Emperor and the Knightness (Z...

By CrystSnow

18.8K 2.5K 146

Read Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing... More

Introduction
အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၎
အခန်း ၅
အခန်း ၆
အခန်း ၇
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း ၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၉
အခန်း ၂၀
အခန်း ၂၁
အခန်း ၂၂
အခန်း ၂၃
အခန်း ၂၄
အခန်း ၂၅
အခန်း ၂၆
အခန်း ၂၇
အခန်း ၂၈
အခန်း ၂၉
အခန်း ၃၀
အခန်း ၃၁
အခန်း ၃၂
အခန်း ၃၃
အခန်း ၃၄
အခန်း ၃၅
အခန်း ၃၆
အခန်း ၃၇
အခန်း ၃၈
အခန်း ၃၉
အခန်း ၄၀
အခန်း ၄၁
အခန်း ၄၂
အခန်း ၄၃
အခန်း ၄၄
အခန်း ၄၅
အခန်း ၄၆
အခန်း ၄၇
အခန်း ၄၈
အခန်း ၄၉
အခန်း ၅၀
အခန်း ၅၁
အခန်း ၅၂
အခန်း ၅၃
အခန်း ၅၄
အခန်း ၅၅
အခန်း ၅၆
အခန်း ၅၇
အခန်း ၅၈
အခန်း ၅၉
အခန်း ၆၀
အခန်း ၆၁
အခန်း ၆၂
အခန်း ၆၃
အခန်း ၆၄
အခန်း ၆၅
အခန်း ၆၆
အခန်း ၆၇
အခန်း ၆၈
အခန်း ၆၉
အခန်း ၇၀
အခန်း ၇၁
အခန်း ၇၂
အခန်း ၇၃
အခန်း ၇၄
အခန်း ၇၅
အခန်း ၇၆
အခန်း ၇၇
အခန်း ၇၈
အခန်း ၇၉
အခန်း ၈၀
အခန်း ၈၁
အခန်း ၈၂
အခန်း ၈၃
အခန်း ၈၄
အခန်း ၈၅
အခန်း ၈၆
အခန်း ၈၇
အခန်း ၈၈
အခန်း ၈၉
အခန်း ၉၀
အခန်း ၉၁
အခန်း ၉၂
အခန်း ၉၃
အခန်း ၉၄
အခန်း ၉၅
အခန်း ၉၆
အခန်း ၉၇
အခန်း ၉၈
အခန်း ၉၉
အခန်း ၁၀၀
အခန်း ၁၀၁
အခန်း ၁၀၂
အခန်း ၁၀၃
အခန်း ၁၀၄
အခန်း ၁၀၅
အခန်း ၁၀၆
အခန်း ၁၀၇
အခန်း ၁၀၈
အခန်း ၁၀၉
အခန်း ၁၁၀
အခန်း ၁၁၁
အခန်း ၁၁၂
အခန်း ၁၁၃
အခန်း ၁၁၄
အခန်း ၁၁၅
အခန်း ၁၁၆
အခန်း ၁၁၇
အခန်း ၁၁၈
အခန်း ၁၁၉
အခန်း ၁၂၀
အခန်း ၁၂၁
အခန်း ၁၂၂
အခန်း ၁၂၃
အခန်း ၁၂၄
အခန်း ၁၂၅
အခန်း ၁၂၆
အခန်း ၁၂၇
အခန်း ၁၂၈
အခန်း ၁၂၉
အခန်း ၁၃၀
အခန်း ၁၃၁
အခန်း ၁၃၂
အခန်း ၁၃၃
အခန်း ၁၃၄
အခန်း ၁၃၅
အခန်း ၁၃၆
အခန်း ၁၃၇
အခန်း ၁၃၈
အခန်း ၁၃၉
အခန်း ၁၄၀
အခန်း ၁၄၁
အခန်း ၁၄၂
အခန်း ၁၄၃
အခန်း ၁၄၄
အခန်း ၁၄၅
အခန်း ၁၄၆
အခန်း ၁၄၇
အခန်း ၁၄၈
အခန်း ၁၄၉
အခန်း ၁၅၀
အခန်း ၁၅၁
အခန်း ၁၅၂
အခန်း ၁၅၃
အခန်း ၁၅၄
အခန်း ၁၅၅
အခန်း ၁၅၇
အခန်း ၁၅၈
အခန်း ၁၅၉
အခန်း ၁၆၀
အခန်း ၁၆၁
အခန်း ၁၆၂
အခန်း ၁၆၃
အခန်း ၁၆၄
အခန်း ၁၆၅
အခန်း ၁၆၆
အခန်း ၁၆၇
အခန်း ၁၆၈
အခန်း ၁၆၉
အခန်း ၁၇၀
အခန်း ၁၇၁
အခန်း ၁၇၂
အခန်း ၁၇၃
အခန်း ၁၇၄
အခန်း ၁၇၅
အခန်း ၁၇၆
အခန်း ၁၇၇
အခန်း ၁၇၈
အခန်း ၁၇၉
အခန်း ၁၈၀
အခန်း ၁၈၁
အခန်း ၁၈၂
အခန်း ၁၈၃
အခန်း ၁၈၄
အခန်း ၁၈၅
အခန်း ၁၈၆
အခန်း ၁၈၇
အခန်း ၁၈၈
အခန်း ၁၈၉
အခန်း ၁၉၀
အခန်း ၁၉၁
အခန်း ၁၉၂
အခန်း ၁၉၃
အခန်း ၁၉၄
အခန်း ၁၉၅
အခန်း ၁၉၆
အခန်း ၁၉၇
အခန်း ၁၉၈
အခန်း ၁၉၉

အခန်း ၁၅၆

64 4 0
By CrystSnow

ဘာကြောင့်မှန်းမသိပေမဲ့ Poliana က ရှက်ရွံ့မိသလို ခံစားနေရသည်. ဒါက Lady Stra သူမကိုပြုံးပြတုန်းက သူမအပြစ်ရှိသလို ခံစားမိသွားတာထက် ပိုဆိုးသည်.

Poliana က ရှက်ရွံ့မိသလို ဒေါသလဲထွက်နေသည်. မနေ့က Rebecca သူမကို ပြောခဲ့တာတွေက ရိုင်းပြတာမှန်ပေမဲ့ သူမပြောတာအများစုက မှန်ကန်တဲ့စကားတွေဖြစ်ခဲ့သည်. မနေ့ကအထိ သူမ ဘာကိုမှမသိတာကြောင့် အမှန်တရားကို လစ်လျှူရှုမှာမဟုတ်ဘူးလို့ Poliana ကယုံကြည်ရဲဝံ့စွာ ပြောနိုင်မှာ ဖြစ်သည်. ဒါပေမဲ့ Rebecca က သူမအကြောင်းကို ပြောပြပြီးချိန်မှာတော့ Poliana က လစ်လျှူရှုဖို့ ရွေးချယ်ခဲ့သည်. သူမက ဝန်ထုပ်ဝန်ပိုးမဖြစ်ချင်တာကြောင့် လက်တွေ့ဘဝကနေ ထွက်ပြေးချင်ခဲ့သည်.

သူမတာဝန်မယူနိုင်ပဲ ထွက်ပြေးမိတာကို ဝန်မခံချင်ပေမဲ့ ဒါက အမှန်တရားဖြစ်သည်.

Poliana ဧည့်ခန်းထဲကနေ ထွက်မသွားခင်မှာပဲ Lady Rebecca သူမကို တားဆီးလိုက်သည်.

"Marquess Winter, ကျွန်မ တကယ်တောင်းပန်ပါတယ်. ကျွန်မ ခံစားခဲ့ရသမျှကို ဘယ်သူ့ကိုမှ မပြောပြခဲ့ဖူးဘူး.. ဒါပေမဲ့ မနေ့က.. ကျွန်မ ပြောခဲ့မိတယ်. ကျွန်မ ပြောဖို့လိုတယ်ထင်လို့ ပြောခဲ့မိတာပါ! ဒါပေမဲ့ ကျွန်မ ခံစားချက်တွေကသာ ပြဿနာဖြစ်နေတာပါ.. ဒါပေမဲ့.. ရှင့်အကြောင်းတွေ.. ကျွန်မသိတာက..."

သူမ ဘယ်သူ့ကိုမှ မပြောခဲ့ဖူးတဲ့အကြောင်းတွေ... Rebecca ရဲ့ စကားလုံးတွေက Poliana ကို ရပ်တန့်သွားစေခဲ့ကာ သူမကို စဉ်းစားမိစေလိုက်သည်. Lady Rebecca မနေ့က ပြောခဲ့တာတွေက ထိတ်လန့်စရာတွေ ဖြစ်သည်. ဒီတိုင်းပြည်က ဘယ်သူကမှ Poliana ကို ဒီလိုစကားမျိုး ပြောရဲမှာမဟုတ်ပေ. တကယ်တော့ ဒီတိုင်းပြည်က ဘယ်သူကမှလဲ Lady Rebecca လိုမျိုး တွေးမိမှာမဟုတ်ပေ.

Poliana နဲ့ ရင်းနှီးကျွမ်းဝင်တဲ့သူတွေက အမျိုးသားတွေဖြစ်သည်. သူမရဲ့ သူငယ်ချင်းတွေ, လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဧကရာဇ်.. သူမက အထက်တန်းလွှာအမျိုးသမီးတွေ, အကူတွေနဲ့ ဧကရာဇ်ရဲ့ ဇနီးတွေ အပါအဝင် တခြားအမျိုးသမီးတွေကိုလဲ ယဉ်ကျေးစွာဆက်ဆံခဲ့ပေမဲ့ သူတို့နဲ့တော့ မရင်းနှီးပေ.

နံရံနောက်မှာ ပိတ်မိနေတဲ့သူတွေကပဲ Lady Rebecca လို တွေးမိမှာဖြစ်သည်. ဒီအတားအဆီးကနေ လွတ်မြောက်သွားတဲ့လူတွေကတော့ ဘယ်တော့မှ နားလည်နိုင်မှာမဟုတ်ပေ. တကယ်လို့ အခုအချိန်မှာ Poliana က အခန်းထဲကနေ ထွက်သွားခဲ့ရင် Lady Rebecca က ဒီအကြောင်းကို ဘယ်တော့မှ ပြောလာတော့မှာ မဟုတ်ပေ. Poliana ရဲ့ဘဝကလဲ ပုံမှန်အတိုင်း ပြန်ဖြစ်သွားမှာ ဖြစ်သည်.

Rebecca သူမကို ဘာတွေပြောခဲ့လဲဆိုတာကို Poliana မှတ်မိနေသည်. ဧကရာဇ်ရဲ့ ဇနီးသုံးယောက်ထဲမှာ Stra က သူမကို သဘောအကျဆုံးလို့ သူမပြောခဲ့သည်. Poliana သူမဆီကို သွားလည်တော့ Stra ပျော်ရွှင်စွာနဲ့ ပြုံးပြခဲ့သည်. သူမဇာတိမြေက တခြားအထက်တန်းလွှာအမျိုးသမီးတွေလဲ သူမဆီကို သွားလည်ကြမှာဖြစ်ပေမဲ့ Poliana သူမဆီကို သွားလည်ချိန်မှာတော့ Stra အတွက် အပျော်ဆုံးဖြစ်သွားပုံရသည်. Poliana က သူမကို နားလည်နိုင်မှာပဲလို့ Straက ယုံကြည်နေတာကြောင့်လဲ ဖြစ်နိုင်သည်. ဝမ်းနည်းမှုတွေ ပူဆွေးမှုတွေ... Poliana က သူမကို စာနာမိမှာပဲလို့ Stra ယုံကြည်ခဲ့မိပုံရသည်.

Rebecca သူမကို ပြောခဲ့တာက လုံးဝထိတ်လန့်စရာအတွေးအခေါ်တစ်ခုဖြစ်ပေမဲ့ ဒီကမ္ဘာကြီးမှာ မရေမတွက်နိုင်အောင် များပြားတဲ့ အတွေးအခေါ်အသစ်တွေလဲ ရှိနိုင်သေးသည်. ဒါပေမဲ့ Poliana က အဲ့တာတွေ အကုန်လုံးကို နားထောင်ဖို့ မလိုအပ်ပေ. အဲ့တာက အမျိုးသမီးတစ်ယောက်ရဲ့ စကားတွေပဲဖြစ်သည်.

အမျိုးသမီးတစ်ယောက်တည်းရဲ့ စကားတွေ....

ဒါပေမဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အတွေးအခေါ်တွေက မိခင်တစ်ယောက်ရဲ့ အတွေးအခေါ်ဖြစ်သည်. အမျိုးသမီးတစ်ယောက်ရဲ့ စကားလုံးတွေက အဘွားတစ်ယောက်ရဲ့ စကားတွေဖြစ်ခဲ့သည်. အမျိုးသမီးတိုင်းက တစ်ယောက်ယောက်ရဲ့ သမီး, ညီအစ်မ, အမေ နဲ့ အဘွားတွေဖြစ်ခဲ့သည်. ဒါဆို လူတွေက အမျိးသမီးတွေရဲ့ စကားကို နားမထောင်သင့်ဘူးလို့ ပြောနေချိန်မှာ အမေက အကုန်လုံးကို သိတယ်လို့ ဘာလို့ ပြောနေကြတာလဲ? ဒါက ဘယ်လိုတောင် ရူးမိုက်တဲ့ အတွေးအခေါ်လဲ.

ဒါကြောင့် Rebecca ပြောချင်တာတွေကို နားထောင်ပေးဖို့ Poliana က ဆုံးဖြတ်လိုက်သည်. သူမ အားလုံးကို နားထောင်ပေးမယ်. Rebecca တခြားသူတွေကို မပြောနိုင်တဲ့စကားတွေ... Poliana တစ်ယောက်တည်းကိုသာ ထုတ်ပြောမိတဲ့ စကားတွေ...

'ငါ သူမပြောတာနားထောင်လိုက်မယ်'

Poliana က ထိုင်ခုံမှာ ပြန်ထိုင်လိုက်တော့ Rebecca က စိတ်တည်ငြိမ်သွားပုံရသည်. Rebecca က အသက်ပြင်းပြင်းရှူလိုက်ကာ သူမအတွေးတွေကို စုစည်းလိုက်သည်. အခုအချိန်မှာ သူမရဲ့ခံစားချက်တွေက ရောထွေးနေသည်. မနေ့ညက Poliana ကို သူမ ပြောဆိုပြီးတဲ့နောက်ပိုင်း, Rebecca က နောင်တရခဲ့သည်. သူမအဖျားကြောင့် အိပ်လို့မရသလို သူမ တွေဝေငေးမော နေခဲ့သည်. ပြီးတော့ သူမကိုယ်သူမလဲ မုန်းတီးခဲ့သည်.

ကိုယ့်ကိုကိုယ်မုန်းတီးမှု....

ဒါက မနေ့ညက စကားဝိုင်း ဘယ်လိုစတင်ခဲ့တာလဲဆိုတာဖြစ်သည်. အဲ့တာက အမှားကြီးတစ်ခုဖြစ်ခဲ့တာကြောင့် Rebecca က သူမပါးစပ်ကို ပိတ်နေလိုက်သည်. Poliana က နားထောင်ဖို့ အဆင်သင့်ဖြစ်နေတာကိုတွေ့လိုက်တော့ Rebecca က 'ဒါက သူမလိုချင်နေတာပဲ' ဆိုတာကို သိလိုက်သည်.

သူမပြောတာကို စိတ်ပါဝင်စားစွာနဲ့ နားထောင်ပေးမဲ့လူတစ်ယောက်ကို Lady Rebecca လိုအပ်နေခဲ့တာဖြစ်သည်.

Stra ကိုယ်ဝန်ရတဲ့သတင်းကိုကြားတော့ Rebecca က သူမအကူတွေကို ပြောခဲ့သည်.

"အရမ်းကောင်းတဲ့ သတင်းပဲ"

သူမ နေမကောင်းပေမဲ့ သူမ အမှန်တကယ်ပျော်ရွှင်သွားတာကြောင့် သူမ အပြုံးတွေက တောက်ပခဲ့သည်. သူမအကူတွေက သူမကို သိချင်စိတ်အပြည့်နဲ့ မေးလာသည်.

"ရှင် မနာလိုမဖြစ်ဘူးလား Lady Rebecca?"

"ငါတို့ပြောနေတာက အရှင့်ရဲ့ ရင်သွေးအကြောင်းလေ. ဒါပေါ့. ငါတို့အားလုံး ပျော်သင့်တာပေါ့!"

သူမရဲ့ပြိုင်ဘက်ဇနီးက ကိုယ်ဝန်အရင်ရသွားခဲ့တာတောင်မှ Rebecca ကြင်နာပြီး ပျော်ရွှင်ပေးနေတာကြောင့် အကူတွေက သူမကို အထင်ကြီးသွားကြသည်. Lucius က ငယ်ရွယ်ပြီး ကျန်းမာနေဆဲဖြစ်ပေမဲ့ အမွေဆက်ခံသူတော့ မရှိသေးပေ. Stra ရဲ့ ကိုယ်ဝန်က လူတိုင်းအတွက် ပျော်သင့်တဲ့ သတင်းဖြစ်သည်.

ကိုယ်ဝန်ရတဲ့ကိစ္စက ပျော်ရွှင်သင့်တဲ့ အရာဖြစ်သည်. ဒီကမ္ဘာကြီးကို ရောက်လာတော့မဲ့ ကလေးတစ်ယောက်ကို ကြိုဆိုသင့်သည်. ဒီကလေးက သူမခင်ပွန်းနဲ့ တခြားဇနီးကနေ မွေးလာခဲ့ရင်တောင်မှ သူမက ဒီဖြစ်ရပ်အတွက် ဂုဏ်ပြုပေးသင့်သည်. ဒါက သူမကို သင်ကြားပေးခဲ့တဲ့အတိုင်းဖြစ်သည်. ဒါက လူ့အဖွဲ့အစည်းအနေနဲ့ သူမကို မျှော်လင့်ထားတဲ့ ပုံစံဖြစ်သည်.

အဖျားရှိနေတဲ့ Rebecca ကို သမားတော်က စစ်ဆေးပေးနေတာဖြစ်ပေမဲ့ သူတို့က သတင်းကြားကြားချင်းမှာ သူမကို ထားခဲ့ကာ Stra ကို စစ်ဆေးဖို့ ထွက်သွားခဲ့ကြသည်. ဒါက ကိုယ်ဝန်ဆောင်တဲ့ကိစ္စဖြစ်လို့ သားဖွားမီးယပ်သမားတော်တစ်ယောက်သွားစစ်ဖို့သာ လိုအပ်ပေမဲ့ လူတိုင်းက Stra ကို သွားကြည့်ဖို့ Rebecca ကို ထားခဲ့ကြသည်.

ဒါက ဘာမှ ပြောင်းလဲလို့မရတဲ့ ကိစ္စဆိုတာကို Rebecca က နားလည်ခဲ့သည်. ဧကရာဇ်ရဲ့ အမွေဆက်ခံသူက သူရဲ့ဇနီးတွေထက် ပိုအရေးကြီးသည်. နာမကျန်းဖြစ်နေတဲ့ဇနီးထက် ကိုယ်ဝန်ဆောင်ဇနီးသည်က ပိုအရေးကြီးသည်.

ဒါက ကမ္ဘာကြီးမှာ ဖြစ်ပျက်နေတာဖြစ်ပြီး ဒီလိုသေးငယ်တဲ့အရာအတွက် Rebecca အနေနဲ့ စောဒကတက်ခွင့်မရှိပေ.

အိပ်ယာထဲမှာ အဖျားဝေဒနာကြောင့် အားနည်းနေသလိုခံစားနေရတဲ့ Rebecca က အတွေးတွေများနေခဲ့သည်.

'ဒါကြောင့် အမျိုးသမီးတိုင်းက သမီးတွေမဟုတ်ပဲ သားတွေ မွေးဖို့လိုတာ.. သမီးတွေက အသုံးမဝင်ဘူး. မိခင်တစ်ယောက်က ကျန်းမာတဲ့ အမွေဆက်ခံသူမွေးထုတ်ပြီးမှာသာ နောက်ထပ် သမီးတစ်ယောက်မွေးပြီး အေးဆေးနေလို့ရမှာ'

ရုတ်တရက်, Rebecca က သူမလဲ သူမအမေလိုဖြစ်သွားခဲ့တယ်ဆိုတာကို သတိပြုမိလိုက်သည်. သူမက သူမအမေတွေးနေသလို တူညီတဲ့အကြောင်းအရာကို တွေးခဲ့မိသည်. သမီးတိုင်းက ဒီလိုနည်းနဲ့ အမေတစ်ယောက်ဖြစ်လာတာလား? Rebecca ကိုယ်တိုင်က အမျိုးသမီးတစ်ယောက်ဖြစ်ပေမဲ့ သမီးတွေက အသုံးမဝင်ဘူးလို့ သူမတွေးခဲ့မိသည်. သူမရဲ့ ကိုယ်ပိုင်အတွေးအခေါ်ကို ကြောက်ရွံ့သွားပေမဲ့ သူမရဲ့ခံစားချက်တွေကို လစ်လျှူရှုခဲ့သည်.

အဲ့တာက ကိုယ်ဝန်အတုလက္ခဏာပဲဆိုတာကို Rebecca ကြားလိုက်တော့ သူမက Stra အတွက် စိတ်မကောင်းဖြစ်သွားခဲ့သည်. သူမမှာ ကိုယ်ဝန်ရှိနေပြီလို့ ထင်ရလောက်အောင် Stra က ဘာကြောင့် အပူတပြင်းဖြစ်ခဲ့တာလဲ? သူမကလဲ တူညီတဲ့အခြေအနေမှာ ရှိနေတာကြောင့် Rebecca က သူမကို စာနာလို့ရသည်. သူမလဲ ဒီလိုဖြစ်ရပ်မျိုးဖြစ်လာနိုင်ပြီး တကယ်လို့ သူမလဲ ဒီလိုဖြစ်ခဲ့ရင် Stra အနေနဲ့လဲ Rebecca ကို စာနာပေးမှာဖြစ်သည်.

ပြီးတော့ ဒါက ကိုယ်ဝန်အတုလက္ခဏာဖြစ်တာကြောင့် Rebecca ခံစားခဲ့ရသလိုပဲ Stra ကလဲ စိတ်သက်သာရသွားမှာဖြစ်သည်.

အမှန်တရားကတော့...

သူမ Stra ရဲ့ ကိုယ်ဝန်ဆောင်တဲ့သတင်းကို ကြားတော့ Rebecca က စစ်မှန်တဲ့ပျော်ရွှင်မှုကို မခံစားခဲ့ရပေ. Stra က ကိုယ်ဝန်ရှိနေတာမဟုတ်မှန်းသိလိုက်ရတော့ သူမက စိတ်သက်သာရာ ရသွားခဲ့သည်. Rebecca က ဒီလိုခံစားမိလို့ ကိုယ့်ဘာသာမုန်းတီးနေချိန်မှာ Poliana က သူမဆီကို ရောက်လာခဲ့တာဖြစ်သည်.

Poliana က Rebecca ကို အဖော်လုပ်ပေးဖို့ လာခဲ့တာဖြစ်ပြီး Rebecca ကတော့ သူမကို မနာလိုဖြစ်ခဲ့သည်. Stra ရဲ့ ကိုယ်ဝန်ဆောင်တဲ့ သတင်းကိုကြားလိုက်ချိန်မှာ Poliana က စိတ်ရင်းနဲ့ ပျော်ရွှင်ခဲ့တာဖြစ်နိုင်သည်. ကိုယ်ဝန်အတုသာဖြစ်တယ်ဆိုတဲ့ သတင်းကြားခဲ့ရင်လဲ Poliana က သူမလိုမျိုး 'စိတ်သက်သာရာ ရသွားတယ်'ဆိုတဲ့ ကြောက်စရာကောင်းတဲ့ ခံစားချက်မျိုးကို ခံစားမိမှာမဟုတ်ပေ. Stra ကို စိတ်ရင်းနဲ့ နှစ်သိမ့်ပေးဖို့တောင် Poliana က သွားခဲ့လောက်သည်.

နောက်တော့...

Poliana ရဲ့ တုန့်ပြန်ပုံကို မြင်လိုက်ရတော့ Rebecca က ကြောက်စရာကောင်းတဲ့ အမှန်တရားကို သတိပြုမိလိုက်သည်. Stra နဲ့ ပတ်သက်ပြီး ဘာတွေဖြစ်ခဲ့လဲဆိုတာကို Poliana က အထွေအထူးစဉ်းစားမိပုံမရပေ. Stra က အပိုလုပ်ကာ စိတ်ခံစားချက်ပြင်းထန်နေတာလို့ Poliana က တွေးမိခဲ့တာဖြစ်သည်.

'ဒါပေမဲ့.. ဒါက မဟုတ်သေးဘူး...'

သူမက ကောင်းတဲ့သူတစ်ယောက်မဟုတ်တာကြောင့် Rebecca ဆီမှာ ဒီလိုမကောင်းတဲ့ခံစားချက်မျိုးရှိနေတယ်ဆိုတာက အဓိပ္ပါယ်ရှိသည်. Stra က ကြင်နာတတ်တဲ့သူမျိုးဖြစ်တာကြောင့် သူမက သူမရဲ့ ခံစားချက်အစစ်အမှန်တွေကို ဖုံးကွယ်ထားခဲ့သည်. ဒါကြောင့် Poliana အနေနဲ့ Stra ကို စာနာပေးဖို့သာ Rebecca လိုချင်ခဲ့တာဖြစ်သည်.

စိတ်ရှုပ်တွေဝေနေတာကြောင့် Poliana က သူမဆီကို လာလည်တဲ့အချိန်မှာ သူမက ဒီစကားတွေကို ထုတ်ပြောမိသွားခဲ့တာဖြစ်သည်. သူမရဲ့အတွေးတွေက ယောက်ယပ်ခပ်နေပြီး သူမစကားပြောနေချိန်မှာလဲ စိတ်နဲ့ကိုယ်နဲ့ ကပ်နေပုံမရခဲ့ပေ.

အမျိုးသမီးတစ်ယောက်က နာခံတတ်ဖို့လိုသည်. Poliana က အမျိုးသမီးတစ်ယောက်လိုမဟုတ်ပဲ အမျိုးသားတစ်ယောက်လို တွေးခေါ်နေတယ်လို့ Rebecca က ပြောခဲ့ပေမဲ့.... Rebecca ကသာ Poliana ကို အမျိုးသမီးတစ်ယောက်အဖြစ် မမြင်မိခဲ့တာဖြစ်သည်.

Rebecca စကားပြောတာပြီးသွားပြီလို့ Poliana ထင်လိုက်ပေမဲ့ သူမက ဆက်ပြောလာသည်.

"ဒါနဲ့ပဲ ကျွန်မက အသုံးမဝင်တဲ့ မိုက်မဲတဲ့ စကားတွေကို ရှင့်ကိုပြောမိသွားတယ်..."

Continue Reading

You'll Also Like

4.4M 276K 103
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
20.3K 320 12
A high school girl name Kim is struggling to find herself, while she only manages to get wrapped up in the mess. With a bad family history with her m...
1.4M 34.2K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...