ခပ်ဖွဲဖွဲကျနေတဲ့နှင်းတွေကြားထဲ စိတ်လွတ်လက်လွတ်ပြေးလွှားရင်းခုန်ပေါက်ကြမယ် မီးလင်းဖိုဘေးထိုင်ရင်း အတိတ်တွေဆီပြန်အလည်သွားကြမယ် အိပ်ခါနီးတိုင်းချစ်တယ်ဆိုတဲ့စကားအစား နဖူးကိုခပ်ဖွဖွနမ်းမယ် မမကသိုးမွှေးထိုးနေချိန်ချယ်ကတော့ မမရဲ့ပုံရိပ်တွေကိုပန်းချီတွေအဖြစ်ပြန်အသက်သွင်းမယ် ညအခါတွေမှာတီဗီရှေ့ထိုင်ရင်း တစ်ယောက်ကိုတစ်ယောက်ပွေ့ဖက်ထားကြမယ် ကမ္ဘာဟာထင်သလိုဖြစ်မလာတဲ့အခါ မမလက်ကိုခပ်တင်းတင်းဆုပ်ကိုင်ထားပေးမယ် ပြန်တွေ့ဖြစ်ကြရင်ပေါ့မမရယ် တစ်နေ့တော့သေချာပေါက်ပြန်ဆုံကြမယ် ဘယ်သူမှမရှိတဲ့ကမ္ဘာရဲ့ထောင့်စွန်းလေးထဲသံစဉ်တွေနဲ့အတူမြောလွင့်ကြမယ်..။ [ Unicode × Zawgyi ] - Mina × Chaeyoung - TWICE