Emperor and the Knightness (Z...

By CrystSnow

18.8K 2.5K 146

Read Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing... More

Introduction
အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၎
အခန်း ၅
အခန်း ၆
အခန်း ၇
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း ၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၉
အခန်း ၂၀
အခန်း ၂၁
အခန်း ၂၂
အခန်း ၂၃
အခန်း ၂၄
အခန်း ၂၅
အခန်း ၂၆
အခန်း ၂၇
အခန်း ၂၈
အခန်း ၂၉
အခန်း ၃၀
အခန်း ၃၁
အခန်း ၃၂
အခန်း ၃၃
အခန်း ၃၄
အခန်း ၃၅
အခန်း ၃၆
အခန်း ၃၇
အခန်း ၃၈
အခန်း ၃၉
အခန်း ၄၀
အခန်း ၄၁
အခန်း ၄၂
အခန်း ၄၃
အခန်း ၄၄
အခန်း ၄၅
အခန်း ၄၆
အခန်း ၄၇
အခန်း ၄၈
အခန်း ၄၉
အခန်း ၅၀
အခန်း ၅၁
အခန်း ၅၂
အခန်း ၅၃
အခန်း ၅၄
အခန်း ၅၅
အခန်း ၅၆
အခန်း ၅၇
အခန်း ၅၈
အခန်း ၅၉
အခန်း ၆၀
အခန်း ၆၁
အခန်း ၆၂
အခန်း ၆၃
အခန်း ၆၄
အခန်း ၆၅
အခန်း ၆၆
အခန်း ၆၇
အခန်း ၆၈
အခန်း ၆၉
အခန်း ၇၀
အခန်း ၇၁
အခန်း ၇၂
အခန်း ၇၃
အခန်း ၇၄
အခန်း ၇၅
အခန်း ၇၆
အခန်း ၇၇
အခန်း ၇၈
အခန်း ၇၉
အခန်း ၈၀
အခန်း ၈၁
အခန်း ၈၂
အခန်း ၈၃
အခန်း ၈၄
အခန်း ၈၅
အခန်း ၈၆
အခန်း ၈၇
အခန်း ၈၈
အခန်း ၈၉
အခန်း ၉၀
အခန်း ၉၁
အခန်း ၉၂
အခန်း ၉၃
အခန်း ၉၄
အခန်း ၉၅
အခန်း ၉၆
အခန်း ၉၇
အခန်း ၉၈
အခန်း ၉၉
အခန်း ၁၀၀
အခန်း ၁၀၁
အခန်း ၁၀၂
အခန်း ၁၀၃
အခန်း ၁၀၄
အခန်း ၁၀၅
အခန်း ၁၀၆
အခန်း ၁၀၇
အခန်း ၁၀၈
အခန်း ၁၀၉
အခန်း ၁၁၀
အခန်း ၁၁၁
အခန်း ၁၁၂
အခန်း ၁၁၃
အခန်း ၁၁၄
အခန်း ၁၁၅
အခန်း ၁၁၆
အခန်း ၁၁၇
အခန်း ၁၁၈
အခန်း ၁၁၉
အခန်း ၁၂၀
အခန်း ၁၂၁
အခန်း ၁၂၂
အခန်း ၁၂၃
အခန်း ၁၂၄
အခန်း ၁၂၅
အခန်း ၁၂၆
အခန်း ၁၂၇
အခန်း ၁၂၈
အခန်း ၁၂၉
အခန်း ၁၃၀
အခန်း ၁၃၁
အခန်း ၁၃၂
အခန်း ၁၃၃
အခန်း ၁၃၄
အခန်း ၁၃၅
အခန်း ၁၃၆
အခန်း ၁၃၇
အခန်း ၁၃၈
အခန်း ၁၃၉
အခန်း ၁၄၀
အခန်း ၁၄၁
အခန်း ၁၄၂
အခန်း ၁၄၃
အခန်း ၁၄၄
အခန်း ၁၄၅
အခန်း ၁၄၆
အခန်း ၁၄၇
အခန်း ၁၄၈
အခန်း ၁၄၉
အခန်း ၁၅၀
အခန်း ၁၅၁
အခန်း ၁၅၂
အခန်း ၁၅၃
အခန်း ၁၅၄
အခန်း ၁၅၅
အခန်း ၁၅၆
အခန်း ၁၅၇
အခန်း ၁၅၈
အခန်း ၁၅၉
အခန်း ၁၆၁
အခန်း ၁၆၂
အခန်း ၁၆၃
အခန်း ၁၆၄
အခန်း ၁၆၅
အခန်း ၁၆၆
အခန်း ၁၆၇
အခန်း ၁၆၈
အခန်း ၁၆၉
အခန်း ၁၇၀
အခန်း ၁၇၁
အခန်း ၁၇၂
အခန်း ၁၇၃
အခန်း ၁၇၄
အခန်း ၁၇၅
အခန်း ၁၇၆
အခန်း ၁၇၇
အခန်း ၁၇၈
အခန်း ၁၇၉
အခန်း ၁၈၀
အခန်း ၁၈၁
အခန်း ၁၈၂
အခန်း ၁၈၃
အခန်း ၁၈၄
အခန်း ၁၈၅
အခန်း ၁၈၆
အခန်း ၁၈၇
အခန်း ၁၈၈
အခန်း ၁၈၉
အခန်း ၁၉၀
အခန်း ၁၉၁
အခန်း ၁၉၂
အခန်း ၁၉၃
အခန်း ၁၉၄
အခန်း ၁၉၅
အခန်း ၁၉၆
အခန်း ၁၉၇
အခန်း ၁၉၈
အခန်း ၁၉၉

အခန်း ၁၆၀

51 7 0
By CrystSnow

Cekel က သူမလက်ကို ကြည့်ကာ တီးတိုးရေရွတ်လိုက်သည်.

"သူ့ဟာက... အဲ့တာက ကြီးတယ်"

'အားးးးးးးးးး. သူ့ဟာက ကြီးတယ်'

Cekel မှာ အစ်ကိုနှစ်ယောက်နဲ့ မောင်တစ်ယောက်ရှိတာကြောင့် ယောက်ျားလေးအစိတ်အပိုင်းရဲ့ ပျမ်းမျှအရွယ်အစားကို သိနေသည်. Acreia မှာ ရေချိုးကန်တွေက နာမည်ကြီးပြီးတော့ အမျိုးသားတွေက ပြင်ပရေချိုးကန်တွေမှာ မကြာခဏရေချိုးလေ့ရှိကာ အဝတ်မဝတ်ပဲ အိမ်ပြန်လေ့ရှိကြသည်. Cekel ကလဲ သူမရဲ့ အစ်ကိုတွေ မောင်တွေ အဝတ်မပါပဲ မြင်ဖူးနေသည်.

တကယ်လို့ Cekel က Sir Ainno မှာ သာမာန်အရွယ်အစားသာရှိမယ်လို့ ထင်ခဲ့ပြီး သူ့ရဲ့ အရွယ်အစားက တကယ်ပဲ သာမာန်ထက်ပိုကြီးနေခဲ့ရင်... ဒီနည်းလမ်းက အလုပ်ဖြစ်မှာ မဟုတ်ပေ. သူ့ကို ထိတွေ့ကိုင်တွယ်ပြီးတော့ ရယ်ပစ်ဖို့က ပိုတောင်ခက်ခဲဦးမည်. ပြီးတော့ တကယ်လို့ သူမက ရယ်ခဲ့ရင်တောင်မှ သူမ လိမ်ညာနေမှန်း သူသိသွားလောက်သည်.

သူမရဲ့ နောက်ဆုံးနည်းလမ်းက အလုပ်မဖြစ်တော့ Cekel က Sir Ainno ကို ရှောင်ရှားဖို့ပဲ အာရုံစိုက်လိုက်တော့သည်. သူမက အိမ်ကိုတောင် မပြန်ဖြစ်တော့ပဲ မောင်းမဆောင်မှာသာ နေထိုင်စားသောက်နေတော့သည်. Sir Ainno က Sir Beke နဲ့ Deke တို့ရဲ့ အထက်အရာရှိဖြစ်ပြီး သူက သူတို့အိမ်ကို အချိန်မရွေးလာလည်နိုင်တာကြောင့် ဒါက အကြံကောင်းတစ်ခုဖြစ်သည်.

ဒီအချိန်မှာတော့ Sir Ainno က Cekel ကို အမှန်တကယ်ချစ်မြတ်နိုးတာရော ဟုတ်ရဲ့လားဆိုတာကို Poliana က သိချင်နေသည်. Lady Cekel ကတော့ အဲ့လိုမဖြစ်နိုင်ဘူးလို့ သေချာနေသည်.

သူတို့စတွေ့တုန်းက အကြောင်းကို Cekel က ရှင်းပြလာသည်. အဲ့တာက အရမ်းအနေရခက်တဲ့ အနေအထားမျိုးဖြစ်ခဲ့သည်. ဒါပေမဲ့ သူတို့နှစ်ယောက်တည်းကျန်နေချိန်မှာတော့ Sir Ainno က သူမကို နမ်းခဲ့သည်. အဲ့နေ့ကစပြီး အခွင့်အရေးရတိုင်း Sir Ainno က သူမအပေါ် အသားယူခဲ့သည်. သူက သူမကို အတင်းဖက်တာပဲဖြစ်ဖြစ် သူ့ကိုယ်နဲ့ ပိတ်ထားလို့ရအောင် နံရံဘက်တွန်းကပ်တာပဲဖြစ်ဖြစ် လုပ်တတ်သည်. သူမရဲ့ နာမည်ထိခိုက်စေမဲ့ အရာတွေအများကြီးကို လုပ်ခဲ့ပေမဲ့ Sir Ainno က သူမကို စိတ်ဝင်စားနေကြောင်းနဲ့ ပိုးပန်းနေတဲ့အကြောင်းကိုတော့ လူတွေသိအောင် မပြောခဲ့ပေ.

သူဘာလို့ ဒီလိုလုပ်နေရတာလဲဆိုတဲ့အကြောင်းပြချက်တစ်ခုကိုပဲ Cekel က စဉ်းစားမိသည်.

'သူက ငါ့ကို လက်ထပ်ဖို့မဟုတ်ပဲ ဒီအတိုင်းအိပ်ယာထဲ ခေါ်သွားချင်နေတာပဲ'

Cekel က ဘယ်တော့မှ လက်မထပ်တော့ဖို့ ကျိန်ဆိုထားတဲ့ အပျိုကြီးတစ်ယောက်ဖြစ်သည်. သူမက သူ့လက်အောက်ငယ်သားတွေရဲ့ အစ်မဖြစ်တာကြောင့် သူက သူမတို့မိသားစုတစ်ခုလုံးထက် အဆင့်မြင့်သည်. Sir Ainno က သူမကို အမြတ်ထုတ်ဖို့သာ ကြိုးစားနေတာဖြစ်ကြောင်း Cekel က ယုံကြည်ခဲ့သည်.

Cekel က သူ့ရဲ့ကစားစရာဖြစ်လာဖို့ စိတ်မဝင်စားချေ. သူမက သူမရဲ့ အချိန်တော်တော်များများကို တခြားအကူတွေနဲ့ အတူကုန်ဆုံးကာ Sir Ainno နဲ့ မတွေ့မိအောင် တတ်နိုင်သမျှ ရှောင်ရှားနေခဲ့သည်. ဒီလူနှစ်ယောက်ကြားမှာ ဖြစ်ပျက်နေတာကို သိနေတဲ့သူကတော့ Poliana ပဲဖြစ်သည်. Poliana က ဒီ'ခေါင်းမာတဲ့ကောင်'ကို သိနေမလားဆိုပြီး Cekel က သံသယရှိနေပေမဲ့ သူမက သူ့နာမည်ကို တစ်ခါမှ ထုတ်မပြောခဲ့ပေ. မဖြစ်မနေထုတ်ပြောရမဲ့ အချိန်မရောက်မချင်း Poliana ကို သူ့ရဲ့အကြောင်းကို မပြောဖို့ သူမစီစဉ်ထားခဲ့သည်.

Sir Ainno ဒုက္ခရောက်နေတာကို ကြည့်ရတာ Poliana အဖို့ ပျော်စရာကောင်းနေသည်. သူက ဘယ်သူ့ကိုမှ ပိုးပန်းဖူးခြင်းမရှိတာ သိသာနေပြီး Poliana ကလဲ သူ့ကို ကူညီဖို့ စိတ်မဝင်စားပေ. သူက Cekel ကို အမှန်တကယ်ချစ်မြတ်နိုးနေရင်တောင်မှ သူမအပေါ် သူ့ရဲ့ချစ်ခင်နှစ်သက်မှုကို ပြသဖို့ အတင်းအကျပ်ကြိုးစားနေတာက မှားယွင်းနေသေးသည်.

ပြီးတော့ သူက အမှန်တကယ်စိတ်ရင်းရှိခဲ့ရင် သူ့အနေနဲ့ သူမကို လက်ထပ်ဖို့ လူသိရှင်ကြား ကမ်းလှမ်းသင့်သည်.

'သူ ဝတ္ထုလေးဘာလေးဖတ်သင့်တာ'

Sir Ainno က သူ့ဘဝတစ်ခုလုံးကို ဧကရာဇ်ကိုကာကွယ်ရင်း အမှုထမ်းခဲ့တာကြောင့် အချစ်နဲ့ ပတ်သက်လာချိန်မှာတော့ သူက အရူးတစ်ယောက်ဖြစ်သွားခဲ့သည်. သူ့အချစ်က အစစ်အမှန်ဖြစ်နေလို့ သူ့ဦးနှောက်က အလုပ်မလုပ်တော့တာလား? အဲ့တာကြောင့် သူက ဘာကိုမှ သေချာမတွေးတောနိုင်တော့တာလား? ဒါမှမဟုတ် သူက အဆင့်မြင့်တဲ့သူဖြစ်နေလို့ သူလုပ်ချင်တာလုပ်လို့ရတယ်လို့များ ထင်နေတာလား?

အထက်တန်းလွှာအသိုင်းအဝိုင်းမှာတော့ အမျိုးသားနဲ့ အမျိုးသမီး ချိန်းတွေ့ဖို့က နည်းလမ်းနှစ်ခုရှိသည်. လက်ထပ်ပြီးတာ ဒါမှမဟုတ် တရားဝင်စေ့စပ်ကြောင်းလမ်းပြီးမှသာ သူတို့က တစ်ယောက်နဲ့တစ်ယောက် ချိန်းတွေ့နိုင်ကြတာဖြစ်သည်. Sir Ainno က သွေးပူတက်ကြွနေတဲ့ အသက် ၂၀ အရွယ်ယောက်ျားလေးတစ်ယောက်မဟုတ်ပဲ အခြေအနေတွေကို ပိုပြီးသဘောပေါက်သင့်တဲ့ ရင့်ကျက်နေတဲ့ အမျိုးသားတစ်ယောက်ဖြစ်နေခဲ့ပြီ. ဒါဆို သူက ဘာလို့ အရူးတစ်ယောက်လို ပြုမူနေရတာလဲ?

သူလုပ်ဖို့လိုတာက သူမကို လက်ထပ်ဖို့ ကမ်းလှမ်းလိုက်ဖို့ပဲဖြစ်သည်. ဒီနည်းလမ်းကသာ Sir Ainno က သူမကို အမှန်တကယ်ဂရုစိုက်မှန်း Cekel အနေနဲ့ သိနိုင်မှာဖြစ်ပြီး. Sir Ainno ကလဲ သူချစ်တဲ့ အမျိုးသမီးကို လက်ထပ်နိုင်မှာပဲဖြစ်သည်.

***

ရိုးရာပွဲအတွက် ပြင်ဆင်တာပြီးသွားချိန်မှာတော့ ဧကရာဇ်က သူရွေးချယ်ထားတဲ့လူတွေကို အခမ်းအနားစတင်ဖို့ အချက်ပြလိုက်သည်. လူငယ်တွေက အရက်စည်တွေကို သယ်ထားကာ သစ်သားဇွန်းအရှည်ကိုသုံးပြီးတော့ အရက်တွေနဲ့ ရဲတိုက်နံရံကို ပက်ဖြန်းနေသည်. သူတို့က တစ်လက်မချင်းစီပက်ဖြန်းဖို့လိုအပ်ပြီး တစ်နေ့တည်းနဲ့ အပြီးလုပ်ဖို့ လိုအပ်တာကြောင့် ဒါက ပင်ပန်းတဲ့အလုပ်ပဲဖြစ်သည်.

နေမဝင်ခင်မှာပဲ ဒီလူတွေက အလုပ်ပြီးသွားခဲ့သည်. သူတို့ ပြန်ရောက်လာတော့ ဧကရာဇ်က သူတို့ရဲ့ ကြိုးစားအားထုတ်မှုကို ချီးကျူးလိုက်ပြီး သူတို့ကို အရက်ခွက်ကမ်းပေးလိုက်သည်. ဒီအရက်က နံရံကိုဖြန်းတဲ့နေရာမှာ သုံးခဲ့တဲ့ ဈေးပေါတဲ့အရက်တွေမဟုတ်ပဲ အကောင်းစားအရက်တွေဖြစ်သည်.

အရက်ခွက်ကို ပထမဆုံးလက်ခံတဲ့သူကတော့ Sir Ainno ဖြစ်သည်. သူက ခွက်ကို လျင်မြန်စွာနဲ့ ရှင်းလိုက်ပြီး ဧကရာဇ်က သူ့ကို ပြောလိုက်သည်.

"မင်းအတွက် အရမ်းကံကောင်းတဲ့ နှစ်တစ်နှစ်ဖြစ်လာတော့မှာ Sir Ainno"

"ကျွန်တော့်ရဲ့ ကံကောင်းမှုတွေအားလုံးက အရှင့်အတွက်ပါ. အရှင်နဲ့ ဒီတိုင်းပြည်အတွက် အောင်မြင်တဲ့ နှစ်တစ်နှစ်ဖြစ်လာဖို့ ကျွန်တော်ဆုတောင်းတယ်"

ဒါက ရိုးရာပွဲရဲ့ အဆုံးသတ်ဖြစ်သည်. Lucius က လူတိုင်းကို ကံကောင်းစေဖို့နဲ့ ကျန်းမာရေးကောင်းမွန်ဖို့ ဆုတောင်းပေးလိုက်ပြီး စားသောက်ပွဲကို စတင်လိုက်သည်. လူတွေက အရက်သောက်လိုက်ကာ ဧကရာဇ်နဲ့ တိုင်းပြည်အတွက် ကောင်းမွန်တဲ့ နှစ်ဖြစ်လာဖို့ ဆန္ဒပြုလိုက်သည်.

စားသောက်ပွဲမှာ အာရုံစိုက်မှုအများဆုံးရလိုက်တာကတော့ Lady Tory ပဲဖြစ်သည်. တိုက်ကြီးတစ်ခုလုံးကို စုစည်းခဲ့ပြီးဖြစ်ပေမဲ့ Lucius က Acreia ကဖြစ်တယ်ဆိုတဲ့အချက်ကိုတော့ ဘယ်သူကမှ မမေ့လျော့ကြပေ. ဒီနေ့ညရဲ့ စားသောက်ပွဲကလဲ Acreian တွေရဲ့ ပုံစံအတိုင်း ကျင်းပခဲ့တာဖြစ်သည်.

Tory က Acreian တွေရဲ့ ဓလေ့ထုံးထမ်းကို တခြားဇနီးတွေထက် ပိုပြီးတော့ သိရှိတာကြောင့် အစေခံတွေက သူမကို အမျိုးသမီးတွေရဲ့ ခေါင်းဆောင်ဖြစ်စေချင်နေကြသည်. အမှန်တကယ်လဲ Tory က အရမ်းတော်တဲ့ အခမ်းအနားမှူးဖြစ်သည်. Marquis Seeze ရဲ့ ကျေးဇူးနဲ့ သူမက ဧကရီဖြစ်လာဖို့အတွက် ရည်ရွယ်ပြီး အကောင်းဆုံးလေ့လာသင်ယူခဲ့ရသည်.

သူမက ကိုယ်ဝန်ရလာတာနဲ့ Tory က ဧကရီဖြစ်လာမယ်လို့ လူတိုင်းက ယုံကြည်ခဲ့ကြသည်. သူမက ယောက်ျားလေးပဲမွေးမွေး မိန်းကလေးပဲမွေးမွေး အရေးမပါပဲ ဧကရာဇ်ရဲ့ ကလေးကို မွေးပေးဖို့သာ လိုအပ်သည်.

Stra နဲ့ Rebecca တို့ကလဲ Tory ကို စိတ်အားထက်သန်စွာနဲ့ ကူညီခဲ့ကြသည်. လူတွေမျှော်လင့်နေကြသလိုမျိုး ဧကရာဇ်ရဲ့ ဇနီးတွေကြားမှာ အာဏာလွန်ဆွဲတာမျိုး ရှိမနေခဲ့ပေ.

စားသောက်ပွဲကို တက်ရောက်လာသူတွေ အများကြီးရှိသည်. တရားဝင်ညစာစားပွဲမဟုတ်တာကြောင့် ဖိတ်စာတွေမလိုပဲ လူတိုင်းတက်ရောက်နိုင်သည်. ရဲတိုက်ရဲ့ တရားဝင်ခေါင်းဆောင် မဖြစ်သေးတာကြောင့် Tory အနေနဲ့ လူတိုင်းကို ဧည့်ခံနှုတ်ဆက်ဖို့လိုအပ်သလို ကိစ္စအားလုံးကိုလဲ အသေးစိတ်ဂရုစိုက်ဖို့ လိုအပ်ပေမဲ့ ဒီကိစ္စတွေအားလုံးလုပ်ဆောင်ဖို့ သူမ တစ်ယောက်တည်းသာ ရှိနေသည်. ကျေးဇူးတင်ဖို့ ကောင်းတာက Rebecca နဲ့ Stra က Tory ရဲ့ တာဝန်တွေကို ခွဲယူကာ လိုအပ်တဲ့ နေရာအသီးသီးမှာ ပါဝင်ကူညီပေးနေတာပဲဖြစ်သည်. ဒါက Poliana အနေနဲ့ အမျိုးသမီးတွေရဲ့ လုံခြုံရေးအတွက် အမြဲတမ်းသတိရှိဖို့ လိုအပ်တယ်လို့ ဆိုလိုတာဖြစ်သည်.

"Marquess, ရှင် တစ်ညလုံးလျှောက်ကြည့်နေဖို့ မလိုပါဘူး. ရှင်ခဏလောက်ထိုင်ပြီးတော့ နားလို့ရပါတယ်. ကျွန်မတို့ အဆင်ပြေနေသားပဲ"

"ဒါက ငါ့ရဲ့အလုပ်ပါ"

Poliana က စားသောက်ပွဲနေရာတစ်လျှောက် စစ်ဆေးလိုက်ကာ Tory ထိုင်နေတဲ့နားကို ပြန်ရောက်လာသည်. Lady Tory က Acreia ရဲ့ အရေးကြီးအထက်တန်းလွှာတွေနဲ့ ပြည့်နေတဲ့ စားပွဲဝိုင်းကြီးတစ်ခုကို ဧည့်ခံနေတာဖြစ်သည်.

လူတွေအတွက် သီးသန့်နေရာသတ်မှတ်ထားခြင်းမရှိတာကြောင့် ဒီလူတွေက သူတို့နဲ့ ရင်းနှီးကျွမ်းဝင်တဲ့လူတွေနဲ့ အတူထိုင်လိုက်ကြသည်. ဒါကြောင့် စားပွဲဝိုင်းတွေကြားမှာ သိသာတဲ့ ခွဲခြားမှုတွေ ဖြစ်ပေါ်လာသည်.

Poliana က သူမခေါင်းကို ရမ်းလိုက်သည်.

'ဒါက မကောင်းပေမဲ့ မတတ်နိုင်ဘူးလေ'

ဘာတွေဖြစ်ပျက်နေလဲဆိုတာကို Lucius အနေနဲ့ မသိစရာအကြောင်းမရှိတာကြောင့် သူက တမင်လစ်လျှူရှုထားတာလို့ ဆိုလိုတာဖြစ်သည်. ဒါက Poliana ရဲ့ အလုပ်မဟုတ်တာကြောင့် သူမရဲ့ အလုပ်ကိုသာ အာရုံစိုက်လိုက်သည်.

သူမက ပတ်ဝန်းကျင်ကို သေချာကြည့်နေပြီး ရုတ်တရက် ရင်းနှီးတဲ့ ပုံရိပ်တစ်ခုက တိုင်နောက်မှာ ကွယ်နေကာ Acreian တွေရဲ့ စားသောက်ဝိုင်းမှာ ဝင်မထိုင်ရဲတဲ့ပုံစံဖြစ်နေတာကို တွေ့လိုက်ရသည်.

Frau Sneke

သူက Acreia ရဲ့ ထင်ရှားတဲ့ အထက်တန်းလွှာမိသားစုကဖြစ်သည်. သူက လူတွေလေးစားတဲ့ သမားတော်တစ်ယောက်လဲဖြစ်တာကြောင့် Acreian အထက်တန်းလွှာတွေနဲ့ ပြည့်နေတဲ့ စားပွဲဝိုင်းကို ဝင်မထိုင်ရဲစရာအကြောင်းမရှိပေ. ဒါတောင်မှ သူက မတ်တပ်ရပ်နေကာ စားပွဲကို တွန့်ဆုတ်စွာနဲ့ ကြည့်နေသေးသည်.

ဘာလို့လဲ?

Continue Reading

You'll Also Like

4M 169K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
854K 70.8K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
3M 86.9K 26
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...