယ် တက်တာ"

"အဆင်ပြေသွားမှာပါ"
ပြောပြီး phone ချ သွားသည်။

Messenger ထဲက စကားပြောနေကြ conversation ထဲဝင်လိုက်ပြီး

"ငါတို့ဒီတစ်ခါတော့ ပြတ်ပြတ်သားသား လမ်းခွဲကြရအောင်"

မဆိုင်းမတွဘဲ ပို့လိုက်သည်။

အရင်စိတ်နဲ့သာဆိုတကယ် ဆွဲထားမှာ၊ အကြိမ်ကြိမ်လည်း ဆွဲထားခဲ့ဖူးဝာာပဲ။
ဒါပေမယ့် အခုလို ဆွဲမထားချင်တော့ဘူးဆိုကတည်းက ကျွန်တော်ကိုယ်တိုင်ကိုက ဒါကြီးကိုအဆုံးသတ်ချင်နေတာပဲ။

"နင်သေချာလားနှိုင်း"

"အင်း ငါဆုံးဖြတ်ပြီးပြီ"

"ကောင်းပြီလေ ဒါဆိုလဲ"

ပြီးတာနဲ့ ဘာမှထပ်ပြောချင်စိတ်မရှိတာကြောင့် ချိတ်ထားတဲ့ wifi ကိုချက်ချင်းပိတ်ပြီး phone ကို ဘေးကထိုင်ခုံပေါ်ပစ်တင်လိုက်သည်။

ခေါင်းအုံးကိုခုပြီး မိုးလင်းပေါက်ထိ ဝအောင်ငိုနေလိုက်သည်။

ကျွန်တော် အသုံးမကျလို့လည်း မဟုတ်သလို သူမ မကောင်းလို့လည်းမဟုတ်။
တစ်ယောက် အပေါ်တစ်ယောက် ချစ်ရက်နဲ့ toxic ဖြစ်နေတဲ့ မပျော်ရတဲ့ relationship ကြီးကို အဆုံးသတ်ချင်ရုံသပ်သပ်။

Fly Me to the Star( Completed )Onde histórias criam vida. Descubra agora