Chapter 12

593 53 0
                                    

Unicode

ပန်းချီဆွဲတဲ့ board ကိုယူ၊ ထိုင်ခုံပေါ်ထိုင်၊ စုတ်တံကို ကိုင်ပြီး အရောင်ဘူးတွေကို တစ်ချက်စိုက်ကြည့်လိုက်သည်။

"ညီမက အပြာရောင်ကြိုက်တယ်" ဆိုတဲ့စကားကြောင့် ကျွန်တော် အပြာလေးမြင်တိုင်း လှလိုက်တာဆိုပြီး ကြည့်မိသလို တစ်ခုခုရွေးစရာရှိလာရင်လည်း အပြာကိုပဲ ရွေးမိခဲ့တယ်။

အပြာရောင်ခွက်ထဲ စုတ်တံကို တစ်ချက်နှစ်လိုက်သည်။

ကြယ် ဟာ စကြာဝဠာထဲမှာ..
ကျွန်တော့် စကြာဝဠာဟာ ကြယ်..

အရင်က ကြောင်မချစ်တတ်တဲ့ကျွန်တော်က
ကြောင်လေးတွေချစ်တတ်တဲ့ သူမ ကြောင့် ရွှေဝါနဲ့တောင် တော်တော်အဆင်ပြေနေပြီး ကြောင်ပုံလေးတွေတွေ့တိုင်းလည်း တကယ်ချစ်ဖို့ကောင်းပါလားဆိုပြီး ပုံလေးတွေ save မိခဲ့တယ်။

နောက်ထပ် စုတ်တံတစ်ခုကို အဝါရောင်ခွက်ထဲ နှစ်လိုက်သည်။

သီချင်းတွေက ကျွန်တော့် ကို မတူညီတဲ့ ကမ္ဘာတစ်ခုကို ဆွဲခေါ်သွားသလိုခံစားရတာကြောင့် ကျွန်တော် သီချင်းနားထောင်ရတာအရမ်းသဘောကျတယ်..

ကျွန်တော် ကောင်ဆိုးလေး ကို မေးဖူးတယ်။
"ဘယ်လိုသီချင်းတွေနားထောင်ရတာကြိုက်လဲ" လို့မေးတော့

သူမ က

"Lofi type လေးတွေသဘောကျတယ်"

လို့ပြန်ဖြေတဲ့နေ့ကစပြီး ကျွန်တော်သီချင်းနားထောင်တိုင်း Lofi လေးတွေ ထည့်ထည့်နားထောင်ရင်း သိပ်သဘောကျလာတယ်။

သူမ နဲ့ စ စကားပြောဖြစ်ခဲ့တဲ့ October 4/ 4:44 ကို အလိုလို မှတ်မိနေခဲ့တယ်။

အရင်က အူကြောင်ကြောင်နိုင်တယ်လို့ထင်ခဲ့တဲ့ sticker လေးတွေက သူမ သုံးမှ ပိုချစ်ဖို့ကောင်းတယ်လို့ မြင်လာတယ်။

နောက်ဆုံး ကျွန်တော့် ဘဝမှာ အလှဆုံးအရာကို ဖော်ပြပါဆိုရင် ကောင်းကင်ပေါ်က 'ကြယ်' တွေကို လက်ညိုးထိုးပြမိမယ်ထင်တယ်။

ခံစားချက်တွေကိုတော့ ချဆွဲလိုက်တဲ့အခါ ကျွန်တော် ရှင်သန်နေထိုင်တဲ့ စကြာဝဠာဟာ ပုံပေါ်လာခဲ့တယ်။

Fly Me to the Star( Completed )Where stories live. Discover now