Chapter 3

969 96 0
                                    

Unicode
---------

ကားပေါ်မှာ ယခင် radio သံအစား နှိုင်းနဲ့ နွေဦး ရန်ဖြစ်စကားများသံက နေရာယူနေသည်။

"ငါတကယ်စိတ်ပျက်တယ် နှိုင်းရယ်"

ကားကိုဂရုတစိုက်မောင်းရင်း
"ငါကကော စိတ်မပျက်ဘဲအရမ်းပျော်နေတယ်ထင်နေတာလား"

နှိုင်းကဆက်ပြီး

"ဘာမှမဟုတ်တဲ့ ကိစ္စသေးသေးလေးကအစ တကယ်အဲ့လို ပြဿနာလိုက်ရှာနေမှဖြစ်မှာလား"

"ငါကပဲ ပြဿနာရှာနေတာပေါ့၊ နင်ကသာ ငါဘာပြောပြောအပြစ်မြင်နေတာ"

နွေဦးကလည်း အလျှော့ပေးမည့်ပုံမပေါ်။

"ငါတကယ်.."

နှိုင်းဆက်ပြောမယ်လုပ်ပြီးမှ ရင်ထဲစို့နင့်သွားသလိုခံစားရတာကြောင့် စကားထစ်သွားသည်။

"မင်းနဲ့နေရတာ ချစ်သူတစ်ယောက်နဲ့နေနေရသလိုမခံစားရဘူး..ငါတစ်ဖက်သက်ချစ်တဲ့သူနဲ့နေနေရသလိုဘဲ" စကားကိုဆုံးအောင် အားတင်းပြီး ပြောလိုက်သည်။

"နင်ငါ့အချစ်ကိုအဲ့လိုမစော်ကားနဲ့ နှိုင်း..ငါနင့်ကို ဘယ်လောက်ချစ်လဲငါ့ကိုယ်ငါပဲသိတယ်"

ဒါဆိုဘာလို့ အမြဲပစ်ထားဝာာလဲ..ဘာလို့တခြားအတွဲ‌တွေလိုကြည်နူးစရာဘာမှမရှိရတာလဲ..ဒီတိုင်းနှစ်တွေအကြာကြီးတွဲနေတဲ့ အတွဲဆိုတဲ့ အပေါ်ယံအခွံကြီးကလွဲပြီး တကယ်တမ်းအတွင်းမှာဘာမှမရှိတဲ့ ဟောင်းလောင်းပေါက်ကြီးလိုပင်။

Harry styles သီချင်းထဲက lyrics ကို တစ်ချက်သတိရသွားသည်။

"We're not who we used to be

We're just two ghosts standing in the place of you and me

Trying to remember how it feels to have a heartbeat"🎶

စိတ်ထဲမှာတော့ပြောချင်တာတွေအများကြီးရှိနေပေမယ့် ထုတ်ပြောပြီး ရှင်းပြဖို့်အတွက်အရမ်းပင်ပန်းတယ်။ အရင်ကလည်း ခံစားရတာတွေ‌ကို ဘယ်လောက်ထုတ်ပြောထုတ်ပြော အရာထင်ခဲ့တာမှမဟုတ်ဘဲ။

"ထားလိုက်တော့ ငါဘာမှမပြောချင်တော့ဘူး"

"လမ်းခွဲရအောင်"

နွေဦးစကားကြောင့် နှိုင်း ကားကိုရုတ်တရက် ဘရိတ်အုပ်ပြီးရပ်လိုက်တော့ နွေဦးက ချက်ချင်း ကားပေါ်ကဆင်းပြီး တံခါးကိုဆောင့်ပိတ်၍ ထွက်သွားသည်။

Fly Me to the Star( Completed )Where stories live. Discover now