ငါတို့တစ်မိသားစုလုံးက ဗီလိန်...

By Kay_Wine

1.3M 202K 6.4K

Title - My Whole Family Are Villain (我们一家都是反派) Author - 咸鱼老人 Total Chapter - 100 Chapters + 2 extras Genre... More

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3.1
Chapter 3.2
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17.1
Chapter 17.2
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46.1
Chapter 46.2
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Extra - 1
Extra - 2

Chapter 26

13.1K 2K 80
By Kay_Wine

MWFV Ch 26

Beating Back

Zawgyi Version

"အား!" ဆရာမတစ္ေယာက္က သူမပါးစပ္ကို အလိုလိုျမန္ျမန္ေလး မဖုံးကြယ္လိုက္မိခင္မွာပဲ စူးစူးဝါးဝါး ေအာ္ဟစ္လိုက္တယ္။ သို႔ေပမယ့္ သူမမ်က္ႏွာမွာေတာ့ ေၾကာက္လန႔္မႈေၾကာင့္ ျဖဴေလ်ာ္ေနဆဲပဲ။ ဧည့္သည္ေဆာင္ထဲမွ တစ္ျခားလူေတြကေတာ့ မေအာ္မိလိုက္ၾကေပမယ့္ သူတို႔အမူအရာေတြကလည္း ထပ္တူညီမွ် ထိတ္လန႔္တုန္လႈပ္ေနခဲ့ၾကတယ္။

ျဖစ္ပ်က္သြားခဲ့တာက သူတို႔သတိမထားမိေလာက္ေအာင္ကို အရမ္း႐ုတ္တရက္ဆန္လြန္းလွတယ္။ Mr.ခ်င္က ထရပ္လိုက္ၿပီး သူ႔လက္ကိုလႈပ္ရွားလိုက္တဲ့အခ်ိန္က, မ်က္ေတာင္တစ္ခ်က္ခတ္စာေလးပဲ ၾကာတယ္ဆိုေပမယ့္ က်ိဳးဟုန္မိန္ရဲ႕ဖခင္ကေတာ့ ၾကမ္းျပင္ေပၚမွာ လဲက်ေနခဲ့ၿပီျဖစ္တယ္။ ေဖေဖက်ိဳးက ၾကမ္းျပင္ေပၚသို႔ လဲက်သြားခ်ိန္မွာ သူ႔ေနာက္က ေကာ္ဖီစားပြဲနဲ႔ပါ ခိုက္မိသြားခဲ့တယ္။ က်ယ္ေလာင္လွတဲ့အသံတစ္သံႏွင့္အတူ ေကာ္ဖီစားပြဲေပၚမွာ တင္ထားသမွ်အရာအားလုံးဟာ ၾကမ္းျပင္ေတာက္ေလွ်ာက္ တစစီျပန႔္က်ဲသြားခဲ့တာက ဒီ႐ုန္းရင္းဆန္ခတ္ျဖစ္ေနၿပီးသားျမင္ကြင္းထဲကို အရႈပ္အေထြးေတြ ထပ္ေပါင္းထည့္လိုက္သလိုပါပဲ။

အရမ္းေၾကာက္စရာေကာင္းတယ္။

ခဏၾကာေတာ့ ခုနေလးတင္ အ႐ိုက္ခံလိုက္ရတဲ့ေဖေဖက်ိဳးက ၾကမ္းျပင္ကေန ထရပ္ခ်င္ခဲ့တယ္။ သို႔ေသာ္ Mr.ခ်င္က သူ႔ကို ဒီလိုအခြင့္အေရးမ်ိဳး ဘယ္ေပးလိမ့္မလဲ? ေဖေဖက်ိဳး ျပန္ထလာတာကိုေတာင္ ေစာင့္မေနေတာ့ပဲ Mr.ခ်င္က တစ္ဖက္လူကို ျပင္းျပင္းထန္ထန္ ကန္ပစ္လိုက္ေတာ့တယ္။

က်ိဳးယုံက အရပ္ရွည္ၿပီး သန္မာထြားႀကိဳင္းစြာ ေမြးဖြားလာသူျဖစ္တာေၾကာင့္ သူ႔႐ြာမွာဆိုရင္ သူ႔စိတ္ႀကိဳက္ လုပ္ခ်င္ရာလုပ္ၿပီး ေနေလ့ရွိတယ္။ သူ႔ကိုဒီလိုမ်ိဳး အႏိုင္ပိုင္းႏိုင္မယ့္ ပ်ံလႊားဌက္လိုအေကာင္တစ္ေကာင္ မေပၚလာခင္အခ်ိန္အထိ သူက လူဆိုးတစ္ေယာက္ျဖစ္ကာ တစ္ျခားသူေတြကို ႐ိုက္ႏွက္ရတာကို က်င့္သားရေနခဲ့တယ္။ ေဖေဖက်ိဳးရဲ႕မ်က္လုံးေတြက ေဒါသေၾကာင့္နီရဲေနၿပီး ရက္စက္ၾကမ္းၾကဳတ္စြာႏွင့္ ခ်င္ေရွာက္ကို ေအာ္ပစ္လိုက္တယ္ : "ေသာက္အဘိုးႀကီး!"

"Aargh!" သူ႔စကားေတြကို ခက္ခက္ခဲခဲေျပာဆိုလို႔အၿပီးမွာ က်ိဳးသြားတဲ့သြားႏွစ္ေခ်ာင္းႏွင့္အတူ ေဖေဖက်ိဳးရဲ႕ပါးစပ္ထဲကေန ေသြးေတြကို ေထြးထုတ္လိုက္တယ္။ က်ယ္ေလာင္စြာေႂကြးေၾကာ္ေနရင္းနဲ႔ က်ိဳးယုံက ခုခံကာ ျပန္လည္႐ိုက္ႏွက္ခ်င္ခဲ့ေပမယ့္ သူ႔မွာ ျပန္လည္တိုက္ခိုက္ဖို႔အခြင့္အေရးေလးေတာင္မရွိပဲ တစ္ဖက္သတ္ႀကီးသာ အ႐ိုက္ခံေနရတာကို ေတြ႕လိုက္ရေတာ့ ထိတ္လန႔္တုန္လႈပ္သြားခဲ့ရတယ္။

ေသြးထြက္သံယိုျမင္ကြင္းကို ၾကည့္ေနရင္းနဲ႔ လူတိုင္းက အံ့အားသင့္ေနခဲ့ၾကတယ္ : ခုနကေလးတင္ ဆိုဖာေပၚမွာ ေအးေအးေဆးေဆးေလး ထိုင္ေနတဲ့ Mr.ခ်င္က သူ႔လက္ေတြကို ခ်က္ခ်င္းလႈပ္ရွားလိုက္ၿပီးေတာ့ က်ိဳးဟုန္မိန္ရဲ႕ဖခင္ကို ဒီေလာက္အထိေတာင္ ျပင္းျပင္းထန္ထန္႐ိုက္ႏွက္လိမ့္မယ္လို႔ ဘယ္သူကေတြးမိမွာလဲ?

ေဖေဖက်ိဳးလို လူထြားႀကီးတစ္ေယာက္က Mr.ခ်င္ရဲ႕လက္ေအာက္မွာ ျပန္လည္တိုက္ခိုက္ဖို႔ အခြင့္အေရးေလး တစ္ခုေတာင္မရလိုက္ပဲ လက္ေဝွ႔ထိုးတဲ့အိတ္တစ္လုံးအဆင့္သို႔ ေလ်ာ့ခ်ခံလိုက္ရတယ္။ သူတို႔ ေက်ာင္းသားေတြရဲ႕ မိဘႏွစ္ေယာက္က ေက်ာင္းထဲမွာ ရန္ျဖစ္ေနၾကတယ္။ ေက်ာင္းရဲ႕ဌာနဆိုင္ရာ အဖြဲ႕ဝင္ေတြကေတာ့ သူတို႔ကို ရပ္တန႔္ၾကဖို႔ ျဖန္ေျဖေပးရမွာပဲျဖစ္တယ္။ သို႔ေပမယ့္ ဘယ္သူကမ်ား ဒီအခ်ိန္မွာ ေရွ႕တိုးလာရဲပါ့မလဲ? အဲဒီအစား ေဖေဖက်ိဳးက သူ႔သြားေတြက်ိဳးသြားရေလာက္ေအာင္ကို ဘယ္ေလာက္အထိ ျပင္းျပင္းထန္ထန္ အ႐ိုက္ခံေနရတယ္ ဆိုတာကိုၾကည့္ရင္း သူတို႔လည္း အရမ္းေၾကာက္လန႔္ေနေပမယ့္လို႔ တစ္ခ်ိဳ႕ေသာဆရာ၊ဆရာမေတြကေတာ့ တိတ္တိတ္ေလး ဝမ္းသာေနခဲ့ၾကတယ္။

က်ိဳးဟုန္မိန္ႏွင့္သူမအဖြဲ႕ေတြက မၾကာခဏဆိုသလို ေက်ာင္းမွာ ျပႆနာရွာၾကသူမ်ားျဖစ္တယ္။ သို႔ေသာ္ သူတို႔မိဘေတြကလည္း ဒီကိစၥႏွင့္ပတ္သတ္ၿပီး အက်ိဳးသင့္အေၾကာင္းသင့္ မရွိၾကတာေၾကာင့္ ဆရာေတြကလည္း သူတို႔ကိုထိန္းခ်ဳပ္ဖို႔ ဘာတစ္ခုမွမလုပ္ႏိုင္ၾကဘူး။ အခုက်ေတာ့ ေကာင္းလိုက္တာ။ ေနာက္ဆုံးေတာ့ တစ္စုံတစ္ေယာက္က သူတို႔နဲ႔ အက်ိဳးသင့္အေၾကာင္းသင့္လုပ္ဖို႔ ႀကိဳးစားမေနေတာ့ပဲ အဲဒီအစား သူ႔လက္သီးကို ခ်က္ခ်င္းလႈပ္ရွားလိုက္တယ္။

အရမ္းေက်နပ္တယ္။ [T/N : Me too တီခ်ယ္]

စုေပလည္း ထပ္တူအံ့ၾသသြားခဲ့ရတယ္။ ဝတၳဳထဲမွာေရးထားတာက ခ်င္ေရွာက္က free combat style မွာဆိုရင္ ဆရာႀကီးတစ္ေယာက္ျဖစ္တယ္လို႔ပဲ။ ဇာတ္လိုက္ရဲ႕ကိုယ္ေရာင္ကိုယ္ဝါေတြ ေတာက္ပေနတဲ့ စုန႔္ယန္ခ်န္းလိုလူေတာင္မွ သူ႔ကိုတစ္ခါမွမႏိုင္ခဲ့ဘူး။ ေဖေဖက်ိဳးလို ႐ိုး႐ိုးရွင္းရွင္းတဲ့တိုးထိုးနည္းအေပၚမွာပဲ အမွီျပဳတတ္တဲ့လူဆိုးတစ္ေယာက္ေလာက္က Mr.ခ်င္ကို အႏိုင္ယူဖို႔ သူ႔မွာ ဘယ္လိုလုပ္ အခြင့္အေရးရွိပါ့မလဲ။

[Moon's Note : free combat style - စည္းမ်ဥ္းစည္းကမ္းေတြမရွိပဲ လူတိုင္းပါဝင္ႏိုင္တဲ့ တိုက္ခိုက္ေရးစနစ္ တစ္ခုပါ။ အဖြဲ႕လိုက္ျဖစ္ျဖစ္၊ တစ္ဦးခ်င္းျဖစ္ျဖစ္ တိုက္ခိုက္ႏိုင္ပါတယ္]

သို႔ေပသိ စုေပအေနနဲ႔ ခ်င္ေရွာက္က ဒီလိုမ်ိဳးလုပ္လိုက္ေလ့မယ္လို႔ လုံးဝမထင္ထားခဲ့မိဘူး။ ဝတၳဳထဲမွာေတာ့ ဗီလိန္က သူ႔ရဲ႕ combat skill ကို တကယ္အသုံးျပဳခဲ့တဲ့ အခန္းတစ္ခန္းသာရွိခဲ့တယ္။ အဲဒါက ဝတၳဳရဲ႕ေနာက္ဆုံး အခန္းမွာျဖစ္ၿပီး ဇာတ္လိုက္မွ သူ႔ရဲ႕ေသျခင္းအဆုံးသတ္ကို ဖိအားေပးလုပ္ေဆာင္ေနခ်ိန္မွာ သူ႔အသက္ကို ကာကြယ္ရန္အတြက္ ျပန္လည္တိုက္ခိုက္ရတာျဖစ္တယ္။

႐ုတ္တရက္ စုေရွာင္ေပါင္က စုေပကို ဆြဲေခၚလိုက္တယ္။

စုေပက အံ့ၾသသြားၿပီး : "ဘာျဖစ္လို႔လဲ?"

စုေရွာင္ေပါင္ : "မၾကည့္နဲ႔"

ဒီျမင္ကြင္းက အရမ္းရက္စက္ၾကမ္းၾကဳတ္တာေၾကာင့္ စုေရွာင္ေပါင္က စုေပကို သူ႔ေနာက္သို႔ဆြဲေခၚလိုက္ကာ သူ႔ေနာက္ေက်ာနဲ႔ သူမျမင္ကြင္းကို ပိတ္ဆို႔ထားလိုက္တယ္။ စုေရွာင္ေပါင္ ကိုယ္တိုင္ကေတာ့ ဘယ္လိုပဲျဖစ္ျဖစ္ စိတ္ဝင္စားမႈအျပည့္ႏွင့္သာ ၾကည့္ရႈေနခဲ့တယ္။

ေကာင္ေလးက အသာေလးႏွာမႈတ္လိုက္ၿပီး : ေတာ္ေတာ္သန္တာပဲ...

တစ္ဖက္မွာေတာ့ ေမေမက်ိဳးက သူမလူႀကီးအ႐ိုက္ခံေနရတာကိုျမင္ေတာ့ အထိတ္တလန႔္ျဖစ္သြားခဲ့ၿပီး : "ဒါက ကိစၥေသးေသးေလးပဲဟာကို, ဘာျဖစ္လို႔ ရွင္ကအၾကမ္းဖက္တဲ့နည္းကိုသုံးေနရတာလဲ!" သူမေယာက္်ားသာ အ႐ိုက္ခံရတဲ့သူတစ္ေယာက္မျဖစ္ေသးသေ႐ြ႕ သူတို႔ရန္ျဖစ္ေနၾကတာက အဆင္ေျပတယ္ေလ။

ေမေမက်ိဳးက အေျပးအလႊားထလာၿပီး Mr.ခ်င္ကို အေနာက္သို႔ဆြဲရန္ ႀကိဳးစားခဲ့တယ္။ Mr.ခ်င္ေခၚလာခဲ့တဲ့ ကိုယ္ရံေတာ္ေတြက ခ်က္ခ်င္းသူမကိုတားျမစ္ခဲ့ၾကတယ္။ ေမေမက်ိဳးမွာ ေ႐ြးခ်ယ္စရာမရွိေတာ့ပဲ အသနားခံကာေတာင္းပန္ရေတာ့တယ္ : "ေက်းဇူးျပဳၿပီး ရပ္ပါေတာ့! စုေပရဲ႕အေဖ, သူေဌးစုရယ္, ကြၽန္မတို႔ကေလးဖက္က မွားတာပါ။ ရွင္ သူမကို ဘာမဆိုလုပ္ခ်င္တာလုပ္လို႔ရပါတယ္ေနာ္။ သူ႔ကိုေတာ့ ထပ္မ႐ိုက္ပါနဲ႔ေတာ့"

ေဖေဖက်ိဳးက ေနာက္ထပ္ဘာသံမွမထြက္ႏိုင္ေတာ့ဘူး။ အကယ္၍မ်ား Mr.ခ်င္က သူ႔ကိုဆက္႐ိုက္ေနမယ္ဆိုရင္ သူအေနနဲ႔ သူ႔အသက္ကိုထိန္းသိမ္းထားႏိုင္ဖို႔ဆိုတာ မေသခ်ာသေလာက္ပဲ။ ခ်င္ေရွာက္က ဒီ limit ကိုသိတယ္။ သူက အၾကမ္းဖက္တဲ့နည္းကိုသုံးခ်င္တဲ့ဆႏၵရွိေပမယ့္လည္း တစ္ဖက္လူရဲ႕အသက္ကို ႏုတ္ယူလိုက္မ်ိဳး မျဖစ္လိုတာေၾကာင့္ သူရပ္တန႔္လိုက္တယ္။

"လက္ေထာက္လီ"

လက္ေထာက္လီကလည္း သူမအခုေလးတင္ျမင္လိုက္ရတဲ့ျမင္ကြင္းေၾကာင့္ ထိတ္လန႔္ေနခဲ့တယ္။ အထူးသျဖင့္ အခုခ်ိန္မွာဆိုရင္ က်ိဳးဟုန္မိန္ရဲ႕ဖခင္က သူ႔တစ္ကိုယ္လုံးမွာေသြးေတြနဲ႔ ၾကမ္းျပင္ေပၚမွာ မလႈပ္မယွက္ႀကီး လဲေလ်ာင္းေနခဲ့တယ္။ ဒီလူရဲ႕ညည္းညဴသံအနည္းငယ္ေၾကာင့္သာ မဟုတ္ဘူးဆိုရင္ သူမတကယ္ႀကီး သူေသသြားၿပီလို႔ေတာင္ ေတြးမိေလာက္တယ္။ အဲဒါကေတာ့ Mr.ခ်င္က သူမနာမည္ေခၚလိုက္တာကို မၾကားလိုက္မိခင္အခ်ိန္တုန္းကျဖစ္ၿပီး လက္ေထာက္လီက သူမစိတ္ေတြဆီ ျပန္လည္ေရာက္ရွိလာခဲ့တယ္ : "ရွိပါတယ္ ဆရာ, ဘာမ်ားၫႊန္ၾကားခ်င္လို႔ပါလဲရွင္?"

"သူ႔ကိုပိုက္ဆံေပးလိုက္" [T/N : အား...မိုက္လိုက္တာ Daddy ရယ္]

"ဟုတ္-ဟုတ္ကဲ့ပါ ဆရာ" လက္ေထာက္လီက သူမရဲ႕တည္ၿငိမ္ေအးေဆးတဲ့ဟန္ပန္ကို အသာထိန္းၿပီး ျပန္ေျဖလိုက္တယ္။ ပိုက္ဆံဘယ္ေလာက္ေပးရမယ္ဆိုတာကိုေတာ့ Mr.ခ်င္က အသိသာႀကီးကို ဂ႐ုစိုက္မေနေလဘူး။ သူမဘာသာပဲ ဆုံးျဖတ္ရေတာ့မွာပဲ။

သူ႔လက္ေပၚက ေသြးကိုျမင္ေတာ့ ခ်င္ေရွာက္က မ်က္ေမွာင္က်ဳံ႕လိုက္တယ္, ႐ြံရွာမႈတစ္ခုက သူ႔မ်က္လုံးေတြထဲမွာ ျဖတ္ေျပးသြားခဲ့တယ္။

"Mr.ခ်င္, ဒီတစ္ရႈးေလးသုံးလိုက္ပါ" လက္ေထာက္လီက သူ႔ထံတစ္ရႈးတစ္ခု လွမ္းေပးခဲ့ေပမယ့္ ခ်င္ေရွာက္က မယူလိုက္ဘူး။ သူက ျဖတ္ေလွ်ာက္သြားလိုက္ၿပီး စုေပရဲ႕ေက်ာင္းလြယ္အိတ္အျပင္ဖက္ရွိ အိတ္ကပ္အေသးေလးမွ တစ္ရႈးထုတ္တစ္ထုတ္ကို ဆြဲထုတ္လိုက္ကာ သူ႔လက္မွေသြးေတြကို သုတ္ရန္ အသုံးျပဳခဲ့တယ္။

ခ်င္ေရွာက္က ဆိုဖာေပၚျပန္ထိုင္လိုက္ၿပီး သူ႔ရဲ႕ေစာနက တည္ၿငိမ္ေအးေဆးတဲ့အမူအရာကို ျပန္လည္ ထိန္းသိမ္းလိုက္ေတာ့တယ္။

အခုေလးတင္ျဖစ္ပ်က္သြားတာေတြကိုၾကည့္ရင္း တစ္ျခားမိဘေတြခမ်ာ လႈပ္ေတာင္မလႈပ္ရဲေတာ့ဘူး။ ဆယ္ေယာက္ေက်ာ္တဲ့မိဘေတြက ေၾကာက္ေၾကာက္လန႔္လန႔္ႏွင့္မတ္တပ္ရပ္ေနၾကကာ ဒီၾကမ္းျပင္ႀကီးက သူတို႔ကို မ်ိဳခ်ပစ္လိုက္ဖို႔ မအက္ကြဲသြားခဲ့တာကို မုန္းတီးေနၾကေလတယ္။ စကားေလးတစ္လုံးေလာက္ ေျပာထြက္ဖို႔ ဘယ္သူကမ်ား ဒီေလာက္အထိအတင့္ရဲမိမွာလဲ? Mr.ခ်င္က တစ္ခ်က္ အသာေလး ၾကည့္လိုက္တယ္။ မိဘေတြအားလုံးက အလိုေလ်ာက္ပဲ ေနာက္ကိုေျခတစ္လွမ္းဆုတ္လိုက္ၾကကာ သူတို႔မ်က္လုံးေတြထဲမွာ ေၾကာက္႐ြံ႕မႈတို႔ ျပည့္ႏွက္ေနေလရဲ႕။

"စု-စုေပရဲ႕အေဖရွင့္။ ကြၽန္မတို႔ကေလးေတြကို ရွင့္ကေလးကို ေတာင္းပန္ဖို႔ေျပာလိုက္ပါ့မယ္, ေနာက္ၿပီး သူတို႔ေလးေတြရဲ႕မိဘေတြျဖစ္တဲ့ ကြၽန္မတို႔ဖက္ကလည္း ေတာင္းပန္ပါတယ္ေနာ္" တစ္စုံတစ္ေယာက္က ေၾကာက္ေၾကာက္လန႔္လန႔္ႏွင့္ ေျပာလာတယ္။

"ဟုတ္ပါတယ္ဗ်ာ, ကြၽန္ေတာ္တို႔ကေလးေတြက သူတို႔အေနနဲ႔ ဒီလိုေသေစႏိုင္ေလာက္တဲ့အမွားႀကီးတစ္ခုကို က်ဴးလြန္မိခဲ့ၾကတယ္ဆိုတာကို မသိၾကလို႔ပါ။ ေက်းဇူးျပဳၿပီး သူတို႔ေနရာကေန ေတာင္းပန္ဖို႔ ကြၽန္ေတာ္တို႔ကို ခြင့္ျပဳေပးပါဗ်ာ"

သူတို႔ရဲ႕သေဘာထားေတြက အရင္တုန္းက စုေပကို သူတို႔ဖက္က ပိုက္ဆံေပးဖို႔ အတင္းအက်ပ္ ဖိအားေပးခံခဲ့ရတဲ့အခ်ိန္ႏွင့္စာရင္ အေတာ္ေလးေျပာင္းလဲသြားခဲ့တယ္။ Mr.ခ်င္က ေၾကာက္လန႔္တၾကားႏွင့္ ေတာင္းပန္ေနတဲ့ မိဘအုပ္စုလိုက္ႀကီးကို ေလွာင္ေျပာင္လိုက္တယ္။ "သူတို႔ကိုထြက္သြားခိုင္းလိုက္ေတာ့" သူကအမိန႔္ေပးလိုက္တယ္။ သူတို႔ကိုေနခိုင္းထားတာက သူ႔မ်က္လုံးေတြကိုသာ ညစ္ပတ္ေစတယ္ေလ။

အဲဒီအခ်ိန္မွာေတာ့ တတိယအလယ္တန္းေက်ာင္းရဲ႕ဧည့္သည္ေဆာင္က လုံးဝကို Mr.ခ်င္ရဲ႕ထိန္းခ်ဳပ္မႈ ေအာက္သို႔ေရာက္ရွိသြားခဲ့တယ္။ ေက်ာင္းအုပ္ႀကီးခ်န္ႏွင့္ဆရာ၊ဆရာမေတြက ျပန္လည္ျငင္းဆန္ဖို႔ သတၱိမရွိေလဘူး-အခုခ်ိန္ဘယ္သူကခုန္ထြက္ရဲမွာလဲ? Mr.ခ်င္က သူတို႔ကို မေက်မနပ္နဲ႔ၾကည့္ၿပီး ဟိုလူေတြအစား သူတို႔ကိုထ႐ိုက္လိုက္ရင္ ဘယ္လိုလုပ္ၾကမလဲ?

-----

မိဘေတြက သူတို႔အၿမီးေလးေတြကို သူတို႔ေျခေထာက္ၾကားထဲမွာထားၿပီး ထြက္သြားၾကတာကို ျမင္လိုက္ရေတာ့ ေက်ာင္းအုပ္ႀကီးခ်န္က သူ႔ေခါင္းကေခြၽးေတြကိုသုတ္ဖို႔ရာ လက္ကိုင္ပဝါတစ္ခုကို ထုတ္လိုက္တယ္။ ၿပီးမွ သူက Mr.ခ်င္ရဲ႕အေရွ႕သို႔ ေျခတစ္လွမ္းအသာတိုးကာ သူ႔က်ည္ဆန္ေလးကို ထုတ္လိုက္တယ္။

"Mr.ခ်င္, ခင္ဗ်ားျမင္တဲ့အတိုင္းပဲ ခင္ဗ်ားလည္း တစ္ျခားမိဘေတြနဲ႔ သင့္တင့္ေလ်ာက္ပတ္စြာ 'စကားေျပာဆို' လိုက္ၿပီဆိုေတာ့, အခုဒီကိစၥကေျဖရွင္းၿပီးသြားၿပီလား?" ေက်ာင္းအုပ္ႀကီးခ်န္ေတြးလိုက္တာက Mr.ခ်င္က ဒီလူေတြကို ျပန္လႊတ္လိုက္ၿပီဆိုေတာ့ ဒီကိစၥကၿပီးသြားၿပီလို႔ ယူဆလိုက္လို႔ရၿပီမလား။

"ဟုတ္တာေပါ့, က်ိဳးဟုန္မိန္နဲ႔သူမအေပါင္းအေဖာ္ေတြကိုေတာ့, ကြၽန္ေတာ္တို႔ေက်ာင္းရဲ႕ စည္းကမ္းေတြနဲ႔အညီ တင္းတင္းက်ပ္က်ပ္ေလး ေဆာင္႐ြက္ေပးပါ့မယ္"

အခ်ိန္အေတာ္ၾကာတဲ့အထိ ေက်ာင္းအုပ္ႀကီးခမ်ာ Mr.ခ်င္ရဲ႕ျပန္ေျဖသံကို မၾကားရတာေၾကာင့္ တိတ္တိတ္ေလး ေၾကာက္လန႔္ေနခဲ့ရတယ္။ အထိတ္တလန႔္ႏွင့္ေခ်ာင္းဟန႔္လိုက္ၿပီး ေက်ာင္းအုပ္ႀကီးခ်န္က ေမးလိုက္တယ္ : "Mr.ခ်င္, ဒါကလက္ခံႏိုင္ေလာက္တယ္လို႔ ခင္ဗ်ားထင္သလား?"

"ေကာင္းၿပီေလ"

ခ်င္ေရွာက္ရဲ႕စကားေတြက ေက်ာင္းအုပ္ႀကီးခ်န္ကို လြတ္ၿငိမ္းခ်မ္းသာခြင့္ရလိုက္သလိုမ်ိဳး ခံစားသြားရေစခဲ့တယ္။ သို႔ေသာ္ ေနာက္ထပ္စကၠန႔္အနည္းငယ္အၾကာမွာေတာ့ ခ်င္ေရွာက္ ဆက္ေျပာလိုက္တာကို သူၾကားလိုက္ရတယ္ : "မိဘေတြၾကားက ကိစၥေတြကေတာ့ ေျဖရွင္းၿပီးၿပီ။ အခု ေက်ာင္းဖက္ကေန ေျပာၾကတာေပါ့"

ေက်ာင္းအုပ္ႀကီးခ်န္ရဲ႕မ်က္ႏွာက ျဖဴေလ်ာ္သြားခဲ့တယ္, ၿပီးေတာ့ သူ႔ႏွလုံးသားကလည္း သက္သာရာရစြာ လြင့္ေမ်ာေနရင္းက ခ်က္ခ်င္းဆိုသလို ျပန္လည္နစ္ျမဳပ္သြားခဲ့ေတာ့တယ္။ "ဒါကေတာ့...", ေက်ာင္းအုပ္ႀကီးက ေတာင့္တင္းသြားခဲ့ၿပီး : "Mr.ခ်င္, ကြၽန္ေတာ္တို႔ေက်ာင္းက..."

တစ္ဖက္လူရဲ႕ေပါက္ကရေတြကို ေစာင့္ဆိုင္းမေနေတာ့ပဲ ခ်င္ေရွာက္က ေက်ာင္းအုပ္ႀကီးခ်န္ရဲ႕စကားေတြကို ခ်က္ခ်င္းျဖတ္ေျပာလိုက္တယ္ : "က်ဳပ္ကေလးက ခင္ဗ်ားရဲ႕ေက်ာင္းပရိဝုဏ္အတြင္းမွာ ဆိုးဆိုး႐ြား႐ြား အႏိုင္က်င့္ခံခဲ့ရတာေလ။ ဒါေပမယ့္ ေက်ာင္းအုပ္ႀကီးနဲ႔ဆရာ၊ဆရာမေတြအေနနဲ႔ ဒီေက်ာင္းတြင္းအၾကမ္းဖက္မႈျဖစ္စဥ္ကို စုံစမ္းေမးျမန္းျခင္းမရွိ ေက်ာင္းသားေတြၾကားက သေဘာထားကြဲလြဲတဲ့အေျခအေနတစ္ခုသာသာေလာက္ပဲ ခင္ဗ်ားတို႔သတ္မွတ္ခဲ့ၾကတယ္။ ဒါကေပါ့ဆမႈပဲ။ ေနာက္ၿပီး ခင္ဗ်ားတို႔ေက်ာင္းက ေက်ာင္းဂုဏ္သိကၡာနဲ႔ ရမွတ္ေတြအတြက္ဆိုၿပီးေတာ့ က်ဳပ္ကေလးကိုပါ ေက်ာင္းေခတၱခဏရပ္နားေစခဲ့တယ္ေလ။ အဲဒါက တာဝန္ပ်က္ကြက္မႈပဲ..."

ေက်ာင္းအုပ္ႀကီးႏွင့္ဆရာ၊ဆရာမမ်ား : "..."

Mr.ခ်င္က ေတာ္ေတာ္ေလးႏွံ႔စပ္ေအာင္ စုံစမ္းထားၿပီးမွေတာ့ သူတို႔ဘာမ်ားေျပာႏိုင္အုန္းမွာလဲ။

ေက်ာင္းအုပ္ႀကီးခ်န္ : "Mr.ခ်င္, ေက်းဇူးျပဳၿပီးကြၽန္ေတာ္ရွင္းျပတာေလးကိုနားေထာင္ေပးပါ-"

ခ်င္ေရွာက္ : "ရွင္းျပေနစရာမလိုေတာ့ဘူး, က်ဳပ္စုေဆာင္းထားတဲ့အခ်က္အလက္ေတြနဲ႔ ႐ိုး႐ိုးရွင္းရွင္း အစီရင္ခံစာတစ္ခု အခုေလးတင္လုပ္ၿပီးသြားၿပီ။ က်န္တဲ့ကိစၥေတြကိုေတာ့ ေက်ာင္းအုပ္ႀကီးခ်န္က တရားဝင္စုံစမ္းစစ္ေဆးမႈေအာက္မွာ ျဖည္းျဖည္းခ်င္းရွင္းျပႏိုင္ပါတယ္"

Mr.ခ်င္က သူ႔လက္ေထာက္ဆီမွ စာ႐ြက္စာတမ္းတစ္ခုကို ယူလိုက္ၿပီး ေက်ာင္းအုပ္ႀကီးအေရွ႕သို႔ ပစ္ေပးလိုက္တယ္။

"ဒါက-!"

[ဟုန္ရွင္းခ႐ိုင္ တတိယအလယ္တန္းေက်ာင္း၏ ေက်ာင္းအုပ္ႀကီးျဖစ္ေသာ ခ်န္က်ဳံးရႈ၊ ဌာနဆိုင္ရာ အဖြဲ႕ဝင္ျဖစ္ေသာ ေလာ့ရွီးႏွင့္တကြ...] ဒါက အစိုးရတရားဝင္ေခါင္းစီးစာပါဝင္တဲ့ စာ႐ြက္စာတမ္းတစ္ခု ျဖစ္တယ္။ ေက်ာင္းအုပ္ႀကီးခ်န္က စာ႐ြက္ကိုၾကည့္လိုက္ၿပီးေတာ့ သူ႔တစ္ကိုယ္လုံးက ေရခဲလိုဏ္ဂူတစ္ခုထဲသို႔ ထိုးက်သြားခဲ့သလိုမ်ိဳး ျဖစ္သြားခဲ့တယ္။ ဒါကေနာက္ဆုံးအစီရင္ခံစာမဟုတ္ဘူးဆိုေသာ္ျငား သူ႔အသက္ေမြးဝမ္းေက်ာင္းအလုပ္ကေလးကေတာ့ ၿပီးဆုံးသြားၿပီဆိုတာကို သူသိေနခဲ့တယ္။

"ဒါ, ဒါကအစစ္လား?" တစ္ျခားဆရာ၊ဆရာမေတြရဲ႕နာမည္ေတြကိုပါ ေရးသားထားတာေၾကာင့္ မယုံသကၤာႏွင့္ ေမးျမန္းလိုက္တယ္- Mr.ခ်င္က ဒီစာ႐ြက္စာတမ္းကို အတုလုပ္ထားတာမ်ားလား?

သူတို႔အေတြးေတြကို ေဖာက္ထြင္းျမင္ေနပုံရတဲ့ Mr.ခ်င္ကေတာ့ သေရာ္လိုက္ၿပီး ေနာက္ထပ္စကားတစ္ခြန္းကို အသာထပ္ေျပာလိုက္တယ္ : "သတင္းေကာင္းေတြကိုသာ ၿငိမ္ၿငိမ္ေလးေစာင့္ဆိုင္းေနၾကပါ"

ခ်င္ေရွာက္က လူေတြကို ဟုန္ရွင္းခ႐ိုင္၏တတိယအလယ္တန္းေက်ာင္းမွ ေက်ာင္းအုပ္ႀကီးႏွင့္ ဌာနဆိုင္ရာအဖြဲ႕ဝင္မ်ားကို ထဲထဲဝင္ဝင္စုံစမ္းစစ္ေဆးရန္ စီစဥ္ေပးခဲ့တယ္။ ေရွာင္ေပရဲ႕ျဖစ္ရပ္အျပင္ တစ္ျခားလူေတြကလည္း မ်ားျပားလွစြာေသာ 'အရာမ်ား' ကိုလုပ္ေဆာင္ခဲ့ၾကတယ္။ ဒီစာ႐ြက္စာတမ္း၏ မိတၱဴတစ္႐ြက္ရရွိရန္ အဆက္အသြယ္အခ်ိဳ႕ အသုံးျပဳျခင္းအျပင္ Mr.ခ်င္က စံသတ္မွတ္ထားတဲ့ အစီရင္ခံျခင္း လုပ္ထုံးလုပ္နည္းမ်ားျဖင့္သာ ႐ိုး႐ိုးရွင္းရွင္း ဆက္လက္လုပ္ေဆာင္သြားခဲ့တယ္။

အဲဒီေန႔ ေန႔လည္ခင္းမွာပဲ တတိယအလယ္တန္းေက်ာင္းရဲ႕ ေက်ာင္းအုပ္ႀကီးႏွင့္ ဆရာ၊ဆရာမမ်ားစြာက သူတို႔ေက်ာင္းေခတၱခဏရပ္နားျခင္းအတြက္ တရားဝင္သတိေပးစာတစ္ခု လက္ခံရရွိၾကၿပီး စုံစမ္းစစ္ေဆးျခင္းကို ခံယူခဲ့ၾကရတယ္။ အရင္ဌာနမႈးဆရာမမွ ယာယီအေနနဲ႔ ေက်ာင္းအုပ္ႀကီးရာထူးကို လႊဲေျပာင္းယူလိုက္ခဲ့တယ္။

သို႔ေသာ္ ထိုကိစၥေတြက ေနာက္ပိုင္းက်မွသာျဖစ္တယ္။

စိတ္ပ်က္လက္ပ်က္ျဖစ္ေနတဲ့လူတစ္ခ်ိဳ႕ကို ခ်န္ထားခဲ့ၿပီး Mr.ခ်င္က ေက်ာင္းေျပာင္းျခင္းလုပ္ငန္းစဥ္ကို ၿပီးဆုံးေအာင္ေဆာင္႐ြက္ခဲ့ၿပီး သူ႔ကေလးေတြကိုေခၚေဆာင္ကာ ဧည့္သည္ေဆာင္မွအျပင္ထြက္လာခဲ့တယ္။ သူတို႔ထြက္လိုက္တာနဲ႔ ညာဖက္ေဘးကပ္လ်က္က စာသင္ခန္းျဖစ္တယ္။ ေက်ာင္းသားေတြအားလုံးက မ်က္လုံးျပဴးျပဴးေလးေတြနဲ႔ သူတို႔ေက်ာင္းဂိတ္ေပါက္ဝမွ ဇိမ္ခံကားအတန္းလိုက္ႀကီးကို ၾကည့္ရႈေနခဲ့ၾကတယ္။

"ၾကည့္စမ္း! သူတို႔ထြက္လာၾကၿပီဟ!"

ေက်ာင္းသားေတြရဲ႕စူးစမ္းေနတဲ့မ်က္လုံးေတြေအာက္မွာ Mr.ခ်င္ကအခန္းထဲမွ ထြက္လာခဲ့တယ္။

"Wow! ေခ်ာလိုက္တာဟယ္!" [T/N : Kay ေရ...] [Kay : လုမယ့္လူေတြကို ျမင္ျမင္ေနရတာ စိတ္မခ်မ္းသာေတာ့ဘူး ]

"သူဘယ္သူလဲ ငါသိတယ္! သူက ခ်င္ Group ရဲ႕ဥကၠဌေလ! ငါသူ႔ကိုသတင္းေတြထဲမွာ ျမင္ဖူးတယ္ဟ!"

"နင္ေသခ်ာလို႔လား?" ခ်င္ Group ဆိုတာက သူတို႔လိုသာမန္လူေတြ ေတြးေတာင္မေတြးရဲေလာက္တဲ့ တည္ရွိမႈမ်ိဳးေလ။

"တစ္ရာရာခိုင္ႏႈန္းေသခ်ာတယ္"

"နင္အရင္တုန္းကေျပာေတာ့ မေသခ်ာဘူးဆို" တကယ္ေတာ့ ခ်င္ Group ရဲ႕ဥကၠဌဆိုသူက လူေရွ႕သူေရွ႕ ရွားရွားပါးပါးထြက္ျပခဲတယ္။ မ်ားေသာအားျဖင့္ သိပ္မရွင္းလင္းလွတဲ့ ခိုး႐ိုက္ဓာတ္ပုံမ်ားကလြဲ၍ အင္တာနက္ေပၚမွ သူ႔ဓာတ္ပုံေတြက အလြန္တရာကိုနည္းပါးလွတယ္။

"နင္မျမင္လိုက္ဘူးလား? ေက်ာင္းဂိတ္ေပါက္ဝမွာ ခ်ိတ္ထားတဲ့စာတန္းမွာ ေရးထားတဲ့ 'Redstone ဇီဝနည္းပညာ' ဆိုတာကိုေလ! ငါခုနေလးတင္စစ္ၾကည့္ၿပီးၿပီ, အဲဒီ 'Redstone ဇီဝနည္းပညာ' ကို ဘယ္သူပိုင္တာလဲသိလား? အဲဒါ ခ်င္ Group တဲ့ဟ!"

"ဘုရားေရ! ဒါဆိုအဲဒီလူက ခ်င္ Group ရဲ႕ဥကၠဌ ဆိုတာလား? အရမ္းခန႔္ညားၿပီး အရမ္းေခ်ာတာပဲ!"

[T/N : ကြၽန္မတို႔ေျပာဖို႔လည္း ထားၾကပါအုန္း။ ရွင္တို႔ႀကီးပဲ ေျပာေနၾကတာပဲ...]

"ငါထင္လိုက္တာကေလ စုန႔္ Group ရဲ႕ဥကၠဌ ဆိုတာက အရမ္းအရမ္းကို အဆင့္အတန္းျမင့္တဲ့တည္ရွိမူ တစ္ခုလိုျဖစ္ေနၿပီးသားေလ။ သူ႔လိုလူမ်ိဳး ေနာက္ထပ္တစ္ေယာက္ ရွိေနမယ္လို႔ အရင္တုန္းက တစ္ခါမွ မေတြးခဲ့ဖူးဘူး"

"အမွန္အတိုင္းေျပာရရင္ ဥကၠဌ ခ်င္က ဥကၠဌ စုန႔္ထက္ အမ်ားႀကီးပိုေခ်ာတယ္လို႔ ငါခံစားမိတယ္..." သို႔ေပသိ ဥကၠဌ စုန႔္ႏွင့္ ယွဥ္လိုက္ရင္ေတာ့ ဥကၠဌ ခ်င္က အလြန္တရာ ခပ္လွ်ိဳလွ်ိဳေနထိုင္သူသာျဖစ္တယ္။

မိန္းကေလးအမ်ားစုက အတင္းေျပာေနၾကရင္း အလုပ္မ်ားေနခဲ့ၾကေပမယ့္ ႐ုတ္တရက္ဆိုသလို လူအုပ္ႀကီးက ေနာက္ထပ္ပြက္ပြက္ညံတဲ့အသံေတြ ေပါက္ထြက္လာခဲ့တယ္။

"ဘာျဖစ္တာလဲ? ဒီတစ္ခါေရာဘာႀကီးလဲ?"

"ဟိုနားကိုၾကည့္လိုက္အုန္း, ဥကၠဌ ခ်င္ရဲ႕အေနာက္ကိုေလ!"

"အယ္, ဟိုဓာတ္ပုံထဲကေကာင္မေလးမလား"

"ဖာ့ခ္! တကယ္ႀကီး စုေပနဲ႔စုေရွာင္ေပါင္ဟ!"


[Moon's Note : Celebrity Daddy ခ်င္ရဲ႕ Revenge ေတြက အမိုက္စားႀကီးေနာ္... အမရဲ႕ စာဖတ္သူေလးေတြေရာဘယ္လိုလဲ ေက်နပ္ၾကရဲ႕လား???]

14.12.2020
Monday

_______________________________________

MWFV Ch 26

Beating Back

Unicode Version

"အား!" ဆရာမတစ်ယောက်က သူမပါးစပ်ကို အလိုလိုမြန်မြန်လေး မဖုံးကွယ်လိုက်မိခင်မှာပဲ စူးစူးဝါးဝါး အော်ဟစ်လိုက်တယ်။ သို့ပေမယ့် သူမမျက်နှာမှာတော့ ကြောက်လန့်မှုကြောင့် ဖြူလျော်နေဆဲပဲ။ ဧည့်သည်ဆောင်ထဲမှ တစ်ခြားလူတွေကတော့ မအော်မိလိုက်ကြပေမယ့် သူတို့အမူအရာတွေကလည်း ထပ်တူညီမျှ ထိတ်လန့်တုန်လှုပ်နေခဲ့ကြတယ်။

ဖြစ်ပျက်သွားခဲ့တာက သူတို့သတိမထားမိလောက်အောင်ကို အရမ်းရုတ်တရက်ဆန်လွန်းလှတယ်။ Mr.ချင်က ထရပ်လိုက်ပြီး သူ့လက်ကိုလှုပ်ရှားလိုက်တဲ့အချိန်က, မျက်တောင်တစ်ချက်ခတ်စာလေးပဲ ကြာတယ်ဆိုပေမယ့် ကျိုးဟုန်မိန်ရဲ့ဖခင်ကတော့ ကြမ်းပြင်ပေါ်မှာ လဲကျနေခဲ့ပြီဖြစ်တယ်။ ဖေဖေကျိုးက ကြမ်းပြင်ပေါ်သို့ လဲကျသွားချိန်မှာ သူ့နောက်က ကော်ဖီစားပွဲနဲ့ပါ ခိုက်မိသွားခဲ့တယ်။ ကျယ်လောင်လှတဲ့အသံတစ်သံနှင့်အတူ ကော်ဖီစားပွဲပေါ်မှာ တင်ထားသမျှအရာအားလုံးဟာ ကြမ်းပြင်တောက်လျှောက် တစစီပြန့်ကျဲသွားခဲ့တာက ဒီရုန်းရင်းဆန်ခတ်ဖြစ်နေပြီးသားမြင်ကွင်းထဲကို အရှုပ်အထွေးတွေ ထပ်ပေါင်းထည့်လိုက်သလိုပါပဲ။

အရမ်းကြောက်စရာကောင်းတယ်။

ခဏကြာတော့ ခုနလေးတင် အရိုက်ခံလိုက်ရတဲ့ဖေဖေကျိုးက ကြမ်းပြင်ကနေ ထရပ်ချင်ခဲ့တယ်။ သို့သော် Mr.ချင်က သူ့ကို ဒီလိုအခွင့်အရေးမျိုး ဘယ်ပေးလိမ့်မလဲ? ဖေဖေကျိုး ပြန်ထလာတာကိုတောင် စောင့်မနေတော့ပဲ Mr.ချင်က တစ်ဖက်လူကို ပြင်းပြင်းထန်ထန် ကန်ပစ်လိုက်တော့တယ်။

ကျိုးယုံက အရပ်ရှည်ပြီး သန်မာထွားကြိုင်းစွာ မွေးဖွားလာသူဖြစ်တာကြောင့် သူ့ရွာမှာဆိုရင် သူ့စိတ်ကြိုက် လုပ်ချင်ရာလုပ်ပြီး နေလေ့ရှိတယ်။ သူ့ကိုဒီလိုမျိုး အနိုင်ပိုင်းနိုင်မယ့် ပျံလွှားဌက်လိုအကောင်တစ်ကောင် မပေါ်လာခင်အချိန်အထိ သူက လူဆိုးတစ်ယောက်ဖြစ်ကာ တစ်ခြားသူတွေကို ရိုက်နှက်ရတာကို ကျင့်သားရနေခဲ့တယ်။ ဖေဖေကျိုးရဲ့မျက်လုံးတွေက ဒေါသကြောင့်နီရဲနေပြီး ရက်စက်ကြမ်းကြုတ်စွာနှင့် ချင်ရှောက်ကို အော်ပစ်လိုက်တယ် : "သောက်အဘိုးကြီး!"

"Aargh!" သူ့စကားတွေကို ခက်ခက်ခဲခဲပြောဆိုလို့အပြီးမှာ ကျိုးသွားတဲ့သွားနှစ်ချောင်းနှင့်အတူ ဖေဖေကျိုးရဲ့ပါးစပ်ထဲကနေ သွေးတွေကို ထွေးထုတ်လိုက်တယ်။ ကျယ်လောင်စွာကြွေးကြော်နေရင်းနဲ့ ကျိုးယုံက ခုခံကာ ပြန်လည်ရိုက်နှက်ချင်ခဲ့ပေမယ့် သူ့မှာ ပြန်လည်တိုက်ခိုက်ဖို့အခွင့်အရေးလေးတောင်မရှိပဲ တစ်ဖက်သတ်ကြီးသာ အရိုက်ခံနေရတာကို တွေ့လိုက်ရတော့ ထိတ်လန့်တုန်လှုပ်သွားခဲ့ရတယ်။

သွေးထွက်သံယိုမြင်ကွင်းကို ကြည့်နေရင်းနဲ့ လူတိုင်းက အံ့အားသင့်နေခဲ့ကြတယ် : ခုနကလေးတင် ဆိုဖာပေါ်မှာ အေးအေးဆေးဆေးလေး ထိုင်နေတဲ့ Mr.ချင်က သူ့လက်တွေကို ချက်ချင်းလှုပ်ရှားလိုက်ပြီးတော့ ကျိုးဟုန်မိန်ရဲ့ဖခင်ကို ဒီလောက်အထိတောင် ပြင်းပြင်းထန်ထန်ရိုက်နှက်လိမ့်မယ်လို့ ဘယ်သူကတွေးမိမှာလဲ?

ဖေဖေကျိုးလို လူထွားကြီးတစ်ယောက်က Mr.ချင်ရဲ့လက်အောက်မှာ ပြန်လည်တိုက်ခိုက်ဖို့ အခွင့်အရေးလေး တစ်ခုတောင်မရလိုက်ပဲ လက်ဝှေ့ထိုးတဲ့အိတ်တစ်လုံးအဆင့်သို့ လျော့ချခံလိုက်ရတယ်။ သူတို့ ကျောင်းသားတွေရဲ့ မိဘနှစ်ယောက်က ကျောင်းထဲမှာ ရန်ဖြစ်နေကြတယ်။ ကျောင်းရဲ့ဌာနဆိုင်ရာ အဖွဲ့ဝင်တွေကတော့ သူတို့ကို ရပ်တန့်ကြဖို့ ဖြန်ဖြေပေးရမှာပဲဖြစ်တယ်။ သို့ပေမယ့် ဘယ်သူကများ ဒီအချိန်မှာ ရှေ့တိုးလာရဲပါ့မလဲ? အဲဒီအစား ဖေဖေကျိုးက သူ့သွားတွေကျိုးသွားရလောက်အောင်ကို ဘယ်လောက်အထိ ပြင်းပြင်းထန်ထန် အရိုက်ခံနေရတယ် ဆိုတာကိုကြည့်ရင်း သူတို့လည်း အရမ်းကြောက်လန့်နေပေမယ့်လို့ တစ်ချို့သောဆရာ၊ဆရာမတွေကတော့ တိတ်တိတ်လေး ဝမ်းသာနေခဲ့ကြတယ်။

ကျိုးဟုန်မိန်နှင့်သူမအဖွဲ့တွေက မကြာခဏဆိုသလို ကျောင်းမှာ ပြဿနာရှာကြသူများဖြစ်တယ်။ သို့သော် သူတို့မိဘတွေကလည်း ဒီကိစ္စနှင့်ပတ်သတ်ပြီး အကျိုးသင့်အကြောင်းသင့် မရှိကြတာကြောင့် ဆရာတွေကလည်း သူတို့ကိုထိန်းချုပ်ဖို့ ဘာတစ်ခုမှမလုပ်နိုင်ကြဘူး။ အခုကျတော့ ကောင်းလိုက်တာ။ နောက်ဆုံးတော့ တစ်စုံတစ်ယောက်က သူတို့နဲ့ အကျိုးသင့်အကြောင်းသင့်လုပ်ဖို့ ကြိုးစားမနေတော့ပဲ အဲဒီအစား သူ့လက်သီးကို ချက်ချင်းလှုပ်ရှားလိုက်တယ်။

အရမ်းကျေနပ်တယ်။ [T/N : Me too တီချယ်]

စုပေလည်း ထပ်တူအံ့သြသွားခဲ့ရတယ်။ ဝတ္ထုထဲမှာရေးထားတာက ချင်ရှောက်က free combat style မှာဆိုရင် ဆရာကြီးတစ်ယောက်ဖြစ်တယ်လို့ပဲ။ ဇာတ်လိုက်ရဲ့ကိုယ်ရောင်ကိုယ်ဝါတွေ တောက်ပနေတဲ့ စုန့်ယန်ချန်းလိုလူတောင်မှ သူ့ကိုတစ်ခါမှမနိုင်ခဲ့ဘူး။ ဖေဖေကျိုးလို ရိုးရိုးရှင်းရှင်းတဲ့တိုးထိုးနည်းအပေါ်မှာပဲ အမှီပြုတတ်တဲ့လူဆိုးတစ်ယောက်လောက်က Mr.ချင်ကို အနိုင်ယူဖို့ သူ့မှာ ဘယ်လိုလုပ် အခွင့်အရေးရှိပါ့မလဲ။

[Moon's Note : free combat style - စည်းမျဉ်းစည်းကမ်းတွေမရှိပဲ လူတိုင်းပါဝင်နိုင်တဲ့ တိုက်ခိုက်ရေးစနစ် တစ်ခုပါ။ အဖွဲ့လိုက်ဖြစ်ဖြစ်၊ တစ်ဦးချင်းဖြစ်ဖြစ် တိုက်ခိုက်နိုင်ပါတယ်]

သို့ပေသိ စုပေအနေနဲ့ ချင်ရှောက်က ဒီလိုမျိုးလုပ်လိုက်လေ့မယ်လို့ လုံးဝမထင်ထားခဲ့မိဘူး။ ဝတ္ထုထဲမှာတော့ ဗီလိန်က သူ့ရဲ့ combat skill ကို တကယ်အသုံးပြုခဲ့တဲ့ အခန်းတစ်ခန်းသာရှိခဲ့တယ်။ အဲဒါက ဝတ္ထုရဲ့နောက်ဆုံး အခန်းမှာဖြစ်ပြီး ဇာတ်လိုက်မှ သူ့ရဲ့သေခြင်းအဆုံးသတ်ကို ဖိအားပေးလုပ်ဆောင်နေချိန်မှာ သူ့အသက်ကို ကာကွယ်ရန်အတွက် ပြန်လည်တိုက်ခိုက်ရတာဖြစ်တယ်။

ရုတ်တရက် စုရှောင်ပေါင်က စုပေကို ဆွဲခေါ်လိုက်တယ်။

စုပေက အံ့သြသွားပြီး : "ဘာဖြစ်လို့လဲ?"

စုရှောင်ပေါင် : "မကြည့်နဲ့"

ဒီမြင်ကွင်းက အရမ်းရက်စက်ကြမ်းကြုတ်တာကြောင့် စုရှောင်ပေါင်က စုပေကို သူ့နောက်သို့ဆွဲခေါ်လိုက်ကာ သူ့နောက်ကျောနဲ့ သူမမြင်ကွင်းကို ပိတ်ဆို့ထားလိုက်တယ်။ စုရှောင်ပေါင် ကိုယ်တိုင်ကတော့ ဘယ်လိုပဲဖြစ်ဖြစ် စိတ်ဝင်စားမှုအပြည့်နှင့်သာ ကြည့်ရှုနေခဲ့တယ်။

ကောင်လေးက အသာလေးနှာမှုတ်လိုက်ပြီး : တော်တော်သန်တာပဲ...

တစ်ဖက်မှာတော့ မေမေကျိုးက သူမလူကြီးအရိုက်ခံနေရတာကိုမြင်တော့ အထိတ်တလန့်ဖြစ်သွားခဲ့ပြီး : "ဒါက ကိစ္စသေးသေးလေးပဲဟာကို, ဘာဖြစ်လို့ ရှင်ကအကြမ်းဖက်တဲ့နည်းကိုသုံးနေရတာလဲ!" သူမယောက်ျားသာ အရိုက်ခံရတဲ့သူတစ်ယောက်မဖြစ်သေးသရွေ့ သူတို့ရန်ဖြစ်နေကြတာက အဆင်ပြေတယ်လေ။

မေမေကျိုးက အပြေးအလွှားထလာပြီး Mr.ချင်ကို အနောက်သို့ဆွဲရန် ကြိုးစားခဲ့တယ်။ Mr.ချင်ခေါ်လာခဲ့တဲ့ ကိုယ်ရံတော်တွေက ချက်ချင်းသူမကိုတားမြစ်ခဲ့ကြတယ်။ မေမေကျိုးမှာ ရွေးချယ်စရာမရှိတော့ပဲ အသနားခံကာတောင်းပန်ရတော့တယ် : "ကျေးဇူးပြုပြီး ရပ်ပါတော့! စုပေရဲ့အဖေ, သူဌေးစုရယ်, ကျွန်မတို့ကလေးဖက်က မှားတာပါ။ ရှင် သူမကို ဘာမဆိုလုပ်ချင်တာလုပ်လို့ရပါတယ်နော်။ သူ့ကိုတော့ ထပ်မရိုက်ပါနဲ့တော့"

ဖေဖေကျိုးက နောက်ထပ်ဘာသံမှမထွက်နိုင်တော့ဘူး။ အကယ်၍များ Mr.ချင်က သူ့ကိုဆက်ရိုက်နေမယ်ဆိုရင် သူအနေနဲ့ သူ့အသက်ကိုထိန်းသိမ်းထားနိုင်ဖို့ဆိုတာ မသေချာသလောက်ပဲ။ ချင်ရှောက်က ဒီ limit ကိုသိတယ်။ သူက အကြမ်းဖက်တဲ့နည်းကိုသုံးချင်တဲ့ဆန္ဒရှိပေမယ့်လည်း တစ်ဖက်လူရဲ့အသက်ကို နုတ်ယူလိုက်မျိုး မဖြစ်လိုတာကြောင့် သူရပ်တန့်လိုက်တယ်။

"လက်ထောက်လီ"

လက်ထောက်လီကလည်း သူမအခုလေးတင်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ထိတ်လန့်နေခဲ့တယ်။ အထူးသဖြင့် အခုချိန်မှာဆိုရင် ကျိုးဟုန်မိန်ရဲ့ဖခင်က သူ့တစ်ကိုယ်လုံးမှာသွေးတွေနဲ့ ကြမ်းပြင်ပေါ်မှာ မလှုပ်မယှက်ကြီး လဲလျောင်းနေခဲ့တယ်။ ဒီလူရဲ့ညည်းညူသံအနည်းငယ်ကြောင့်သာ မဟုတ်ဘူးဆိုရင် သူမတကယ်ကြီး သူသေသွားပြီလို့တောင် တွေးမိလောက်တယ်။ အဲဒါကတော့ Mr.ချင်က သူမနာမည်ခေါ်လိုက်တာကို မကြားလိုက်မိခင်အချိန်တုန်းကဖြစ်ပြီး လက်ထောက်လီက သူမစိတ်တွေဆီ ပြန်လည်ရောက်ရှိလာခဲ့တယ် : "ရှိပါတယ် ဆရာ, ဘာများညွှန်ကြားချင်လို့ပါလဲရှင်?"

"သူ့ကိုပိုက်ဆံပေးလိုက်" [T/N : အား...မိုက်လိုက်တာ Daddy ရယ်]

"ဟုတ်-ဟုတ်ကဲ့ပါ ဆရာ" လက်ထောက်လီက သူမရဲ့တည်ငြိမ်အေးဆေးတဲ့ဟန်ပန်ကို အသာထိန်းပြီး ပြန်ဖြေလိုက်တယ်။ ပိုက်ဆံဘယ်လောက်ပေးရမယ်ဆိုတာကိုတော့ Mr.ချင်က အသိသာကြီးကို ဂရုစိုက်မနေလေဘူး။ သူမဘာသာပဲ ဆုံးဖြတ်ရတော့မှာပဲ။

သူ့လက်ပေါ်က သွေးကိုမြင်တော့ ချင်ရှောက်က မျက်မှောင်ကျုံ့လိုက်တယ်, ရွံရှာမှုတစ်ခုက သူ့မျက်လုံးတွေထဲမှာ ဖြတ်ပြေးသွားခဲ့တယ်။

"Mr.ချင်, ဒီတစ်ရှုးလေးသုံးလိုက်ပါ" လက်ထောက်လီက သူ့ထံတစ်ရှုးတစ်ခု လှမ်းပေးခဲ့ပေမယ့် ချင်ရှောက်က မယူလိုက်ဘူး။ သူက ဖြတ်လျှောက်သွားလိုက်ပြီး စုပေရဲ့ကျောင်းလွယ်အိတ်အပြင်ဖက်ရှိ အိတ်ကပ်အသေးလေးမှ တစ်ရှုးထုတ်တစ်ထုတ်ကို ဆွဲထုတ်လိုက်ကာ သူ့လက်မှသွေးတွေကို သုတ်ရန် အသုံးပြုခဲ့တယ်။

ချင်ရှောက်က ဆိုဖာပေါ်ပြန်ထိုင်လိုက်ပြီး သူ့ရဲ့စောနက တည်ငြိမ်အေးဆေးတဲ့အမူအရာကို ပြန်လည် ထိန်းသိမ်းလိုက်တော့တယ်။

အခုလေးတင်ဖြစ်ပျက်သွားတာတွေကိုကြည့်ရင်း တစ်ခြားမိဘတွေခမျာ လှုပ်တောင်မလှုပ်ရဲတော့ဘူး။ ဆယ်ယောက်ကျော်တဲ့မိဘတွေက ကြောက်ကြောက်လန့်လန့်နှင့်မတ်တပ်ရပ်နေကြကာ ဒီကြမ်းပြင်ကြီးက သူတို့ကို မျိုချပစ်လိုက်ဖို့ မအက်ကွဲသွားခဲ့တာကို မုန်းတီးနေကြလေတယ်။ စကားလေးတစ်လုံးလောက် ပြောထွက်ဖို့ ဘယ်သူကများ ဒီလောက်အထိအတင့်ရဲမိမှာလဲ? Mr.ချင်က တစ်ချက် အသာလေး ကြည့်လိုက်တယ်။ မိဘတွေအားလုံးက အလိုလျောက်ပဲ နောက်ကိုခြေတစ်လှမ်းဆုတ်လိုက်ကြကာ သူတို့မျက်လုံးတွေထဲမှာ ကြောက်ရွံ့မှုတို့ ပြည့်နှက်နေလေရဲ့။

"စု-စုပေရဲ့အဖေရှင့်။ ကျွန်မတို့ကလေးတွေကို ရှင့်ကလေးကို တောင်းပန်ဖို့ပြောလိုက်ပါ့မယ်, နောက်ပြီး သူတို့လေးတွေရဲ့မိဘတွေဖြစ်တဲ့ ကျွန်မတို့ဖက်ကလည်း တောင်းပန်ပါတယ်နော်" တစ်စုံတစ်ယောက်က ကြောက်ကြောက်လန့်လန့်နှင့် ပြောလာတယ်။

"ဟုတ်ပါတယ်ဗျာ, ကျွန်တော်တို့ကလေးတွေက သူတို့အနေနဲ့ ဒီလိုသေစေနိုင်လောက်တဲ့အမှားကြီးတစ်ခုကို ကျူးလွန်မိခဲ့ကြတယ်ဆိုတာကို မသိကြလို့ပါ။ ကျေးဇူးပြုပြီး သူတို့နေရာကနေ တောင်းပန်ဖို့ ကျွန်တော်တို့ကို ခွင့်ပြုပေးပါဗျာ"

သူတို့ရဲ့သဘောထားတွေက အရင်တုန်းက စုပေကို သူတို့ဖက်က ပိုက်ဆံပေးဖို့ အတင်းအကျပ် ဖိအားပေးခံခဲ့ရတဲ့အချိန်နှင့်စာရင် အတော်လေးပြောင်းလဲသွားခဲ့တယ်။ Mr.ချင်က ကြောက်လန့်တကြားနှင့် တောင်းပန်နေတဲ့ မိဘအုပ်စုလိုက်ကြီးကို လှောင်ပြောင်လိုက်တယ်။ "သူတို့ကိုထွက်သွားခိုင်းလိုက်တော့" သူကအမိန့်ပေးလိုက်တယ်။ သူတို့ကိုနေခိုင်းထားတာက သူ့မျက်လုံးတွေကိုသာ ညစ်ပတ်စေတယ်လေ။

အဲဒီအချိန်မှာတော့ တတိယအလယ်တန်းကျောင်းရဲ့ဧည့်သည်ဆောင်က လုံးဝကို Mr.ချင်ရဲ့ထိန်းချုပ်မှု အောက်သို့ရောက်ရှိသွားခဲ့တယ်။ ကျောင်းအုပ်ကြီးချန်နှင့်ဆရာ၊ဆရာမတွေက ပြန်လည်ငြင်းဆန်ဖို့ သတ္တိမရှိလေဘူး-အခုချိန်ဘယ်သူကခုန်ထွက်ရဲမှာလဲ? Mr.ချင်က သူတို့ကို မကျေမနပ်နဲ့ကြည့်ပြီး ဟိုလူတွေအစား သူတို့ကိုထရိုက်လိုက်ရင် ဘယ်လိုလုပ်ကြမလဲ?

-----

မိဘတွေက သူတို့အမြီးလေးတွေကို သူတို့ခြေထောက်ကြားထဲမှာထားပြီး ထွက်သွားကြတာကို မြင်လိုက်ရတော့ ကျောင်းအုပ်ကြီးချန်က သူ့ခေါင်းကချွေးတွေကိုသုတ်ဖို့ရာ လက်ကိုင်ပဝါတစ်ခုကို ထုတ်လိုက်တယ်။ ပြီးမှ သူက Mr.ချင်ရဲ့အရှေ့သို့ ခြေတစ်လှမ်းအသာတိုးကာ သူ့ကျည်ဆန်လေးကို ထုတ်လိုက်တယ်။

"Mr.ချင်, ခင်ဗျားမြင်တဲ့အတိုင်းပဲ ခင်ဗျားလည်း တစ်ခြားမိဘတွေနဲ့ သင့်တင့်လျောက်ပတ်စွာ 'စကားပြောဆို' လိုက်ပြီဆိုတော့, အခုဒီကိစ္စကဖြေရှင်းပြီးသွားပြီလား?" ကျောင်းအုပ်ကြီးချန်တွေးလိုက်တာက Mr.ချင်က ဒီလူတွေကို ပြန်လွှတ်လိုက်ပြီဆိုတော့ ဒီကိစ္စကပြီးသွားပြီလို့ ယူဆလိုက်လို့ရပြီမလား။

"ဟုတ်တာပေါ့, ကျိုးဟုန်မိန်နဲ့သူမအပေါင်းအဖော်တွေကိုတော့, ကျွန်တော်တို့ကျောင်းရဲ့ စည်းကမ်းတွေနဲ့အညီ တင်းတင်းကျပ်ကျပ်လေး ဆောင်ရွက်ပေးပါ့မယ်"

အချိန်အတော်ကြာတဲ့အထိ ကျောင်းအုပ်ကြီးခမျာ Mr.ချင်ရဲ့ပြန်ဖြေသံကို မကြားရတာကြောင့် တိတ်တိတ်လေး ကြောက်လန့်နေခဲ့ရတယ်။ အထိတ်တလန့်နှင့်ချောင်းဟန့်လိုက်ပြီး ကျောင်းအုပ်ကြီးချန်က မေးလိုက်တယ် : "Mr.ချင်, ဒါကလက်ခံနိုင်လောက်တယ်လို့ ခင်ဗျားထင်သလား?"

"ကောင်းပြီလေ"

ချင်ရှောက်ရဲ့စကားတွေက ကျောင်းအုပ်ကြီးချန်ကို လွတ်ငြိမ်းချမ်းသာခွင့်ရလိုက်သလိုမျိုး ခံစားသွားရစေခဲ့တယ်။ သို့သော် နောက်ထပ်စက္ကန့်အနည်းငယ်အကြာမှာတော့ ချင်ရှောက် ဆက်ပြောလိုက်တာကို သူကြားလိုက်ရတယ် : "မိဘတွေကြားက ကိစ္စတွေကတော့ ဖြေရှင်းပြီးပြီ။ အခု ကျောင်းဖက်ကနေ ပြောကြတာပေါ့"

ကျောင်းအုပ်ကြီးချန်ရဲ့မျက်နှာက ဖြူလျော်သွားခဲ့တယ်, ပြီးတော့ သူ့နှလုံးသားကလည်း သက်သာရာရစွာ လွင့်မျောနေရင်းက ချက်ချင်းဆိုသလို ပြန်လည်နစ်မြုပ်သွားခဲ့တော့တယ်။ "ဒါကတော့...", ကျောင်းအုပ်ကြီးက တောင့်တင်းသွားခဲ့ပြီး : "Mr.ချင်, ကျွန်တော်တို့ကျောင်းက..."

တစ်ဖက်လူရဲ့ပေါက်ကရတွေကို စောင့်ဆိုင်းမနေတော့ပဲ ချင်ရှောက်က ကျောင်းအုပ်ကြီးချန်ရဲ့စကားတွေကို ချက်ချင်းဖြတ်ပြောလိုက်တယ် : "ကျုပ်ကလေးက ခင်ဗျားရဲ့ကျောင်းပရိဝုဏ်အတွင်းမှာ ဆိုးဆိုးရွားရွား အနိုင်ကျင့်ခံခဲ့ရတာလေ။ ဒါပေမယ့် ကျောင်းအုပ်ကြီးနဲ့ဆရာ၊ဆရာမတွေအနေနဲ့ ဒီကျောင်းတွင်းအကြမ်းဖက်မှုဖြစ်စဉ်ကို စုံစမ်းမေးမြန်းခြင်းမရှိ ကျောင်းသားတွေကြားက သဘောထားကွဲလွဲတဲ့အခြေအနေတစ်ခုသာသာလောက်ပဲ ခင်ဗျားတို့သတ်မှတ်ခဲ့ကြတယ်။ ဒါကပေါ့ဆမှုပဲ။ နောက်ပြီး ခင်ဗျားတို့ကျောင်းက ကျောင်းဂုဏ်သိက္ခာနဲ့ ရမှတ်တွေအတွက်ဆိုပြီးတော့ ကျုပ်ကလေးကိုပါ ကျောင်းခေတ္တခဏရပ်နားစေခဲ့တယ်လေ။ အဲဒါက တာဝန်ပျက်ကွက်မှုပဲ..."

ကျောင်းအုပ်ကြီးနှင့်ဆရာ၊ဆရာမများ : "..."

Mr.ချင်က တော်တော်လေးနှံ့စပ်အောင် စုံစမ်းထားပြီးမှတော့ သူတို့ဘာများပြောနိုင်အုန်းမှာလဲ။

ကျောင်းအုပ်ကြီးချန် : "Mr.ချင်, ကျေးဇူးပြုပြီးကျွန်တော်ရှင်းပြတာလေးကိုနားထောင်ပေးပါ-"

ချင်ရှောက် : "ရှင်းပြနေစရာမလိုတော့ဘူး, ကျုပ်စုဆောင်းထားတဲ့အချက်အလက်တွေနဲ့ ရိုးရိုးရှင်းရှင်း အစီရင်ခံစာတစ်ခု အခုလေးတင်လုပ်ပြီးသွားပြီ။ ကျန်တဲ့ကိစ္စတွေကိုတော့ ကျောင်းအုပ်ကြီးချန်က တရားဝင်စုံစမ်းစစ်ဆေးမှုအောက်မှာ ဖြည်းဖြည်းချင်းရှင်းပြနိုင်ပါတယ်"

Mr.ချင်က သူ့လက်ထောက်ဆီမှ စာရွက်စာတမ်းတစ်ခုကို ယူလိုက်ပြီး ကျောင်းအုပ်ကြီးအရှေ့သို့ ပစ်ပေးလိုက်တယ်။

"ဒါက-!"

[ဟုန်ရှင်းခရိုင် တတိယအလယ်တန်းကျောင်း၏ ကျောင်းအုပ်ကြီးဖြစ်သော ချန်ကျုံးရှု၊ ဌာနဆိုင်ရာ အဖွဲ့ဝင်ဖြစ်သော လော့ရှီးနှင့်တကွ...] ဒါက အစိုးရတရားဝင်ခေါင်းစီးစာပါဝင်တဲ့ စာရွက်စာတမ်းတစ်ခု ဖြစ်တယ်။ ကျောင်းအုပ်ကြီးချန်က စာရွက်ကိုကြည့်လိုက်ပြီးတော့ သူ့တစ်ကိုယ်လုံးက ရေခဲလိုဏ်ဂူတစ်ခုထဲသို့ ထိုးကျသွားခဲ့သလိုမျိုး ဖြစ်သွားခဲ့တယ်။ ဒါကနောက်ဆုံးအစီရင်ခံစာမဟုတ်ဘူးဆိုသော်ငြား သူ့အသက်မွေးဝမ်းကျောင်းအလုပ်ကလေးကတော့ ပြီးဆုံးသွားပြီဆိုတာကို သူသိနေခဲ့တယ်။

"ဒါ, ဒါကအစစ်လား?" တစ်ခြားဆရာ၊ဆရာမတွေရဲ့နာမည်တွေကိုပါ ရေးသားထားတာကြောင့် မယုံသင်္ကာနှင့် မေးမြန်းလိုက်တယ်- Mr.ချင်က ဒီစာရွက်စာတမ်းကို အတုလုပ်ထားတာများလား?

သူတို့အတွေးတွေကို ဖောက်ထွင်းမြင်နေပုံရတဲ့ Mr.ချင်ကတော့ သရော်လိုက်ပြီး နောက်ထပ်စကားတစ်ခွန်းကို အသာထပ်ပြောလိုက်တယ် : "သတင်းကောင်းတွေကိုသာ ငြိမ်ငြိမ်လေးစောင့်ဆိုင်းနေကြပါ"

ချင်ရှောက်က လူတွေကို ဟုန်ရှင်းခရိုင်၏တတိယအလယ်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဌာနဆိုင်ရာအဖွဲ့ဝင်များကို ထဲထဲဝင်ဝင်စုံစမ်းစစ်ဆေးရန် စီစဉ်ပေးခဲ့တယ်။ ရှောင်ပေရဲ့ဖြစ်ရပ်အပြင် တစ်ခြားလူတွေကလည်း များပြားလှစွာသော 'အရာများ' ကိုလုပ်ဆောင်ခဲ့ကြတယ်။ ဒီစာရွက်စာတမ်း၏ မိတ္တူတစ်ရွက်ရရှိရန် အဆက်အသွယ်အချို့ အသုံးပြုခြင်းအပြင် Mr.ချင်က စံသတ်မှတ်ထားတဲ့ အစီရင်ခံခြင်း လုပ်ထုံးလုပ်နည်းများဖြင့်သာ ရိုးရိုးရှင်းရှင်း ဆက်လက်လုပ်ဆောင်သွားခဲ့တယ်။

အဲဒီနေ့ နေ့လည်ခင်းမှာပဲ တတိယအလယ်တန်းကျောင်းရဲ့ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ဆရာမများစွာက သူတို့ကျောင်းခေတ္တခဏရပ်နားခြင်းအတွက် တရားဝင်သတိပေးစာတစ်ခု လက်ခံရရှိကြပြီး စုံစမ်းစစ်ဆေးခြင်းကို ခံယူခဲ့ကြရတယ်။ အရင်ဌာနမှုးဆရာမမှ ယာယီအနေနဲ့ ကျောင်းအုပ်ကြီးရာထူးကို လွှဲပြောင်းယူလိုက်ခဲ့တယ်။

သို့သော် ထိုကိစ္စတွေက နောက်ပိုင်းကျမှသာဖြစ်တယ်။

စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့လူတစ်ချို့ကို ချန်ထားခဲ့ပြီး Mr.ချင်က ကျောင်းပြောင်းခြင်းလုပ်ငန်းစဉ်ကို ပြီးဆုံးအောင်ဆောင်ရွက်ခဲ့ပြီး သူ့ကလေးတွေကိုခေါ်ဆောင်ကာ ဧည့်သည်ဆောင်မှအပြင်ထွက်လာခဲ့တယ်။ သူတို့ထွက်လိုက်တာနဲ့ ညာဖက်ဘေးကပ်လျက်က စာသင်ခန်းဖြစ်တယ်။ ကျောင်းသားတွေအားလုံးက မျက်လုံးပြူးပြူးလေးတွေနဲ့ သူတို့ကျောင်းဂိတ်ပေါက်ဝမှ ဇိမ်ခံကားအတန်းလိုက်ကြီးကို ကြည့်ရှုနေခဲ့ကြတယ်။

"ကြည့်စမ်း! သူတို့ထွက်လာကြပြီဟ!"

ကျောင်းသားတွေရဲ့စူးစမ်းနေတဲ့မျက်လုံးတွေအောက်မှာ Mr.ချင်ကအခန်းထဲမှ ထွက်လာခဲ့တယ်။

"Wow! ချောလိုက်တာဟယ်!" [T/N : Kay ရေ...] [Kay : လုမယ့်လူတွေကို မြင်မြင်နေရတာ စိတ်မချမ်းသာတော့ဘူး ]

"သူဘယ်သူလဲ ငါသိတယ်! သူက ချင် Group ရဲ့ဥက္ကဌလေ! ငါသူ့ကိုသတင်းတွေထဲမှာ မြင်ဖူးတယ်ဟ!"

"နင်သေချာလို့လား?" ချင် Group ဆိုတာက သူတို့လိုသာမန်လူတွေ တွေးတောင်မတွေးရဲလောက်တဲ့ တည်ရှိမှုမျိုးလေ။

"တစ်ရာရာခိုင်နှုန်းသေချာတယ်"

"နင်အရင်တုန်းကပြောတော့ မသေချာဘူးဆို" တကယ်တော့ ချင် Group ရဲ့ဥက္ကဌဆိုသူက လူရှေ့သူရှေ့ ရှားရှားပါးပါးထွက်ပြခဲတယ်။ များသောအားဖြင့် သိပ်မရှင်းလင်းလှတဲ့ ခိုးရိုက်ဓာတ်ပုံများကလွဲ၍ အင်တာနက်ပေါ်မှ သူ့ဓာတ်ပုံတွေက အလွန်တရာကိုနည်းပါးလှတယ်။

"နင်မမြင်လိုက်ဘူးလား? ကျောင်းဂိတ်ပေါက်ဝမှာ ချိတ်ထားတဲ့စာတန်းမှာ ရေးထားတဲ့ 'Redstone ဇီဝနည်းပညာ' ဆိုတာကိုလေ! ငါခုနလေးတင်စစ်ကြည့်ပြီးပြီ, အဲဒီ 'Redstone ဇီဝနည်းပညာ' ကို ဘယ်သူပိုင်တာလဲသိလား? အဲဒါ ချင် Group တဲ့ဟ!"

"ဘုရားရေ! ဒါဆိုအဲဒီလူက ချင် Group ရဲ့ဥက္ကဌ ဆိုတာလား? အရမ်းခန့်ညားပြီး အရမ်းချောတာပဲ!"

[T/N : ကျွန်မတို့ပြောဖို့လည်း ထားကြပါအုန်း။ ရှင်တို့ကြီးပဲ ပြောနေကြတာပဲ...]

"ငါထင်လိုက်တာကလေ စုန့် Group ရဲ့ဥက္ကဌ ဆိုတာက အရမ်းအရမ်းကို အဆင့်အတန်းမြင့်တဲ့တည်ရှိမူ တစ်ခုလိုဖြစ်နေပြီးသားလေ။ သူ့လိုလူမျိုး နောက်ထပ်တစ်ယောက် ရှိနေမယ်လို့ အရင်တုန်းက တစ်ခါမှ မတွေးခဲ့ဖူးဘူး"

"အမှန်အတိုင်းပြောရရင် ဥက္ကဌ ချင်က ဥက္ကဌ စုန့်ထက် အများကြီးပိုချောတယ်လို့ ငါခံစားမိတယ်..." သို့ပေသိ ဥက္ကဌ စုန့်နှင့် ယှဉ်လိုက်ရင်တော့ ဥက္ကဌ ချင်က အလွန်တရာ ခပ်လျှိုလျှိုနေထိုင်သူသာဖြစ်တယ်။

မိန်းကလေးအများစုက အတင်းပြောနေကြရင်း အလုပ်များနေခဲ့ကြပေမယ့် ရုတ်တရက်ဆိုသလို လူအုပ်ကြီးက နောက်ထပ်ပွက်ပွက်ညံတဲ့အသံတွေ ပေါက်ထွက်လာခဲ့တယ်။

"ဘာဖြစ်တာလဲ? ဒီတစ်ခါရောဘာကြီးလဲ?"

"ဟိုနားကိုကြည့်လိုက်အုန်း, ဥက္ကဌ ချင်ရဲ့အနောက်ကိုလေ!"

"အယ်, ဟိုဓာတ်ပုံထဲကကောင်မလေးမလား"

"ဖာ့ခ်! တကယ်ကြီး စုပေနဲ့စုရှောင်ပေါင်ဟ!"


[Moon's Note : Celebrity Daddy ချင်ရဲ့ Revenge တွေက အမိုက်စားကြီးနော်... အမရဲ့ စာဖတ်သူလေးတွေရောဘယ်လိုလဲ ကျေနပ်ကြရဲ့လား???]

14.12.2020
Monday

_____

Thanks 😉





Continue Reading

You'll Also Like

63.2K 5.8K 11
Timetravel 😁 Uni and Zawgyi(owncreation)
2.5M 251K 40
1920ခုနှစ်လောက်က လူနေမှုပုံစံတွေကို inspireယူပြီး ရေးဖွဲ့ထားတဲ့ Own Creation rebirth fictionလေးပါ။ _________# Starting date_26.6.2020 Ending date_6.1...
1.9M 122K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...
125K 17.2K 43
က်န္းခ်င္းေပ - arc.4.