Chapter 17 ( Pre Final )

930 63 0
                                    

Unicode

ကျွန်တော် ကြယ့်ကို စကားသွားမပြောမိအောင် ထိန်းထားတာ 10 ရက်ကျော်လောက်ရှိသွားပြီ။ ဘာလိုလိုနဲ့ January လ ထဲတောင်ဝင်လာပြီ။ 12 ရက်နေ့ ဆို ကောင်ဆိုးလေး မွေးနေ့တောင် ရောက်တော့မှာဘဲ။

Newsfeed ကြည့်ရင်း ကြယ်က နေမကောင်းဘူး ဆိုပြီး post လေး share ထားတာကြောင့် မနေနိုင်တော့ဘဲ message သွားပို့လိုက်သည်။

"နေမကောင်းဘူးလား"

"ကောင်းဘူး"

"အိပ်ရေးဝဝအိပ်ဦး"

"အိပ်ပါတယ်"

"ပြီးရော..အဲ့ဆို လိုအပ်ရင်လာခေါ်နော်"

"အဲ့လိုရှိလို့လားးလို့"

"အဲ့ဆို သတိရရင်လာခေါ်"

"အဲ့ဆိုခု"

အော် ညီမရယ်၊ အစ်ကို့ရင်ထဲမှာ နွေးထွေးသွားပြီး ပြုံးမိရပြန်တယ်။

"အစ်ကိုလည်းအများကြီး သတိရတယ်"

"သွားပါ..စကားတောင်လာမပြောဘဲနဲ့များ"

"နှောက်ယှက်မိမှာစိုးလို့ပါ"

"တော်ပါဗျာ"

ကျွန်တော် စကားလာမပြောလို့ စိတ်ကောက်နေတယ်လို့ တစ်ဖက်သက်ကောက်ချက်ချပြီး ပြုံးလိုက်သည်။

"Birthday ကြဘာကျွေးမှာလဲ"

"ရော့"
စားစရာပုံတွေ ကျွန်တော့်ကို လာပို့ပေးသည်။

"အိမ်ကိုရောက်အောင်လာပို့"

"ဒီကဘဲ စားလိုက်တော့"

"အဲ့ဆို မွေးနေ့လက်ဆောင်လည်း ဒီကပဲပြန်ပေးမယ်"

"ရတယ် ဒီကပဲပေး"

ကျွန်တော် အခုထိ ဒီကောင်မလေးကို မွေးနေ့လက်ဆောင် ဘာပေးရမှန်းမစဉ်းစားရသေးဘူး။
ပစ္စည်း ဥစ္စာတွေထက် အမှတ်တရဖြစ်စေပြီး ပျော်ရမယ့် အရာ တစ်ခုခုတော့ ပေးဖြစ်မယ်ထင်တယ်။

-------------------------------------------------

January 11/ 11:55 p.m

မွေးနေ့ရှင်ထက် ကျွန်တော်ဟာ ပိုစိတ်လှုပ်ရှားနေမိတယ်။
ကျွန်တော် မြတ်နိုးတဲ့ ကောင်မလေး လူ့လောကထဲ ရောက်လာတဲ့နေ့ရက်ကလည်း ကျွန်တော့်အတွက် တန်ဖိုးရှိတဲ့ နေ့လေးပဲမလား။

Fly Me to the Star( Completed )Where stories live. Discover now