Emperor and the Knightness (Z...

By CrystSnow

18.8K 2.5K 146

Read Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing... More

Introduction
အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၎
အခန်း ၅
အခန်း ၆
အခန်း ၇
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း ၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၉
အခန်း ၂၀
အခန်း ၂၁
အခန်း ၂၂
အခန်း ၂၃
အခန်း ၂၄
အခန်း ၂၅
အခန်း ၂၆
အခန်း ၂၇
အခန်း ၂၈
အခန်း ၂၉
အခန်း ၃၀
အခန်း ၃၁
အခန်း ၃၂
အခန်း ၃၃
အခန်း ၃၄
အခန်း ၃၅
အခန်း ၃၆
အခန်း ၃၇
အခန်း ၃၈
အခန်း ၃၉
အခန်း ၄၀
အခန်း ၄၁
အခန်း ၄၂
အခန်း ၄၃
အခန်း ၄၄
အခန်း ၄၅
အခန်း ၄၆
အခန်း ၄၇
အခန်း ၄၈
အခန်း ၄၉
အခန်း ၅၀
အခန်း ၅၁
အခန်း ၅၂
အခန်း ၅၃
အခန်း ၅၄
အခန်း ၅၅
အခန်း ၅၆
အခန်း ၅၇
အခန်း ၅၈
အခန်း ၅၉
အခန်း ၆၀
အခန်း ၆၁
အခန်း ၆၂
အခန်း ၆၃
အခန်း ၆၄
အခန်း ၆၅
အခန်း ၆၆
အခန်း ၆၇
အခန်း ၆၈
အခန်း ၆၉
အခန်း ၇၀
အခန်း ၇၁
အခန်း ၇၂
အခန်း ၇၃
အခန်း ၇၄
အခန်း ၇၅
အခန်း ၇၆
အခန်း ၇၇
အခန်း ၇၈
အခန်း ၇၉
အခန်း ၈၀
အခန်း ၈၁
အခန်း ၈၂
အခန်း ၈၃
အခန်း ၈၄
အခန်း ၈၅
အခန်း ၈၆
အခန်း ၈၇
အခန်း ၈၈
အခန်း ၈၉
အခန်း ၉၀
အခန်း ၉၁
အခန်း ၉၂
အခန်း ၉၃
အခန်း ၉၄
အခန်း ၉၅
အခန်း ၉၆
အခန်း ၉၇
အခန်း ၉၈
အခန်း ၉၉
အခန်း ၁၀၀
အခန်း ၁၀၁
အခန်း ၁၀၂
အခန်း ၁၀၃
အခန်း ၁၀၄
အခန်း ၁၀၅
အခန်း ၁၀၆
အခန်း ၁၀၇
အခန်း ၁၀၈
အခန်း ၁၀၉
အခန်း ၁၁၀
အခန်း ၁၁၁
အခန်း ၁၁၂
အခန်း ၁၁၃
အခန်း ၁၁၄
အခန်း ၁၁၅
အခန်း ၁၁၆
အခန်း ၁၁၇
အခန်း ၁၁၈
အခန်း ၁၁၉
အခန်း ၁၂၀
အခန်း ၁၂၁
အခန်း ၁၂၂
အခန်း ၁၂၃
အခန်း ၁၂၄
အခန်း ၁၂၅
အခန်း ၁၂၆
အခန်း ၁၂၇
အခန်း ၁၂၈
အခန်း ၁၂၉
အခန်း ၁၃၀
အခန်း ၁၃၁
အခန်း ၁၃၂
အခန်း ၁၃၃
အခန်း ၁၃၄
အခန်း ၁၃၅
အခန်း ၁၃၆
အခန်း ၁၃၇
အခန်း ၁၃၈
အခန်း ၁၃၉
အခန်း ၁၄၀
အခန်း ၁၄၁
အခန်း ၁၄၂
အခန်း ၁၄၃
အခန်း ၁၄၄
အခန်း ၁၄၅
အခန်း ၁၄၆
အခန်း ၁၄၇
အခန်း ၁၄၈
အခန်း ၁၄၉
အခန်း ၁၅၀
အခန်း ၁၅၁
အခန်း ၁၅၂
အခန်း ၁၅၃
အခန်း ၁၅၄
အခန်း ၁၅၅
အခန်း ၁၅၆
အခန်း ၁၅၈
အခန်း ၁၅၉
အခန်း ၁၆၀
အခန်း ၁၆၁
အခန်း ၁၆၂
အခန်း ၁၆၃
အခန်း ၁၆၄
အခန်း ၁၆၅
အခန်း ၁၆၆
အခန်း ၁၆၇
အခန်း ၁၆၈
အခန်း ၁၆၉
အခန်း ၁၇၀
အခန်း ၁၇၁
အခန်း ၁၇၂
အခန်း ၁၇၃
အခန်း ၁၇၄
အခန်း ၁၇၅
အခန်း ၁၇၆
အခန်း ၁၇၇
အခန်း ၁၇၈
အခန်း ၁၇၉
အခန်း ၁၈၀
အခန်း ၁၈၁
အခန်း ၁၈၂
အခန်း ၁၈၃
အခန်း ၁၈၄
အခန်း ၁၈၅
အခန်း ၁၈၆
အခန်း ၁၈၇
အခန်း ၁၈၈
အခန်း ၁၈၉
အခန်း ၁၉၀
အခန်း ၁၉၁
အခန်း ၁၉၂
အခန်း ၁၉၃
အခန်း ၁၉၄
အခန်း ၁၉၅
အခန်း ၁၉၆
အခန်း ၁၉၇
အခန်း ၁၉၈
အခန်း ၁၉၉

အခန်း ၁၅၇

66 6 0
By CrystSnow

Lady Rebecca က ဆက်ပြောလာသည်.

"နံရံအတားအဆီးတစ်ခုဆိုတာက လူတစ်ယောက်တည်းရဲ့အားနဲ့ ဖျက်ဆီးလို့မှ မရတာ.. ဒီနံရံနောက်မှာ ပိတ်မိနေတဲ့လူတိုင်းက ဒီအတားအဆီး အခက်အခဲတွေကို တွန်းထုတ်ရမှာ.. ဒီနံရံနောက်က လွတ်မြောက်ဖို့က... အမျိုးသမီးတစ်ယောက်ချင်းစီက ကြိုးစားအားထုတ်သင့်တာ.. ကိုယ့်ရဲ့လွတ်လပ်မှုအတွက် ကိုယ်တိုင်ကြိုးစားအားထုတ်မှ ဒီရလဒ်က တန်ဖိုးရှိမှာမလား. ဒါကြောင့် Marquess Winter ရှင် ဘာမှ လုပ်ပေးဖို့ မလိုပါဘူး. ရှင့်ရဲ့တည်ရှိနေမှုကတင် လုံလောက်နေပါပြီ. ရှင့်ရဲ့ တည်ရှိမှုက ကျွန်မတို့အနေနဲ့လဲ ဒီနံရံနောက်ကနေ လွတ်မြောက်နိင်တယ်ဆိုတဲ သက်သေပဲ. ရှင်နဲ့တွေ့ပြီးတဲ့နောက် ကျွန်မမှာ ပိုပြီးတော့ မျှော်လင့်ချက်ရှိလာတယ်. ဒီမမြင်ရတဲ့ နံရံကနေ လွတ်မြောက်နိုင်တယ်ဆိုတာ ရှင်က ကျွန်မတို့အတွက် သက်သေပြပေးခဲ့တာ. ဒါကြောင့် ရှင့်ရဲ့ တည်ရှိမှုကတင် ကျွန်မတို့အားလုံးအတွက် မျှော်လင့်ချက်ရဲ့ သင်္ကေတပဲ"

သူမရဲ့ ရှည်လျားတဲ့ဝန်ခံမှုပြီးတဲ့နောက်တော့ Rebecca က အသက်ရှုရပ်သလိုဖြစ်သွားခဲ့သည်. သူမက အရမ်းပင်ပန်းသွားပုံရသည်. Poliana က သူမရဲ့လက်ဖက်ရည်ခွက်ကို ထိနေရင်းနဲ့ Lady Rebecca ပြောခဲ့တာတွေကို စဉ်းစားနေသည်. 'သူမကိုယ်တိုင်နဲ့ပတ်သက်ပြီး သူမမှာ ဘာမျှော်လင့်ချက်မှမရှိတဲ့အကြောင်း' သူမက ဧကရာဇ်ရဲ့ဇနီးတစ်ယောက်ဖြစ်ပြီး ဒီတိုင်းပြည်ရဲ့ အရေးအကြီးဆုံးလူတစ်ယောက်ဖြစ်သည်. သူမရဲ့ မွေးဖွားလာတဲ့အဆင့်အတန်းကတင် သူမအတွက် ခိုင်မာတဲ့ရပ်တည်ချက်ဖြစ်ခဲ့သည်.

Rebecca ကို စံပြအမျိုးသမီးတစ်ယောက်အဖြစ် သတ်မှတ်ထားတာကြောင့် သူမကို Luciucs နဲ့ လက်ထပ်ဖို့ ရွေးချယ်ခဲ့တာဖြစ်သည်. သူမ အမှန်တကယ်ဖြစ်ချင်တာကို ပိုင်ဆိုင်ဖို့အတွက် Rebecca ဒီ "အကောင်းဆုံးအမျိုးသမီး"ဆိုတဲ့ ဂုဏ်ပုဒ်ကို လက်လျော့ရမှာဖြစ်သည်. ဒါပေမဲ့ သူမရဲ့ အဆင့်အတန်းကို လက်လျော့လိုက်ရင် သူမရဲ့ အခြေအနေတွေက Poliana ရဲ့ လက်ဖက်ရည်ခွက်ထဲမှာ အရည်ပျော်သွားတဲ့ သကြားခဲလိုမျိုးပဲ ပျောက်ကွယ်သွားမှာဖြစ်သည်.

လူ့အဖွဲ့အစည်းရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာခဲ့လို့သာ Lady Rebecca က ဒီနံရံနောက်မှာပိတ်မိနေတဲ့ လူတွေကြားမှာ ရနိုင်တဲ့ အဆင့်အမြင့်ဆုံး အကောင်းဆုံးအမျိုးသမီး အဆင့်အတန်းကို ရခဲ့တာဖြစ်သည်. အခု. သူမက ဒီထက်ပိုပြီးလိုချင်နေတာကြောင့် သူမက လောဘကြီးတယ်လို့ ပြောတာ အံ့ဩစရာမရှိပေ.

Poliana ပြန်ဖြေလိုက်သည်.

"Lady Rebecca, မင်း ဒီအကြောင်းတွေကို တခြားလူတွေကို မပြောသင့်ဘူး. ဒါက အရမ်းအန္တရာယ်များတဲ့ အကြောင်းအရာပဲ"

"ကျွန်မ မပြောပါဘူး! ကျွန်မ အခုအချိန်အထိ ဘယ်သူ့ကိုမှ မပြောခဲ့ဖူးဘူး! ကျွန်မရဲ့ ညီမနဲ့ ကျွန်မရဲ့ အမေကိုတောင် မပြောခဲ့ဖူးဘူး.. ဒါပေမဲ့ အခုတော့ ကျွန်မ ရှင့်ကို အားလုံးပြောခဲ့မိတယ် Marquess Winter"

သူမက ဧကရာဇ်ရဲ့ဇနီးဖြစ်နေတာကြောင့် Rebecca ရဲ့ စိတ်ကူးဟာ သူမကို ဒုက္ခရောက်သွားစေနိုင်သည်. Rebecca က ဒီကမ္ဘာကြီးကို ပြောင်းလဲချင်နေပေမဲ့ Lucius ကတော့ သူ့ရဲ့တိုင်းပြည်အသစ်ကို နှောင့်ယှက်မှုတွေ မရှိပဲ တည်ငြိမ်အေးချမ်းအောင် ကြိုးစားအားထုတ်နေသည်. အနည်းငယ်ပြောင်းလဲမှုတွေကတောင် သူ့ရဲ့ အာဏာနဲ့ ဩဇာသက်ရောက်မှုကို အန္တရာယ်ဖြစ်စေနိုင်သည်.

ပြီးတော့ သူက အရမ်းအလွန်အကျွံလုပ်မှုကြောင့် သေဆုံးသွားလိမ့်မည်.....

Poliana က နောက်ထပ်သကြားခဲတစ်ခဲကို သူမရဲ့ လက်ဖက်ရည်ထဲ ထည့်လိုက်သည်. တိုက်ကြီးတစ်ခုလုံးကို စုစည်းပြီးတဲ့နောက်မှာ သကြားဝယ်ယူဖို့က ပိုမိုလွယ်ကူလာသည်. ဒါက တိုင်းပြည်တွေ စုစည်းပြီးတဲ့နောက် Poliana ရဲ့အကြိုက်ဆုံး အပြောင်းအလဲဖြစ်သည်. ကြံပင်တွေအများကြီးစိုက်ဖို့က ခက်ခဲကြောင်း Rebecca က သူမကို ပြောခဲ့ဖူးသည်. ချိုမြတဲ့သီးပင်စားပင် တွေကို စိုက်ပျိုးဖို့က ပိုတောင် ခက်ခဲပြီး အရသာရှိတဲ့ သီးပင်စားပင်တွေ ပိုမိုစိုက်ပျိုးလာနိုင်တာကြောင့် Poliana က ပျော်ရွှင်ခဲ့သည်.

Poliana က လက်ဖက်ရည် တစ်ငုံသောက်လိုက်သည်. အဲ့အရသာက ချိုအီပြီး စေးကပ်ကပ်ဖြစ်နေသည်. အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးတဲ့နောက်မှာတော့ Poliana က အမျိုးသမီးကို ပြောလိုက်သည်.

"ငါ တခြားသူတွေကို ဘယ်တုန်းကမှ မပြောခဲ့ဖူးတဲ့အကြောင်းကို ပြောဖို့ အချိန်ရောက်ပြီလို့ ထင်တယ်..."

Rebecca ရဲ့ ကိုယ့်ဘာသာမုန်းတီးမိတယ်ဆိုတဲ့ အကြောင်းကို ကြားပြီးချိန်မှာတော့ Poliana ကလဲ သူမရဲ့ အတိတ်တုန်းက အကြောင်းအရာတစ်ခုကို အမှတ်ရလိုက်သည်. အဲ့တာက သူမရဲ့ စိတ်ထဲက အနက်ရှိုင်းဆုံးနေရာမှာ မြုပ်နှံထားခဲ့တာဖြစ်သည်. တကယ်လို့ သူမက Rebecca နဲ့သာ စကားမပြောဖြစ်ခဲ့ရင် Poliana က ဒီအကြောင်းအရာကို လုံးဝမေ့သွားခဲ့လောက်သည်.

အဲ့တာက Poliana က ရာစုခေါင်းဆောင်ဖြစ်ကာစမှာ ဖြစ်ခဲ့တာဖြစ်သည်. သူမရဲ့ တပ်ခွဲက လူနှစ်ယောက်က အပျော်မယ်တစ်ယောက်ကို အဓမ္မကျင့်ခဲ့သည်. ဒီအမျိုးသမီးက Acreian စစ်တပ်က စစ်သားတွေအတွက် လိုအပ်တဲ့အပျော်မယ်တွေကို ရှာဖွေပေးဖို့ တာဝန်ယူထားတဲ့ ပြည့်တန်ဆာခေါင်းဆောင်ရဲ့ လက်အောက်ကဖြစ်သည်.

အသိမ်းပိုက်ခံကျေးရွာတွေ နယ်မြေတွေမှာ လုယက်တာတွေ, တရားမဝင်လုပ်ငန်းလုပ်တာတွေနဲ့ အမျိုးသမီးတွေကို အဓမ္မကျင့်တာတွေကို Lucius က ပြင်းထန်စွာ တားမြစ်ထားခဲ့သည်. ဒါပေမဲ့ အပျော်စံအိမ်ကို သွားရောက်တာကိုတော့ မတားမြစ်ခဲ့ပေ. အဲ့နေ့မှာ အပျော်မယ်က နေမကောင်းတာကြောင့် အနားယူခွင့်တောင်းထားတာလို့ ပြောကြသည်. စစ်သားတွေက သူမကို တောင်းဆိုတော့ သူမက ငြင်းဆိုခဲ့သည်. စစ်သားတွေက အဖြေကို လက်မခံပဲ သူမကို အဓမ္မကျင့်ခဲ့ကြသည်.

သူတို့က သူမကို ပိုက်ဆံပေးခဲ့တာကြောင့် အဓမ္မကျင့်တာမဟုတ်ဘူးလို့ စစ်သားတွေက ခုခံကြသည်. ဘာမှ ဖြစ်မလာခဲ့ရင်တော့ အဲ့ကိစ္စက ဒီအတိုင်း ပြီးဆုံးသွားမှာဖြစ်ပေမဲ့ အပျော်မယ်က နာမကျန်းဖြစ်ကာ သေဆုံးသွားတာကြောင့် ဒီကိစ္စက Poliana ဆီကို ရောက်လာခဲ့သည်. ပြည့်တန်ဆာခေါင်းဆောင်က သူ့ရဲ့ "အလုပ်သမား" သေဆုံးသွားတာကြောင့် လျော်ကြေးတောင်းဆိုရန် Acreian စစ်တပ်ကို ရောက်လာခဲ့သည်.

သူ့ရဲ့ အပျော်မယ်က သေဆုံးသွားတာကြောင့် ဒါက လူသတ်မှုဖြစ်ကြောင်း ပြည့်တန်ဆာခေါင်းဆောင်က ခုခံပြောဆိုခဲ့သည်. တခြားတစ်ဖက်မှာတော့ စစ်သားတွေက သူတို့ ပိုက်ဆံပေးခဲ့တဲ့အတွက် အပြစ်မရှိကြောင်း ငြင်းဆန်နေခဲ့သည်. အပျော်မယ်ကို သတ်တာက တရားမဝင်ပေ. အဲ့တာက သာမာန်ပြည်သူတစ်ယောက်ကို သတ်သလိုပဲ ပြစ်မှုကြီးသည်

ဒီအကြောင်းက သူမရဲ့တပ်ခွဲမှာ လူပြောများတဲ့ သတင်းဖြစ်ခဲ့သည်. လူတွေအားလုံးက စစ်သားတွေအနေနဲ့ အပြစ်မရှိကြောင်း ကာကွယ်ပြောဆိုခဲ့ကြသည်.

Poliana ဒီအကြောင်းကို စကြားကြားချင်းမှာတော့ သူမက အများကြီးမတွေးတောခဲ့ပေ. အပျော်မယ်တစ်ယောက်သေသွားတာက ဘယ်လောက်အရေးကြီးလို့လဲ? ဒါနဲ့ပဲ ကမ္ဘာကြီးက ပြောင်းလဲသွားမှာမှ မဟုတ်တာ.

ဒါပေမဲ့ သူမက ဒီစစ်သားနှစ်ယောက်မှာလဲ အမှားရှိတယ်လို့ ယူဆခဲ့သည်. တကယ်လို့ တစ်ယောက်ယောက်က ဆိုင်ကနေ ပစ္စည်းတွေကို အတင်းအကျပ်ယူခဲ့ပြီး နောက်မှ ပိုက်ဆံပေးခဲ့ရင်တောင် သူတို့ကို သူခိုးလို့ သတ်မှတ်လို့ရသည်. ဒါကြောင့် Poliana က ဒီပြစ်မှုကို အဓမ္မကျင့်မှုအဖြစ် သတ်မှတ်ခဲ့သည်. အပျော်မယ်သေဆုံးသွားတာကတော့ ကံမကောင်းတဲ့ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပြီး စစ်သားတွေရဲ့ အမှားမဟုတ်ပေ.

Poliana က သူမရဲ့ ဆုံးဖြတ်ချက်ကို ကြေငြာလိုက်တော့ ပြည့်တန်ဆာခေါင်းဆောင်က ကျေနပ်သွားပုံရသည်. သူက သူတောင်းဆိုတာ မရခဲ့ပေမဲ့ ဒီမတော်တဆဖြစ်ရပ်ကို မုဒိန်းမှုအဖြစ် သတ်မှတ်ပေးခဲ့တာကြောင့် သူက Poliana ကို ကျေးဇူးတင်ခဲ့သည်.

ဒါပေမဲ့ သူမရဲ့လူတွေကတော့ ကျေနပ်ပုံမရတဲ့အပြင် ဒေါသတောင်ထွက်ခဲ့ကြသေးသည်. သူတို့က Poliana က အမျိုးသမီးတစ်ယောက်ဖြစ်တာကြောင့် သူမက သေသွားတဲ့အမျိုးသမီးဘက် လိုက်ကာ ဒီလိုဆုံးဖြတ်ခဲ့တာဆိုပြီးတော့ စောဒတက်ခဲ့ကြသည်.

'အဲဒီ့ မိုက်ရိုင်းတဲ့ခွေးကောင်တွေ...'

Poliana က သေသွားတဲ့အပျော်မယ်ကို စာနာတာမဟုတ်သလို စိတ်လဲမဝင်စားပေ, သူမက ဖြစ်ရပ်တွေကို အခြေခံပြီးတော့ တရားမျှတစေချင်တာပဲဖြစ်သည်. ဒါကြောင့် သူမလူတွေရဲ့ စောဒကတက်တာကို ပြန်ကြားလိုက်ရတော့ သူမနားတွေကိုတောင် မယုံကြည်နိုင်ဘူးဖြစ်သွားသည်. အမျိုးသမီးဖြစ်နေတာကြောင့် သူမကို မုန်းတီးခဲ့ကြတာကို Poliana က အကျင့်ရပြီးသားဖြစ်ပေမဲ့ ဒီဟာက ဒီလိုပြောဖို့ လိုအပ်လို့လား? 

ဒါက နည်းနည်းလေးမှ အဓိပ္ပါယ်မရှိပေ.

Poliana က သေသွားတဲ့ အပျော်မယ်ဘက်ကို လိုက်ခဲ့တာ မဟုတ်ပေ. သူမက အပျော်မယ်တစ်ယောက်ကြောင့် အပြစ်ပေးခံရမဲ့ သူမရဲ့ စစ်သားတွေကိုတောင် စာနာခဲ့သေးသည်. အပျော်မယ်တစ်ယောက်က အဓမ္မကျင့်ခံရပြီး ဘာလို့ သေသွားရတာလဲ? သူမက အပျော်မယ်ဖြစ်တာကြောင့် ယောက်ျားတွေကို ကျေနပ်အောင်လုပ်ပေးဖို့က သူမရဲ့အလုပ်ဖြစ်သည်. Poliana က တရားမျှတစွာဆုံးဖြတ်ပေးခဲ့ပေမဲ့ သူမကို အပြစ်တင်ဝေဖန်ခဲ့ကြသည်.

သူမက အမျိုးသမီးတစ်ယောက်ဖြစ်နေတာနဲ့ပဲ သူမရဲ့ တရားမျှတစွာ ဆုံးဖြတ်ခွင့်ကို လူတွေက မေးခွန်းထုတ်လာကြသည်. သူမဘာကြောင့်ဆုံးဖြတ်ခဲ့တာလဲဆိုတာကို လူတွေက လုံးဝဂရုမစိုက်ခဲ့ကြပေ. သူမက အမျိုးသမီးတစ်ယောက်ဖြစ်နေတယ်ဆိုတဲ့ အချက်ကိုသာ လူတွေက ပစ်မှတ်ထားခဲ့ကြသည်. သူမက အမျိုးသမီးတစ်ယောက်ဖြစ်နေလို့ အပျော်မယ်ဘက်ကို လိုက်တယ်လို့ သူမရဲ့စစ်သားတွေက ပြောဆိုခဲ့ကြသည်. သူတို့က သူမရဲ့နာမည်ကိုတပ်ကာ စစ်သားနှစ်ယောက်ရဲ့ဘဝကို ဖျက်ဆီးတဲ့သူလို့ ပြောဆိုနေခဲ့ကြသည်.

Poliana က တရားမျှတဖို့သာ ရည်ရွယ်ခဲ့ပြီး သူမရဲ့နေရာက အကောင်းဆုံးအနေအထားဖြစ်ခဲ့ပေမဲ့ လူတွေကတော့ သူမနဲ့ အတွေးမတူခဲ့ပေ. ကိစ္စက ပိုပြီး ကြီးထွားလာပြီး စစ်သားတွေကြားမှာ သဘောထားကွဲလွဲမှုတွေဖြစ်လာခဲ့ကာ ဒီအကြောင်းအရာက Sir Rabie နဲ့ Sir Baufallo ဆီကို ရောက်သွားခဲ့သည်.

Continue Reading

You'll Also Like

172K 6.9K 20
*COMPLETED* Harry, Draco and the other seventh years have come to re-do the year. Draco is struggling with post war Hogwarts and is just trying to b...
1.1K 105 60
နဂါးအလောင်းကိုးလောင်းဆွဲလာသည့် ထူးဆန်းသော ကြေးနီ ခေါင်းတလားကြီးသည် သူငယ်ချင်း သုံးဆယ့်သုံးဦးကို အခြားလောကသို့ ပို့ဆောင်လိုက်လေသည်။ ရှင်သန်နိုင်ရန်...
96.8K 14.3K 89
His Son Has a Richest Billionaires Dad Unicode: နှစ်တစ်ဝက်စာလောက် ခြိုးချန်ချွေတာပြီးတဲ့နောက်မှာတော့ ချန်ယန်တစ်ယောက် ဇိမ်ခံအပျော်စီးသင်္ဘောပေါ်မှာ ခ...
1.4M 125K 44
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...