Chapter 13

568 64 2
                                    

Unicode

အဲ့ဒီနေ့က ကျွန်တော် သူမ ကိုဘယ်လောက် မြတ်နိုးကြောင်း တွေးရင်း စာသင်ခန်းထဲမှာ တစ်ယောက်တည်း အပြာရောင် စက္ကူလေးကို ဒေါင်လိုက် အရှည်လေးဖြဲပြီး ကြယ်ပွင့်လေးကို ရူးသွပ်စွာ ခေါက်နေမိသည်။

သူမ နဲ့ ပက်သက်ခဲ့တဲ့ တစ်လ ကျော်ကျော်အချိန်လေးဟာ ကျွန်တော် အသက်ရှင်လာရတဲ့ 18 နှစ်ကာလပတ်လုံးထက် တန်ဖိုးပိုရှိသည်။

ဒါပေမယ့် ပြတင်းပေါက်ကနေတစ်ဆင့် ကျောင်းဝန်းထဲကို လှည့်ကြည့်လိုက်သည့်အချိန် မြင်‌တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် ကျွန်တော့် အတွေးတွေ တစ်စစီ ပျက်ပြယ်သွားသည်။
ကျွန်တော် မြတ်နိုးတဲ့ ကောင်ဆိုးလေးဟာ သူမ မြတ်နိုးတဲ့ ကောင်လေး လက်ကိုတွဲလို့။
ကျွန်တော်ထင်ခဲ့တဲ့ ကောင်လေးနဲ့ပါဘဲ။

အရာအားလုံးက မြန်ဆန်လွန်းသည်။

တစ်ယောက်ထဲ ကမ္ဘာပျက်ခဲ့ရတယ်လို့ပြောရင် ကျွန်တော် အတိသယဝုတ္တိအလင်္ကာနဲ့ ဖွဲ့ဆိုတာမဟုတ်ဘူး။ သူမ တစ်ယောက်ဘဲရှိခဲ့တဲ့ ကျွန်တော့်ကမ္ဘာဟာ တကယ်ကိုပျက်ခဲ့ရတာ။

တစ်နေကုန် သူမ ကျွန်တော့်ကို စကားလေးတစ်ခွန်းတောင် လာမပြောခဲ့ဘူး။

ညရောက်တော့ မနေနိုင်တဲ့ ကျွန်တော်ကဘဲ စပြီး message ပို့ရသည်။

"စဉ်းစားပြီးသွားပြီပေါ့"

"Ammhmm"

ဒီနှစ်ကြောင်းနဲ့တင် ပြီးသွားသည်။

သေချာပါတယ်။ ဒီလောက်နေနိုင်နေပုံထောက်ရင် သူမ ကျွန်တော့်အပေါ်ထားတဲ့ခံစားချက်ဟာ ဒွိဟဖြစ်စရာတောင်မလိုလောက်တဲ့အထိ ပြတ်သားနေ လွန်းသည်။

ကလေးစိတ်မကုန်သေးတဲ့ကျွန်တော်ဟာ မြတ်နိုးတဲ့အရာလေး တစ်ခြားသူ လက်ထဲရောက်သွားပြီ ဆိုတဲ့အသိနဲ့ ငိုကြွေးရပြန်တယ်။

မဟုတ်ဘူး ငါငိုနေလို့မဖြစ်ဘူး၊
ဒီအချိန်က ဆုတောင်းဖို့ အကောင်းဆုံးအချိန်ဘဲ။
ကုတင်ပေါ်ကနေ ပြေးထပြီး ပြတင်းပေါက်ကို ဆွဲဖွင့်လိုက်သည်။

ကောင်းကင်မှာ တကယ်ကို ကြယ်တွေပြည့်နှက်နေခဲ့တယ်။

လက်နှစ်ဖက်ကို ပူး၍ဆုပ်ကိုင်လိုက်ပြီး မျက်လုံး မှိတ်လိုက်သည်။

Fly Me to the Star( Completed )Where stories live. Discover now