အပိုင်း ၄၇ ( သူ့ကိုယ်ပိုင် စိတ်ခံစားချက်မဟုတ်သရွေ့)
" အန်းလု....!!!!"
ရှန်ဖန်းကအော်လိုက်တာကြောင့် အန်းလု၏အကြည့်သည် ချက်ချင်းပင်ရှန်ဖန်းဘက်သို့လှည့်သွား၏။ ထို့နောက် ချက်ချင်းပင် အားသုံးကာ ချီရှန်းလက်ထဲမှ ရုန်းထွက်လိုက်လေတော့၏။ ထို့နောက်တဖြည်းဖြည်းချင်း ချီရှန်းဘေးမှထွက်သွားပြီး ရှန်ဖန်းဘေးတွင် သွားရပ်နေလိုက်သည်။
ရှန်ဖန်းက သူ့ဘေးနားသိူ့ရောက်ကာလာသော အန်းလုအားတချက်ကြည့်လိုက်ပြီးနောက် အန်းလု၏လည်ပင်းတွင်နေရာယူနေပြီဖြစ်သော ထိုဆွဲကြိုးအား ကြည့်ကာ ခနဲ့သည့်အကြည့်ဖြင့်ကြည့်လိုက်ပြီးနောက် ဆက်ခနဲ ဆွဲဖြုတ်လိုက်လေတော့သည်။
ထိုအရာကြောင့် ချီရှန်းက သူ၏ဓားကိုပြန်ကောက်လိုက်ပြီး ရှေ့သို့တလှမ်းတိုးလာသည်။ ရှန်ဖန်းက လက်ထဲတွင် ထိုဆွဲကြိုးကိုကိုင်ထားလျက်ပင် ထို့ဆွဲကြိုးကိုသာကြည့်ရင်း ချီရှန်းကိုလက်ကာပြလိုက်သည်။
" နေ....အဲ့ဒီနေရာမှာပဲနေ။ မဟုတ်ရင် ငါသူ့ကို.....တစ်ခုခုလုပ်ခိုင်းလိုက်မှာ။"
" မင်း...."
ရှန်ဖန်းက ဆွဲကြိုးကိုကြည့်နေရာမှ ဘေးရှိအန်းလုကိုကြည့်ပြီးနောက် ချီရှန်းကိုပါကြည့်လိုက်သည်။
" ဆွဲကြိုးက... လှသားပဲ။ အချစ်...အချစ်.....အချစ်တဲ့လား။ အချစ်တစ်မျိုးတည်းနဲ့ လောကမှာဘာမှလုပ်စားလို့မရဘူးဆိုတာ မင်းတို့လိုပြည့်စုံပြီးတဲ့သူတွေကတော့ ဘယ်သိပါ့မလဲ။
ငါသူမနဲ့မတွေ့ခင်က ငါ့ရဲ့နေ့ရက်တွေတိုင်းက ငရဲလိုဖြစ်နေခဲ့တာ။ သူမလည်း ငါ့ရဲ့နေရောင်ခြည်လိုပဲ။ နေမင်းကြီးပဲ။ အဲ့တာတွေအကုန်လုံးကို မင်းနဲ့ မင်းအဖေကဖျက်စီးပစ်ခဲ့တာ။
အဓိကက.......မင်းအဖေ...!!!”
ရှန်ဖန်းသည် ချီရှန်းအား စူးရှသောအကြည့်ဖြင့်ကြည့်ရင်း လက်ညိုးထိုးကာ အော်လိုက်၏။ ချီရှန်းသည်လည်း မျက်မှောင်ကြုတ်လျက်သူ့ကိုကြည့်သည်။
" မင်းသိလား။ မင်းပုံစံက အရေးပေးမခံရတော့တဲ့ အညတရတကောင်လိုပဲ။
ဒီနေရာမှာ မင်းကမယ်တော့်ရဲ့မွေးစားသားပါလို့တောင် ငါမသုံးနှုန်းချင်ဘူး။ ဘာလို့လဲဆိုတော့ မင်းက သူ့ရဲ့ချစ်ခင်နှစ်သက်မှုကိုရဖို့တောင် မတန်လို့"
ချီရှန်းပြောလိုက်သည့်စကားကြောင့် ရှန်ဖန်းကစိတ်တိုသွားပုံရသည်။ သို့သော်လည်း သူ၏ပါးစပ်ဖျားမှ မည်သည့်စကားတစ်ခွန်းမှ ထွက်မလာသေးပေ။ ထို့နောက် ရှန်ဖန်းကသူ့လက်ထဲရှိဆွဲကြိုးကိုသာ တဖက်သို့ပစ်ပေါက်ကာလွှင့်ပစ်လိုက်သည်။
" အသုံးမဝင်တဲ့အရာတွေ...."
"မလုပ်နဲ့"
ချီရှန်းက လိုက်ဖမ်းရန်ကြံရွယ်လိုက်စဥ်တွင်ပဲ ရှန်ဖန်းက သူ၏နောက်ဘက်တွင်ရှိသောစင်ပေါ်မှ ချီရှန်းအားထိုးခဲ့သည့်ဓားအား လှမ်းယူလိုက်ပြီးနောက် အန်းလုကိုပေးလိုက်ကာ ပြောလေတော့၏။
" အန်းလု...ဓားကိုဓားအိမ်ထဲကနေထုတ်လိုက်။"
ချီရှန်း၏ခြေလှမ်းများက ချက်ချင်းပင်ရပ်တန့်သွားသည်။ ကျောက်စိမ်းဆွဲကြိုးသည်ကတော့ ကြမ်းပြင်ပေါ်တွင် အပြားလိုက်လေးကျသွားလေ၏။ အန်းလုကတော့ ဓားအိမ်ထဲမှ ဓားကိုဆွဲထုတ်လိုက်ပြီဖြစ်သည်။ ချီရှန်းက အန်းလုကိုကြည့်လိုက်ပြီးနောက် ရှန်ဖန်းကိုကြည့်ကာ
" သူငါ့ကိုထပ်ပြီး ဓားနဲ့ထိုးလည်းငါ့ရဲ့ပြင်ပကပဲနာကျင်ရင် နာကျင်ရလိမ့်မယ်။ သူက ငါ့ကိုထိခိုက်လိုစိတ်မရှိတဲ့အတွက် ငါ့နှလုံးသားကတော့ နာကျင်မှာမဟုတ်ဘူး။"
"ဟုတ်တယ်။"
ရှန်ဖန်းက သဘောပေါက်သည့်ပုံစံမျိုးပြသည်။ တစ်စုံတရာမူမမှန်သလို ခံစားမိလာရတော့တာကြောင့် ချီရှန်းကမျက်မှောင်ကြုတ်လိုက်ရင်းဆိုသည်။
" ဘာကိုလဲ။"
ရှန်ဖန်းက ဓားမြောင်အားမြဲမြံစွာကိုင်ထားသော အန်းလုအား တချက်ကြည့်လိုက်ပြီး အန်းလု၏ ဘေးသို့ပို၍နီးကပ်စွာသွားလိုက်ပြီးနောက် အန်းလု၏ခါးကိုလှမ်းဖက်လိုက်သည်။ ထို့နောက် ရုတ်တရက်ပင် အန်းလု၏ပါးပြင်အား နမ်းလိုက်၏။
" ဒီတစ်လလုံးငါတို့ အတော်လေးပူးကပ်နေခဲ့ကြတာ။ သူကအသိစိတ်မရှိဘူးဆိုပေမဲ့ ငါကလည်းသူ့စိတ်ကို လိုအပ်တာမဟုတ်ဘူးဆိုတော့လေ..."
" အယုတ်တမာကောင်!!!!! "
ချီရှန်းမှာ ရှန်ဖန်း၏အပြုအမူကိုသာမက စကားလုံးတို့ကိုပါ ခံနိုင်ရည်မရှိစွာ စိတ်တိုသွားပြီးနောက် ချက်ချင်းပင် သူ၏ဓားကိုမြှောက်ကာ ရှန်ဖန်းကိုလှမ်းခုတ်လေတော့သည်။ ချီရှန်းက ဓားကိုအဆက်အပြတ်လွှဲနေပြီး ရှန်ဖန်းကို ထိစေရန်ကြိုးစားနေသည်။ သို့သော်လည်း ရှန်ဖန်းက ချီရှန်း၏ဓားချက်များကိုရှောင်လိုက်ပြီး
" ရပ်လိုက်...."
"......"
" မင်းတကယ်လို့မရပ်ရင် အန်းလုလက်ထဲကဓားက အန်းလုလည်ပင်းကို သူကိုယ်တိုင်ဖြတ်သလိုဖြစ်သွားလိမ့်မယ်။"
ထိုစကားကြောင့် ချီရှန်းက ချက်ချင်းပင် အထိတ်တလန့်ဖြစ်ကာ ရပ်တန့်သွားလေသည်။ သူအန်းလုကိုလှမ်းကြည့်လိုက်မိလေတော့ အန်းလု၏ဓားကိုင်ထားသောလက်သည် သူ၏လည်ပင်းအနားတွင်ရောက်နေလေ၏။ ထို့နောက်မှ ရှန်ဖန်းက ပြုံးလျက်ပင် အန်းလုအနားသို့ပြန်သွားပြန်သည်။ ချီရှန်းက သူ့အားအကြည့်စူးစူးဖြင့်ကြည့်နေလေ၏။
" အရှင်..."
ရုတ်တရက်ပင် ရှောင်ရှင်းနှင့်အတူ လေး၊ ငါးဦးခန့်သောကိုယ်ရံတော်များ ဝင်ရောက်လာလေတော့၏။ ရှောင်ရှင်းကချီရှန်းအနားသို့ အမြန်ကပ်သွားလိုက်ပြီးခပ်တိုးတိုးဆိုသည်။
" ကျွန်တော်တို့ဝင်လာတာကို တခြားသူတွေပါသိသွားပြီ။ အခုနန်းတော်ကိုရှာဖွေခိုင်းနေပြီမို့ ကျွန်တော်တို့အမြန်ဆုံး ဒီနေရာကနေထွက်သွားရပါလိမ့်မယ်။"
ရှောင်ရှင်းကပြောပြောနှင့်ပင် တဖက်သို့ကြည့်လိုက်သည်။
" ကိုယ်လုပ်တော်လုမလား။ ပြီးတော့.... အမတ်ချီ.....သူ့ကိုတိုက်ခိုက် !!!!”
ရှောင်ရှင်းက သူ့ဘေးတွင်ရပ်နေသော လူများအား ရှန်ဖန်းကိုတိုက်ခိုက်ရန် အမိန့်လှမ်းပေးလိုက်သည်။
" မလုပ်နဲ့။ အန်းလုအန္တာရယ်ရှိတယ်။"
ချီရှန်းက ရှောင်ရှင်းတို့အားအမြန်တားလိုက်သည်။ ထိုအခါရှန်ဖန်းက ရယ်လျက်ပင်
"လူတွေများလာတော့ ဒီပြဇာတ်လေးက....ကမှကိုဖြစ်တော့မှာပေါ့။"
ထို့နောက်သူ၏မျက်ဝန်းတို့က အနီရောင်သို့ထပ်မံကာပြောင်းသွား၏။ သူက အန်းလုကိုကြည့်လိုက်ပြီးနောက် ဆိုသည်။
" တချက်..."
သူပြောလိုက်သည်နှင့်အန်းလုသည် သူ၏လက်ထဲတွင်ကိုင်ထားသောဓားဖြင့် သူ၏ရင်ဘတ်သို့ ထိုးလိုက်၏။ သို့သော်လည်း သူ၏အမူအရာသည် နာကျင်မှုကိုတစက်ကလေးမျှ ခံစားရပုံမရှိသည့်အတိုင်း မျက်နှာသည်လည်း တစက်ကလေးမျှ ပျက်ယွင်းမသွားပါချေ။ သို့သော်လည်း ရင်ဘတ်အပေါ်နားရှိ ဓားဖြင့်ထိုးလိုက်သောနေရာတွင် သွေးတို့က စီးကျလာကာ သူ၏ဝတ်ရုံတွင် ချက်ချင်းစိုရွဲလာလေ၏။
" မလုပ်နဲ့ ။ သူ့ကိုထိခိုက်အောင်မလုပ်နဲ့။ မင်းတကယ်ပဲ ဘာကိုလိုချင်တာလဲ။
ငါအကုန်ပေးမယ်။ ငါအကုန်ပေးမှာမလို့....ကျေးဇူးပြုပြီး..... သူ့ကိုထိခိုက်အောင်မလုပ်ပါနဲ့။"
ချီရှန်းက ရှေ့ကိုလည်းမတိုးရဲ၊ နောက်ကိုလည်းမဆုတ်နိုင်သည့် အနေအထားဖြင့် သူ၏လက်ကိုသာ အန်းလုဆီသို့ဦးတည်မြှောက်ထားလျက် အော်ဟစ်နေမိ၏။ ရှောင်ရှင်းနှင့်အခြားသူများလည်း မည်သို့မျှဆက်မလှုပ်ရှားရဲတော့ပဲ ငြိမ်ကျကာသွားလေ၏။ ထိုလူအားမည်သို့ထိန်းချုပ်ရမည်ကိုပင် မသိနိုင်တော့ချေ။ ထို့နောက် ရုတ်တရက်ပင် ပြင်ပမှ ဝူနန်နယ်စားနှင့် သူ၏သားနှစ်ယောက်က ရဲမက်များဖြင့် ဝင်ရောက်လာတာ ချီရှန်းတို့အား ဝိုင်းထားလိုက်ကြသည်။
"ဟာ့....အ့...အ့...."
အန်းလု၏နာကျင်အံ့သြနေသောအသံက ရုတ်တရက်ထွက်ပေါ်လာတော့၏။ သူအသိစိတ်ပြန်ဝင်နေချိန်တွင် သူ၏ရင်ဘတ်သည် သွေးများဖြင့်စိုရွဲနေပြီး သူ၏လက်ထဲတွင်တော့သွေးစွန်းနေသည့်ဓားကို ကိုင်ကာထားသည်။ အန်းလုက ထိတ်လန့်စွာပင် ထိုဓားကိုသေချာစွာကြည့်လိုက်ပြီးနောက် လန့်ကာလွတ်ချလိုက်သည်။ သူကိုယ်တိုင်လည်း လက်တစ်ဖက်ဖြင့်ရင်ဘတ်ကိုဖိလိုက်ရင်း ယိုင်ကျသွားလေတော့၏။
ချီရှန်းက အန်းလုကိုဖမ်းရန်ခြေလှမ်းပြင်လိုက်သော်လည်း ဝူနန်နယ်စားက သူ့အား ဓားရှည်ဖြင့်လည်ပင်းနားကိုထောက်ကာ တားလိုက်လေသည်။ လဲကျမလိုဖြစ်သွားသော အန်းလုကိုမူ ရှန်ဖန်းက လှမ်းဖမ်းပေးလိုက်၏။ ထို့နောက် အန်းလုက သူ့အားစိုးရိမ်တကြီးဖြစ်နေသော ချီရှန်းအား ရှန်ဖန်း၏ရင်ခွင်ထဲတွင်လဲကျနေရင်း ကြည့်လိုက်သည်။ ထို့နောက် တဖြည်းဖြည်းချင်းပင် သူ၏မျက်ဝန်းများက မှိတ်ကာသွားတော့၏။
ရှန်ဖန်းက အန်းလုကိုပွေ့ချီလိုက်သည်။ထို့နောက် ချီရှန်းကိုကြည့်ရင်းပင် ဝူနန်နယ်စားအားပြောလိုက်၏။
" အချုပ်ခန်းထဲထည့်ထားလိုက်။ ဘာပဲဖြစ်ဖြစ် မင်းဘုရင်ကိုရပြီပဲ ။ ချိုက်အန်း တိုင်းပြည်ကိုမင်းမကြာခင်စိတ်ကြိုက်ချယ်လှယ်နိုင်လိမ့်မယ်။"
ရှန်ဖန်းက ပြောပြီးနောက် အန်းလုကိုပွေ့ကာပင် အပြင်သို့ထွက်လာခဲ့လေတော့သည်။ ထိုအခိုက်အတန့်တွင် အန်းလု၏လက်က မသိမသာလှုပ်ရှားလာလေ၏။ အစဦးကတည်းကပင် သူ၏လက်က ရင်ဘတ်နားတွင်ရှိနေတာကြောင့် သူ၏ရင်ဘတ်ဝတ်ရုံထဲကိုနှိုက်ရန် မသိမသာလှုပ်ရှားလိုက်သည်။ ရှန်ဖန်းက အန်းလုသတိမေ့နေပြီအထင်ဖြင့် ချီရှန်းတို့ကိုသာ အာရုံရောက်နေတာမို့ သူလှုပ်ရှားနေတာကိုသတိထားမိပုံမပေါ်ချေ။ ထို့နောက်ရုတ်တရက်ပင် သူ့ကိုချီကာ အခန်းတံခါးဝသို့လျောက်သွားသော ရှန်ဖန်း၏နှလုံးရှိရာနေရာအား အားဖြင့်ထိုးချလိုက်သည်။
"အ့...."
ရှန်ဖန်းသည် ထူးဆန်းသောခံစားချက်ကြောင့် သူ၏ခြေလှမ်းများကိုရပ်တန့်လိုက်ပြီး ငုံ့ကြည့်လိုက်မိသည်။ အန်းလု၏ သူ၏နှလုံးသားကိုထိုးလိုက်သောပစ္စည်းသည် ကျိုးသွားသောဆံထိုး၏အပိုင်းတစ်ပိုင်းဖြစ်နေ၏။
ရှန်ဖန်းကရုတ်တရက်ပင် အန်းလုကိုလွှတ်ချလိုက်လေတော့သည်။ ပြင်ပသို့ရောက်နေပြီဖြစ်တာကြောင့် အန်းလုသည် လေးဆင့်နီးပါးရှိသော လှေကားမှပြုတ်ကျကာ မြေပေါ်တွင် လူးလှိမ့်သွားလေ၏။ ချီရှန်းက သူ့အားလည်မြိုကို ဓားထောက်ထားသော ဝူနန်နယ်စားတယောက် ထိုအရာက်ိုစိတ်ဝင်စားနေချိန်အား အခွင့်အရေးယူကာ ဝူနန်နယ်စားဆီမှ ဓားကိုလုယူလိုက်သည်။ ထို့နောက်တွင် ဝူနန်နယ်စား၏လည်မျိုအား ပြန်ထောက်လိုက်လေ၏။
ရှောင်ရှင်းတို့သည်လည်း အငိုက်မိသည်နှင့် အမြန်ပင် ရဲမက်တစ်ချို့ကိုသတ်လိုက်ပြီးနောက် ဝူနန်နယ်စား၏သားနှစ်ယောက်ကိုပါ တိုက်ခိုက်လိုက်ပြီး ၎င်းတို့၏လည်ပင်းများ၌ဓားများကို နေရာယူထားစေလိုက်ကြသည်။ ချီရှန်းကဝူနန်နယ်စားအား ရှောင်ရှင်းဆီသို့ ပြောင်းကာလွှဲပေးလိုက်ပြီး အောက်တွင် မှောက်ခုံလေးငြိမ်သက်နေသော အန်းလုကို ပြေးမလိုက်သည်။
ရှေ့တွင်ရှိနေသော ရှန်ဖန်းသည် သူ၏ရင်ဘတ်တွင်စိုက်နေသော ထိုဆံထိုးအားဖြည်းဖြည်းချင်း ဆွဲနှုတ်ရန်ကြိုးစားနေသည်။ သို့သော်လည်း သူ၏ကိုယ်ခန္တာတဖြည်းဖြည်း ပို၍ ပို၍ပင်ယိုင်နဲ့လာလေတော့၏။ ချီရှန်းက အန်းလုကို ထွေးပွေ့ကာထားသည်။ အန်းလုက မှေးစင်းနေသောမျက်ဝန်းများဖြင့် သူ့ရှေ့တွင် မချိတင်ကဲခံစားနေရသော ရှန်ဖန်းအားကြည့်နေ၏။ ထို့နောက်တွင် ရှန်ဖန်းသည် သူတို့နှစ်ယောက်အား တလှည့်စီကြည့်ရင်းပင် မြေပေါ်သို့ လဲကျသွားလေတော့သည်။
ဓားထောက်ခံထားရသော ဝူနန်နယ်စားသည် ထိုအချင်းအရာကိုမြင်ပြီး ထိတ်လန့်နေပုံရသည်။ သို့သော်လည်း သူက ချီရှန်းကိုကြည့်ရင်း
" ငါတို့မှာပြင်ဆင်ထားတဲ့စစ်တပ်ရှိတာမလို့ မင်းဒီလူဆယ်ယောက်လောက်နဲ့ ငါ့ကိုဘာမှလုပ်လို့မရဘူး။ သူတို့တွေမကြာခင် ဒီနေရာကိုရောက်လာကြလိမ့်မယ်။ အဲ့ကျရင် မင်းပြန်အဖမ်းခံရမှာပဲ။ ငါမင်းကိုပုန်ကန်ဖို့ ဆုံးဖြတ်လိုက်ပြီ။"
" ခမည်းတော်ပြောတာက နယ်စားနဲ့ ဘုရင်ခံ ၁၁ယောက်ကိုပြောချင်တာလား။"
ရုတ်တရက်ပေါ်လာသော အသံကြောင့် ဝူနန်နယ်စားမှာ မျက်လုံးပင်ပြူးသွားလေတော့သည်။ သူမ၏ဘေးတွင် ကျီချန်းကရှိနေပြီး ဘုရင်တစ်ပါး၏အဆောင်အယောင်များရှိနေသည်။ ဤသည်က ချင်းယာပင်ဖြစ်သည်။ ပို၍ဆိုးသည်က သူမသည်ယောကျ်ားသားတစ်ယောက်အား ဖမ်းချုပ်ကာ ခွေးလည်ပတ်ဆင်ပေးပြီး ထိုခွေးလည်ပတ်၏ ကြိုးကိုသူမကကိုင်ကာထားသည်။
ထိုသူက မင်းသားသုံးပင်။ သူသည် ချင်းယာအားရှင်းရန် အမိန့်ပေးခံရသူဖြစ်သည်။ ဝူနန်နယ်စားက အံ့သြစွာဆိုလာသည်။
" ဒါကဘယ်လိုဖြစ်..."
ချင်းယာက သူ့လက်ထဲတွင်ကိုင်ကာထားသော ကြိုးအားလွှတ်ပေးလိုက်သည်။ ထို့နောက် မင်းသားသုံးအား မေးမော့ပြလိုက်၏။
" သွားလေ။ မိသားစုလေးပြန်ဆုံကြပေါ့။"
မင်းသားသုံးက ချက်ချင်းပင် သူ၏အကိုနှစ်ယောက်ရှိရာသို့ပြေးသွားလေ၏။ ကျီချန်းကတော့ မြေပြင်တွင်ထိုင်နေကာ အန်းလုကိုဖက်ထားသော ချီရှန်းဆီသို့ သွားလိုက်သည်။ အန်းလု၏ဒဏ်ရာကိုစမ်းလိုက်ရင်း
" သူအဆင်ပြေမှာပါ။ ဒဏ်ရာကသိပ်မနက်ဘူး။
လာကြစမ်း...သမားတော်ခေါ်လိုက်။"
ကျီချန်းက ချီရှန်းလက်ထဲမှအန်းလုကိုယူရန်ပြင်လိုက်သည်။ ချီရှန်းက အစပိုင်းတော့ အတင်းအကျပ်ဖက်ကာထားပြီး ကျီချန်းကိုကြည့်လိုက်ပြီးနောက်မှ လွှတ်ပေးလိုက်၏။ သူကိုယ်တိုင်လည်း ပျော့ခွေကာကျလာနေချေပြီ။ ရင်ဘတ်ဝတ်ရုံက အနက်ဖြစ်တာကြောင့်သာ ရင်ဘတ်မှ ပြန်ထိသွားသောဒဏ်ရာ၏သွေးများကိုမမြင်ရခြင်းသာ။
ကျီချန်းက အဆောင်တစ်ခုဆီသို့ အန်းလုကိုကုသပေးရန်ဦးတည်သွားပုံရသည်။ ချီရှန်းက နောက်မှလိုက်ရန်ပြင်လိုက်စဥ်တွင်ပဲ သူကိုယ်တိုင်လည်း လဲကျသွားလေတော့၏။ ထိုအခါမှ ရှောင်ရှင်းကအမြန်ပင်သူ့ကိုလာသယ်လိုက်သည်။ ချင်းယာက သူတို့အားကြည့်ရင်း
" ကျွန်မရှင်းလိုက်မှာမလို့ စိတ်ချပါ။"
"...."
ကျီချန်းက ဘာမျှမပြောတော့ပဲ သူမကိုပြုံးကာ ခေါင်းငြိမ့်ပြလိုက်ပြီး ထွက်သွားလေတော့သည်။ ချင်းယာကလည်း ကျီချန်းကို ပြန်ပြုံးပြလေသည်။
......................................
" နယ်စားတွေနဲ့ဘုရင်ခံတွေအကုန်လုံးက ဒီကိစ္စမှာမပါဝင်တော့ဖို့ ကျွန်မဆီမှာ ဝန်ခံခဲ့ကြပြီးပြီ။ ဒီကိစ္စတွေကို လွန်ခဲ့တဲ့တလ ရှင်ဘုရင်လီချီရှန်းမေ့မြောနေစဥ်ကတည်းက ကျွန်မစုံစမ်းနေခဲ့တာ။"
ချင်းယာက ဝူနန်နယ်စားအား သေချာစွာစိုက်ကြည့်လိုက်သည်။
" ခမည်းတော် တကယ်ပဲပုန်ကန်ဖို့ကိုကြိုးစားနေလိမ့်မယ်ဆိုတာ မယုံနိုင်ဘူး။ အာ...အခုတော့ ဝူနန်ဘုရင်လို့ပဲခေါ်ရတော့မှာပေါ့။ ကျွန်မလို မိဘမဲ့တယောက်ကို သမီးအဖြစ်ကနေ စွန့်လွှတ်လိုက်ပြီပဲ။
စွန့်လွှတ်တာထိကို တကယ်အဆင်ပြေပါသေးတယ်။ ဒီလိုမျိုး အကိုသုံးကိုတောင် လွှတ်ပြီးသတ်ခိုင်းတဲ့အထိ လုပ်လိမ့်မယ်လို့တော့ တကယ်ကိုထင်မထားခဲ့မိတာ။ ဒီလောက်ထိ သွေးအေး၊ ရက်စက် ၊ အောက်တန်းကျလိမ့်မယ်လို့..."
" ငါ့မှာဘာမှပြောစရာမရှိဘူး။"
ဝူနန်နယ်စားက သူမ၏စကားများကို မခံသာနိုင်တော့သည့်အလား ဆို၏။
" အရင်က ပျော်ရွှင်စရာတွေကိုထောက်ပြီး ငါတို့ကိုသက်ညှာပေးပါ ညီမလေးရယ်။"
သားအလတ်က ချင်းယာအားပြောလေ၏။
" ဟုတ်ပါတယ် ညီမလေးရယ်။ ငါတို့တချိန်က မောင်နှမတွေဖြစ်ခဲ့တာပဲ။"
အကြီးဆုံးကလည်း ထောက်ခံသည်။ သုံးယောက်မြောက်ကတော့ သူ၏ခေါင်းကိုသာအသေငုံ့ထားရင်း အသံတစ်သံထွက်မလာချေ။ ချင်းယာကပြောရင်းပင် မျက်ရည်များဝဲတတ်လာလေ၏။ သူမက သူ၏စကားများကိုရပ်တန့်ကာ နှာရှုံ့လိုက်၏။ ဝူနန်နယ်စားသည် သူမ၏မျက်နှာကိုပင်မော့မကြည့်ရဲပေ။
" ကျွန်မဆီမှာ ဝူနန်နယ်စားရဲ့ ပုန်ကန်ဖို့ကြိုးစားနေတယ်ဆိုတဲ့ အချက်အလက်တွေအကုန်ရပြီမလို့ မကြာခင်မှာ ရှင်ဘုရင်ချီရှန်းကအမိန့်တစ်ခုကို ချမှတ်ပါလိမ့်မယ်။ အခုတော့ သားသုံးယောက်နဲ့အတူ စိတ်ကြိုက်အချုပ်ခန်းထဲမှာ လောဘတွေတတ်နေလိုက်ပါအုန်း။
ခေါ်သွားလိုက်တော့...."
ချင်းယာက ပြောလိုက်သည်နှင့် ရဲမက်များက သူတို့အားခေါ်ဆောင်သွားလေတော့သည်။ ဤအကြံအစည်များက ကျီချန်း၏အကြံများဖြစ်၏။ လွန်ခဲ့သောတစ်လက ချီရှန်း၏သတင်းကိုကြားကြားချင်း မျိုးစုံ စုံစမ်းခဲ့ရသည်။ချီရှန်း နိုးလာလျင်လည်း ဤကဲ့သို့ ချက်ချင်းပင် စိတ်လိုက်မာန်ပါလုပ်လိမ့်မည်ကိုသိသော်လည်း ဤကဲ့သို့ လူဦးရေအနည်းကျည်းဖြင့် ရောက်လာလိမ့်မည်ကိုတော့ သူလုံးဝထင်မထားခဲ့ပေ။ ထို့အပြင် တစ်လအတွင်းကိုလည်း ချင်းယာကနယ်စားများနှင့် ဘုရင်ခံများကို တိတ်တဆိတ်ပြန်လည်စည်းရုံးထားခဲ့ပြန်သည်။ ထို့ကြောင့် ယခုကဲ့သို့အချိန်ကိုက်ဖြစ်ခဲ့ခြင်းပင်။
ချင်းယာက အချုပ်ခန်းထဲသို့ခေါ်သွားခံရသော ဝူနန်နယ်စားမင်းတို့ သားအဖတွေအားကြည့်ရင်း သက်ပြင်းချရုံချလိုက်သည်။ တကယ်တော့လည်း သူထိုလူတွေကို ဒီလိုမျိုးရင်ဆိုင်လိုက်ရမှာ သေမလောက်ကြောက်နေမိပြီး သူဘယ်သောအခါကမှ ဤကဲ့သို့မဖြစ်ချင်ခဲ့ပါချေ။ သို့သော်လည်း သူဘာဆိုဘာမျှမတတ်နိုင်တော့ပေ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
LBH S3 က နောက်တပိုင်းဆို ဇာတ်သိမ်းပါပြီ 🤗
အပိုင္း ၄၇ ( သူ႔ကိုယ္ပိုင္ စိတ္ခံစားခ်က္မဟုတ္သေရြ႕)
" အန္းလု....!!!!"
ရွန္ဖန္းကေအာ္လိုက္တာေၾကာင့္ အန္းလု၏အၾကည့္သည္ ခ်က္ခ်င္းပင္ရွန္ဖန္းဘက္သို႔လွည့္သြား၏။ ထို႔ေနာက္ ခ်က္ခ်င္းပင္ အားသုံးကာ ခ်ီရွန္းလက္ထဲမွ ႐ုန္းထြက္လိုက္ေလေတာ့၏။ ထို႔ေနာက္တျဖည္းျဖည္းခ်င္း ခ်ီရွန္းေဘးမွထြက္သြားၿပီး ရွန္ဖန္းေဘးတြင္ သြားရပ္ေနလိုက္သည္။
ရွန္ဖန္းက သူ႔ေဘးနားသိူ႔ေရာက္ကာလာေသာ အန္းလုအားတခ်က္ၾကည့္လိုက္ၿပီးေနာက္ အန္းလု၏လည္ပင္းတြင္ေနရာယူေနၿပီျဖစ္ေသာ ထိုဆြဲႀကိဳးအား ၾကည့္ကာ ခနဲ႔သည့္အၾကည့္ျဖင့္ၾကည့္လိုက္ၿပီးေနာက္ ဆက္ခနဲ ဆြဲျဖဳတ္လိုက္ေလေတာ့သည္။
ထိုအရာေၾကာင့္ ခ်ီရွန္းက သူ၏ဓားကိုျပန္ေကာက္လိုက္ၿပီး ေရွ႕သို႔တလွမ္းတိုးလာသည္။ ရွန္ဖန္းက လက္ထဲတြင္ ထိုဆြဲႀကိဳးကိုကိုင္ထားလ်က္ပင္ ထို႔ဆြဲႀကိဳးကိုသာၾကည့္ရင္း ခ်ီရွန္းကိုလက္ကာျပလိုက္သည္။
" ေန....အဲ့ဒီေနရာမွာပဲေန။ မဟုတ္ရင္ ငါသူ႔ကို.....တစ္ခုခုလုပ္ခိုင္းလိုက္မွာ။"
" မင္း...."
ရွန္ဖန္းက ဆြဲႀကိဳးကိုၾကည့္ေနရာမွ ေဘးရွိအန္းလုကိုၾကည့္ၿပီးေနာက္ ခ်ီရွန္းကိုပါၾကည့္လိုက္သည္။
" ဆြဲႀကိဳးက... လွသားပဲ။ အခ်စ္...အခ်စ္.....အခ်စ္တဲ့လား။ အခ်စ္တစ္မ်ိဳးတည္းနဲ႔ ေလာကမွာဘာမွလုပ္စားလို႔မရဘူးဆိုတာ မင္းတို႔လိုျပည့္စုံၿပီးတဲ့သူေတြကေတာ့ ဘယ္သိပါ့မလဲ။
ငါသူမနဲ႔မေတြ႕ခင္က ငါ့ရဲ့ေန႔ရက္ေတြတိုင္းက ငရဲလိုျဖစ္ေနခဲ့တာ။ သူမလည္း ငါ့ရဲ့ေနေရာင္ျခည္လိုပဲ။ ေနမင္းႀကီးပဲ။ အဲ့တာေတြအကုန္လုံးကို မင္းနဲ႔ မင္းအေဖကဖ်က္စီးပစ္ခဲ့တာ။
အဓိကက.......မင္းအေဖ...!!!”
ရွန္ဖန္းသည္ ခ်ီရွန္းအား စူးရွေသာအၾကည့္ျဖင့္ၾကည့္ရင္း လက္ညိဳးထိုးကာ ေအာ္လိုက္၏။ ခ်ီရွန္းသည္လည္း မ်က္ေမွာင္ၾကဳတ္လ်က္သူ႔ကိုၾကည့္သည္။
" မင္းသိလား။ မင္းပုံစံက အေရးေပးမခံရေတာ့တဲ့ အညတရတေကာင္လိုပဲ။
ဒီေနရာမွာ မင္းကမယ္ေတာ့္ရဲ့ေမြးစားသားပါလို႔ေတာင္ ငါမသုံးႏွုန္းခ်င္ဘူး။ ဘာလို႔လဲဆိုေတာ့ မင္းက သူ႔ရဲ့ခ်စ္ခင္ႏွစ္သက္မွုကိုရဖို႔ေတာင္ မတန္လို႔"
ခ်ီရွန္းေျပာလိုက္သည့္စကားေၾကာင့္ ရွန္ဖန္းကစိတ္တိုသြားပုံရသည္။ သို႔ေသာ္လည္း သူ၏ပါးစပ္ဖ်ားမွ မည္သည့္စကားတစ္ခြန္းမွ ထြက္မလာေသးေပ။ ထို႔ေနာက္ ရွန္ဖန္းကသူ႔လက္ထဲရွိဆြဲႀကိဳးကိုသာ တဖက္သို႔ပစ္ေပါက္ကာလႊင့္ပစ္လိုက္သည္။
" အသုံးမဝင္တဲ့အရာေတြ...."
"မလုပ္နဲ႔"
ခ်ီရွန္းက လိုက္ဖမ္းရန္ႀကံရြယ္လိုက္စဥ္တြင္ပဲ ရွန္ဖန္းက သူ၏ေနာက္ဘက္တြင္ရွိေသာစင္ေပၚမွ ခ်ီရွန္းအားထိုးခဲ့သည့္ဓားအား လွမ္းယူလိုက္ၿပီးေနာက္ အန္းလုကိုေပးလိုက္ကာ ေျပာေလေတာ့၏။
" အန္းလု...ဓားကိုဓားအိမ္ထဲကေနထုတ္လိုက္။"
ခ်ီရွန္း၏ေျခလွမ္းမ်ားက ခ်က္ခ်င္းပင္ရပ္တန္႔သြားသည္။ ေက်ာက္စိမ္းဆြဲႀကိဳးသည္ကေတာ့ ၾကမ္းျပင္ေပၚတြင္ အျပားလိုက္ေလးက်သြားေလ၏။ အန္းလုကေတာ့ ဓားအိမ္ထဲမွ ဓားကိုဆြဲထုတ္လိုက္ၿပီျဖစ္သည္။ ခ်ီရွန္းက အန္းလုကိုၾကည့္လိုက္ၿပီးေနာက္ ရွန္ဖန္းကိုၾကည့္ကာ
" သူငါ့ကိုထပ္ၿပီး ဓားနဲ႔ထိုးလည္းငါ့ရဲ့ျပင္ပကပဲနာက်င္ရင္ နာက်င္ရလိမ့္မယ္။ သူက ငါ့ကိုထိခိုက္လိုစိတ္မရွိတဲ့အတြက္ ငါ့ႏွလုံးသားကေတာ့ နာက်င္မွာမဟုတ္ဘူး။"
"ဟုတ္တယ္။"
ရွန္ဖန္းက သေဘာေပါက္သည့္ပုံစံမ်ိဳးျပသည္။ တစ္စုံတရာမူမမွန္သလို ခံစားမိလာရေတာ့တာေၾကာင့္ ခ်ီရွန္းကမ်က္ေမွာင္ၾကဳတ္လိုက္ရင္းဆိုသည္။
" ဘာကိုလဲ။"
ရွန္ဖန္းက ဓားေျမာင္အားျမဲၿမံစြာကိုင္ထားေသာ အန္းလုအား တခ်က္ၾကည့္လိုက္ၿပီး အန္းလု၏ ေဘးသို႔ပို၍နီးကပ္စြာသြားလိုက္ၿပီးေနာက္ အန္းလု၏ခါးကိုလွမ္းဖက္လိုက္သည္။ ထို႔ေနာက္ ႐ုတ္တရက္ပင္ အန္းလု၏ပါးျပင္အား နမ္းလိုက္၏။
" ဒီတစ္လလုံးငါတို႔ အေတာ္ေလးပူးကပ္ေနခဲ့ၾကတာ။ သူကအသိစိတ္မရွိဘူးဆိုေပမဲ့ ငါကလည္းသူ႔စိတ္ကို လိုအပ္တာမဟုတ္ဘူးဆိုေတာ့ေလ..."
" အယုတ္တမာေကာင္!!!!! "
ခ်ီရွန္းမွာ ရွန္ဖန္း၏အျပဳအမူကိုသာမက စကားလုံးတို႔ကိုပါ ခံနိုင္ရည္မရွိစြာ စိတ္တိုသြားၿပီးေနာက္ ခ်က္ခ်င္းပင္ သူ၏ဓားကိုေျမႇာက္ကာ ရွန္ဖန္းကိုလွမ္းခုတ္ေလေတာ့သည္။ ခ်ီရွန္းက ဓားကိုအဆက္အျပတ္လႊဲေနၿပီး ရွန္ဖန္းကို ထိေစရန္ႀကိဳးစားေနသည္။ သို႔ေသာ္လည္း ရွန္ဖန္းက ခ်ီရွန္း၏ဓားခ်က္မ်ားကိုေရွာင္လိုက္ၿပီး
" ရပ္လိုက္...."
"......"
" မင္းတကယ္လို႔မရပ္ရင္ အန္းလုလက္ထဲကဓားက အန္းလုလည္ပင္းကို သူကိုယ္တိုင္ျဖတ္သလိုျဖစ္သြားလိမ့္မယ္။"
ထိုစကားေၾကာင့္ ခ်ီရွန္းက ခ်က္ခ်င္းပင္ အထိတ္တလန္႔ျဖစ္ကာ ရပ္တန္႔သြားေလသည္။ သူအန္းလုကိုလွမ္းၾကည့္လိုက္မိေလေတာ့ အန္းလု၏ဓားကိုင္ထားေသာလက္သည္ သူ၏လည္ပင္းအနားတြင္ေရာက္ေနေလ၏။ ထို႔ေနာက္မွ ရွန္ဖန္းက ျပဳံးလ်က္ပင္ အန္းလုအနားသို႔ျပန္သြားျပန္သည္။ ခ်ီရွန္းက သူ႔အားအၾကည့္စူးစူးျဖင့္ၾကည့္ေနေလ၏။
" အရွင္..."
႐ုတ္တရက္ပင္ ေရွာင္ရွင္းႏွင့္အတူ ေလး၊ ငါးဦးခန္႔ေသာကိုယ္ရံေတာ္မ်ား ဝင္ေရာက္လာေလေတာ့၏။ ေရွာင္ရွင္းကခ်ီရွန္းအနားသို႔ အျမန္ကပ္သြားလိုက္ၿပီးခပ္တိုးတိုးဆိုသည္။
" ကၽြန္ေတာ္တို႔ဝင္လာတာကို တျခားသူေတြပါသိသြားၿပီ။ အခုနန္းေတာ္ကိုရွာေဖြခိုင္းေနၿပီမို႔ ကၽြန္ေတာ္တို႔အျမန္ဆုံး ဒီေနရာကေနထြက္သြားရပါလိမ့္မယ္။"
ေရွာင္ရွင္းကေျပာေျပာႏွင့္ပင္ တဖက္သို႔ၾကည့္လိုက္သည္။
" ကိုယ္လုပ္ေတာ္လုမလား။ ၿပီးေတာ့.... အမတ္ခ်ီ.....သူ႔ကိုတိုက္ခိုက္ !!!!”
ေရွာင္ရွင္းက သူ႔ေဘးတြင္ရပ္ေနေသာ လူမ်ားအား ရွန္ဖန္းကိုတိုက္ခိုက္ရန္ အမိန္႔လွမ္းေပးလိုက္သည္။
" မလုပ္နဲ႔။ အန္းလုအႏၲာရယ္ရွိတယ္။"
ခ်ီရွန္းက ေရွာင္ရွင္းတို႔အားအျမန္တားလိုက္သည္။ ထိုအခါရွန္ဖန္းက ရယ္လ်က္ပင္
"လူေတြမ်ားလာေတာ့ ဒီျပဇာတ္ေလးက....ကမွကိုျဖစ္ေတာ့မွာေပါ့။"
ထို႔ေနာက္သူ၏မ်က္ဝန္းတို႔က အနီေရာင္သို႔ထပ္မံကာေျပာင္းသြား၏။ သူက အန္းလုကိုၾကည့္လိုက္ၿပီးေနာက္ ဆိုသည္။
" တခ်က္..."
သူေျပာလိုက္သည္ႏွင့္အန္းလုသည္ သူ၏လက္ထဲတြင္ကိုင္ထားေသာဓားျဖင့္ သူ၏ရင္ဘတ္သို႔ ထိုးလိုက္၏။ သို႔ေသာ္လည္း သူ၏အမူအရာသည္ နာက်င္မွုကိုတစက္ကေလးမၽွ ခံစားရပုံမရွိသည့္အတိုင္း မ်က္ႏွာသည္လည္း တစက္ကေလးမၽွ ပ်က္ယြင္းမသြားပါေခ်။ သို႔ေသာ္လည္း ရင္ဘတ္အေပၚနားရွိ ဓားျဖင့္ထိုးလိုက္ေသာေနရာတြင္ ေသြးတို႔က စီးက်လာကာ သူ၏ဝတ္႐ုံတြင္ ခ်က္ခ်င္းစိုရြဲလာေလ၏။
" မလုပ္နဲ႔ ။ သူ႔ကိုထိခိုက္ေအာင္မလုပ္နဲ႔။ မင္းတကယ္ပဲ ဘာကိုလိုခ်င္တာလဲ။
ငါအကုန္ေပးမယ္။ ငါအကုန္ေပးမွာမလို႔....ေက်းဇူးျပဳၿပီး..... သူ႔ကိုထိခိုက္ေအာင္မလုပ္ပါနဲ႔။"
ခ်ီရွန္းက ေရွ႕ကိုလည္းမတိုးရဲ၊ ေနာက္ကိုလည္းမဆုတ္နိုင္သည့္ အေနအထားျဖင့္ သူ၏လက္ကိုသာ အန္းလုဆီသို႔ဦးတည္ေျမႇာက္ထားလ်က္ ေအာ္ဟစ္ေနမိ၏။ ေရွာင္ရွင္းႏွင့္အျခားသူမ်ားလည္း မည္သို႔မၽွဆက္မလွုပ္ရွားရဲေတာ့ပဲ ၿငိမ္က်ကာသြားေလ၏။ ထိုလူအားမည္သို႔ထိန္းခ်ဳပ္ရမည္ကိုပင္ မသိနိုင္ေတာ့ေခ်။ ထို႔ေနာက္ ႐ုတ္တရက္ပင္ ျပင္ပမွ ဝူနန္နယ္စားႏွင့္ သူ၏သားႏွစ္ေယာက္က ရဲမက္မ်ားျဖင့္ ဝင္ေရာက္လာတာ ခ်ီရွန္းတို႔အား ဝိုင္းထားလိုက္ၾကသည္။
"ဟာ့....အ့...အ့...."
အန္းလု၏နာက်င္အံ့ၾသေနေသာအသံက ႐ုတ္တရက္ထြက္ေပၚလာေတာ့၏။ သူအသိစိတ္ျပန္ဝင္ေနခ်ိန္တြင္ သူ၏ရင္ဘတ္သည္ ေသြးမ်ားျဖင့္စိုရြဲေနၿပီး သူ၏လက္ထဲတြင္ေတာ့ေသြးစြန္းေနသည့္ဓားကို ကိုင္ကာထားသည္။ အန္းလုက ထိတ္လန္႔စြာပင္ ထိုဓားကိုေသခ်ာစြာၾကည့္လိုက္ၿပီးေနာက္ လန္႔ကာလြတ္ခ်လိုက္သည္။ သူကိုယ္တိုင္လည္း လက္တစ္ဖက္ျဖင့္ရင္ဘတ္ကိုဖိလိုက္ရင္း ယိုင္က်သြားေလေတာ့၏။
ခ်ီရွန္းက အန္းလုကိုဖမ္းရန္ေျခလွမ္းျပင္လိုက္ေသာ္လည္း ဝူနန္နယ္စားက သူ႔အား ဓားရွည္ျဖင့္လည္ပင္းနားကိုေထာက္ကာ တားလိုက္ေလသည္။ လဲက်မလိုျဖစ္သြားေသာ အန္းလုကိုမူ ရွန္ဖန္းက လွမ္းဖမ္းေပးလိုက္၏။ ထို႔ေနာက္ အန္းလုက သူ႔အားစိုးရိမ္တႀကီးျဖစ္ေနေသာ ခ်ီရွန္းအား ရွန္ဖန္း၏ရင္ခြင္ထဲတြင္လဲက်ေနရင္း ၾကည့္လိုက္သည္။ ထို႔ေနာက္ တျဖည္းျဖည္းခ်င္းပင္ သူ၏မ်က္ဝန္းမ်ားက မွိတ္ကာသြားေတာ့၏။
ရွန္ဖန္းက အန္းလုကိုေပြ႕ခ်ီလိုက္သည္။ထို႔ေနာက္ ခ်ီရွန္းကိုၾကည့္ရင္းပင္ ဝူနန္နယ္စားအားေျပာလိုက္၏။
" အခ်ဳပ္ခန္းထဲထည့္ထားလိုက္။ ဘာပဲျဖစ္ျဖစ္ မင္းဘုရင္ကိုရၿပီပဲ ။ ခ်ိဳက္အန္း တိုင္းျပည္ကိုမင္းမၾကာခင္စိတ္ႀကိဳက္ခ်ယ္လွယ္နိုင္လိမ့္မယ္။"
ရွန္ဖန္းက ေျပာၿပီးေနာက္ အန္းလုကိုေပြ႕ကာပင္ အျပင္သို႔ထြက္လာခဲ့ေလေတာ့သည္။ ထိုအခိုက္အတန္႔တြင္ အန္းလု၏လက္က မသိမသာလွုပ္ရွားလာေလ၏။ အစဦးကတည္းကပင္ သူ၏လက္က ရင္ဘတ္နားတြင္ရွိေနတာေၾကာင့္ သူ၏ရင္ဘတ္ဝတ္႐ုံထဲကိုႏွိုက္ရန္ မသိမသာလွုပ္ရွားလိုက္သည္။ ရွန္ဖန္းက အန္းလုသတိေမ့ေနၿပီအထင္ျဖင့္ ခ်ီရွန္းတို႔ကိုသာ အာ႐ုံေရာက္ေနတာမို႔ သူလွုပ္ရွားေနတာကိုသတိထားမိပုံမေပၚေခ်။ ထို႔ေနာက္႐ုတ္တရက္ပင္ သူ႔ကိုခ်ီကာ အခန္းတံခါးဝသို႔ေလ်ာက္သြားေသာ ရွန္ဖန္း၏ႏွလုံးရွိရာေနရာအား အားျဖင့္ထိုးခ်လိုက္သည္။
"အ့...."
ရွန္ဖန္းသည္ ထူးဆန္းေသာခံစားခ်က္ေၾကာင့္ သူ၏ေျခလွမ္းမ်ားကိုရပ္တန္႔လိုက္ၿပီး ငုံ႔ၾကည့္လိုက္မိသည္။ အန္းလု၏ သူ၏ႏွလုံးသားကိုထိုးလိုက္ေသာပစၥည္းသည္ က်ိဳးသြားေသာဆံထိုး၏အပိုင္းတစ္ပိုင္းျဖစ္ေန၏။
ရွန္ဖန္းက႐ုတ္တရက္ပင္ အန္းလုကိုလႊတ္ခ်လိုက္ေလေတာ့သည္။ ျပင္ပသို႔ေရာက္ေနၿပီျဖစ္တာေၾကာင့္ အန္းလုသည္ ေလးဆင့္နီးပါးရွိေသာ ေလွကားမွျပဳတ္က်ကာ ေျမေပၚတြင္ လူးလွိမ့္သြားေလ၏။ ခ်ီရွန္းက သူ႔အားလည္ၿမိဳကို ဓားေထာက္ထားေသာ ဝူနန္နယ္စားတေယာက္ ထိုအရာက္ိုစိတ္ဝင္စားေနခ်ိန္အား အခြင့္အေရးယူကာ ဝူနန္နယ္စားဆီမွ ဓားကိုလုယူလိုက္သည္။ ထို႔ေနာက္တြင္ ဝူနန္နယ္စား၏လည္မ်ိဳအား ျပန္ေထာက္လိုက္ေလ၏။
ေရွာင္ရွင္းတို႔သည္လည္း အငိုက္မိသည္ႏွင့္ အျမန္ပင္ ရဲမက္တစ္ခ်ိဳ႕ကိုသတ္လိုက္ၿပီးေနာက္ ဝူနန္နယ္စား၏သားႏွစ္ေယာက္ကိုပါ တိုက္ခိုက္လိုက္ၿပီး ၎တို႔၏လည္ပင္းမ်ား၌ဓားမ်ားကို ေနရာယူထားေစလိုက္ၾကသည္။ ခ်ီရွန္းကဝူနန္နယ္စားအား ေရွာင္ရွင္းဆီသို႔ ေျပာင္းကာလႊဲေပးလိုက္ၿပီး ေအာက္တြင္ ေမွာက္ခုံေလးၿငိမ္သက္ေနေသာ အန္းလုကို ေျပးမလိုက္သည္။
ေရွ႕တြင္ရွိေနေသာ ရွန္ဖန္းသည္ သူ၏ရင္ဘတ္တြင္စိုက္ေနေသာ ထိုဆံထိုးအားျဖည္းျဖည္းခ်င္း ဆြဲႏွုတ္ရန္ႀကိဳးစားေနသည္။ သို႔ေသာ္လည္း သူ၏ကိုယ္ခႏၲာတျဖည္းျဖည္း ပို၍ ပို၍ပင္ယိုင္နဲ႔လာေလေတာ့၏။ ခ်ီရွန္းက အန္းလုကို ေထြးေပြ႕ကာထားသည္။ အန္းလုက ေမွးစင္းေနေသာမ်က္ဝန္းမ်ားျဖင့္ သူ႔ေရွ႕တြင္ မခ်ိတင္ကဲခံစားေနရေသာ ရွန္ဖန္းအားၾကည့္ေန၏။ ထို႔ေနာက္တြင္ ရွန္ဖန္းသည္ သူတို႔ႏွစ္ေယာက္အား တလွည့္စီၾကည့္ရင္းပင္ ေျမေပၚသို႔ လဲက်သြားေလေတာ့သည္။
ဓားေထာက္ခံထားရေသာ ဝူနန္နယ္စားသည္ ထိုအခ်င္းအရာကိုျမင္ၿပီး ထိတ္လန္႔ေနပုံရသည္။ သို႔ေသာ္လည္း သူက ခ်ီရွန္းကိုၾကည့္ရင္း
" ငါတို႔မွာျပင္ဆင္ထားတဲ့စစ္တပ္ရွိတာမလို႔ မင္းဒီလူဆယ္ေယာက္ေလာက္နဲ႔ ငါ့ကိုဘာမွလုပ္လို႔မရဘူး။ သူတို႔ေတြမၾကာခင္ ဒီေနရာကိုေရာက္လာၾကလိမ့္မယ္။ အဲ့က်ရင္ မင္းျပန္အဖမ္းခံရမွာပဲ။ ငါမင္းကိုပုန္ကန္ဖို႔ ဆုံးျဖတ္လိုက္ၿပီ။"
" ခမည္းေတာ္ေျပာတာက နယ္စားနဲ႔ ဘုရင္ခံ ၁၁ေယာက္ကိုေျပာခ်င္တာလား။"
႐ုတ္တရက္ေပၚလာေသာ အသံေၾကာင့္ ဝူနန္နယ္စားမွာ မ်က္လုံးပင္ျပဴးသြားေလေတာ့သည္။ သူမ၏ေဘးတြင္ က်ီခ်န္းကရွိေနၿပီး ဘုရင္တစ္ပါး၏အေဆာင္အေယာင္မ်ားရွိေနသည္။ ဤသည္က ခ်င္းယာပင္ျဖစ္သည္။ ပို၍ဆိုးသည္က သူမသည္ေယာက်္ားသားတစ္ေယာက္အား ဖမ္းခ်ဳပ္ကာ ေခြးလည္ပတ္ဆင္ေပးၿပီး ထိုေခြးလည္ပတ္၏ ႀကိဳးကိုသူမကကိုင္ကာထားသည္။
ထိုသူက မင္းသားသုံးပင္။ သူသည္ ခ်င္းယာအားရွင္းရန္ အမိန္႔ေပးခံရသူျဖစ္သည္။ ဝူနန္နယ္စားက အံ့ၾသစြာဆိုလာသည္။
" ဒါကဘယ္လိုျဖစ္..."
ခ်င္းယာက သူ႔လက္ထဲတြင္ကိုင္ကာထားေသာ ႀကိဳးအားလႊတ္ေပးလိုက္သည္။ ထို႔ေနာက္ မင္းသားသုံးအား ေမးေမာ့ျပလိုက္၏။
" သြားေလ။ မိသားစုေလးျပန္ဆုံၾကေပါ့။"
မင္းသားသုံးက ခ်က္ခ်င္းပင္ သူ၏အကိုႏွစ္ေယာက္ရွိရာသို႔ေျပးသြားေလ၏။ က်ီခ်န္းကေတာ့ ေျမျပင္တြင္ထိုင္ေနကာ အန္းလုကိုဖက္ထားေသာ ခ်ီရွန္းဆီသို႔ သြားလိုက္သည္။ အန္းလု၏ဒဏ္ရာကိုစမ္းလိုက္ရင္း
" သူအဆင္ေျပမွာပါ။ ဒဏ္ရာကသိပ္မနက္ဘူး။
လာၾကစမ္း...သမားေတာ္ေခၚလိုက္။"
က်ီခ်န္းက ခ်ီရွန္းလက္ထဲမွအန္းလုကိုယူရန္ျပင္လိုက္သည္။ ခ်ီရွန္းက အစပိုင္းေတာ့ အတင္းအက်ပ္ဖက္ကာထားၿပီး က်ီခ်န္းကိုၾကည့္လိုက္ၿပီးေနာက္မွ လႊတ္ေပးလိုက္၏။ သူကိုယ္တိုင္လည္း ေပ်ာ့ေခြကာက်လာေနေခ်ၿပီ။ ရင္ဘတ္ဝတ္႐ုံက အနက္ျဖစ္တာေၾကာင့္သာ ရင္ဘတ္မွ ျပန္ထိသြားေသာဒဏ္ရာ၏ေသြးမ်ားကိုမျမင္ရျခင္းသာ။
က်ီခ်န္းက အေဆာင္တစ္ခုဆီသို႔ အန္းလုကိုကုသေပးရန္ဦးတည္သြားပုံရသည္။ ခ်ီရွန္းက ေနာက္မွလိုက္ရန္ျပင္လိုက္စဥ္တြင္ပဲ သူကိုယ္တိုင္လည္း လဲက်သြားေလေတာ့၏။ ထိုအခါမွ ေရွာင္ရွင္းကအျမန္ပင္သူ႔ကိုလာသယ္လိုက္သည္။ ခ်င္းယာက သူတို႔အားၾကည့္ရင္း
" ကၽြန္မရွင္းလိုက္မွာမလို႔ စိတ္ခ်ပါ။"
"...."
က်ီခ်န္းက ဘာမၽွမေျပာေတာ့ပဲ သူမကိုျပဳံးကာ ေခါင္းၿငိမ့္ျပလိုက္ၿပီး ထြက္သြားေလေတာ့သည္။ ခ်င္းယာကလည္း က်ီခ်န္းကို ျပန္ျပဳံးျပေလသည္။
......................................
" နယ္စားေတြနဲ႔ဘုရင္ခံေတြအကုန္လုံးက ဒီကိစၥမွာမပါဝင္ေတာ့ဖို႔ ကၽြန္မဆီမွာ ဝန္ခံခဲ့ၾကၿပီးၿပီ။ ဒီကိစၥေတြကို လြန္ခဲ့တဲ့တလ ရွင္ဘုရင္လီခ်ီရွန္းေမ့ေျမာေနစဥ္ကတည္းက ကၽြန္မစုံစမ္းေနခဲ့တာ။"
ခ်င္းယာက ဝူနန္နယ္စားအား ေသခ်ာစြာစိုက္ၾကည့္လိုက္သည္။
" ခမည္းေတာ္ တကယ္ပဲပုန္ကန္ဖို႔ကိုႀကိဳးစားေနလိမ့္မယ္ဆိုတာ မယုံနိုင္ဘူး။ အာ...အခုေတာ့ ဝူနန္ဘုရင္လို႔ပဲေခၚရေတာ့မွာေပါ့။ ကၽြန္မလို မိဘမဲ့တေယာက္ကို သမီးအျဖစ္ကေန စြန္႔လႊတ္လိုက္ၿပီပဲ။
စြန္႔လႊတ္တာထိကို တကယ္အဆင္ေျပပါေသးတယ္။ ဒီလိုမ်ိဳး အကိုသုံးကိုေတာင္ လႊတ္ၿပီးသတ္ခိုင္းတဲ့အထိ လုပ္လိမ့္မယ္လို႔ေတာ့ တကယ္ကိုထင္မထားခဲ့မိတာ။ ဒီေလာက္ထိ ေသြးေအး၊ ရက္စက္ ၊ ေအာက္တန္းက်လိမ့္မယ္လို႔..."
" ငါ့မွာဘာမွေျပာစရာမရွိဘူး။"
ဝူနန္နယ္စားက သူမ၏စကားမ်ားကို မခံသာနိုင္ေတာ့သည့္အလား ဆို၏။
" အရင္က ေပ်ာ္ရႊင္စရာေတြကိုေထာက္ၿပီး ငါတို႔ကိုသက္ညႇာေပးပါ ညီမေလးရယ္။"
သားအလတ္က ခ်င္းယာအားေျပာေလ၏။
" ဟုတ္ပါတယ္ ညီမေလးရယ္။ ငါတို႔တခ်ိန္က ေမာင္ႏွမေတြျဖစ္ခဲ့တာပဲ။"
အႀကီးဆုံးကလည္း ေထာက္ခံသည္။ သုံးေယာက္ေျမာက္ကေတာ့ သူ၏ေခါင္းကိုသာအေသငုံ႔ထားရင္း အသံတစ္သံထြက္မလာေခ်။ ခ်င္းယာကေျပာရင္းပင္ မ်က္ရည္မ်ားဝဲတတ္လာေလ၏။ သူမက သူ၏စကားမ်ားကိုရပ္တန္႔ကာ ႏွာရွုံ႔လိုက္၏။ ဝူနန္နယ္စားသည္ သူမ၏မ်က္ႏွာကိုပင္ေမာ့မၾကည့္ရဲေပ။
" ကၽြန္မဆီမွာ ဝူနန္နယ္စားရဲ့ ပုန္ကန္ဖို႔ႀကိဳးစားေနတယ္ဆိုတဲ့ အခ်က္အလက္ေတြအကုန္ရၿပီမလို႔ မၾကာခင္မွာ ရွင္ဘုရင္ခ်ီရွန္းကအမိန္႔တစ္ခုကို ခ်မွတ္ပါလိမ့္မယ္။ အခုေတာ့ သားသုံးေယာက္နဲ႔အတူ စိတ္ႀကိဳက္အခ်ဳပ္ခန္းထဲမွာ ေလာဘေတြတတ္ေနလိုက္ပါအုန္း။
ေခၚသြားလိုက္ေတာ့...."
ခ်င္းယာက ေျပာလိုက္သည္ႏွင့္ ရဲမက္မ်ားက သူတို႔အားေခၚေဆာင္သြားေလေတာ့သည္။ ဤအႀကံအစည္မ်ားက က်ီခ်န္း၏အႀကံမ်ားျဖစ္၏။ လြန္ခဲ့ေသာတစ္လက ခ်ီရွန္း၏သတင္းကိုၾကားၾကားခ်င္း မ်ိဳးစုံ စုံစမ္းခဲ့ရသည္။ခ်ီရွန္း နိုးလာလ်င္လည္း ဤကဲ့သို႔ ခ်က္ခ်င္းပင္ စိတ္လိုက္မာန္ပါလုပ္လိမ့္မည္ကိုသိေသာ္လည္း ဤကဲ့သို႔ လူဦးေရအနည္းက်ည္းျဖင့္ ေရာက္လာလိမ့္မည္ကိုေတာ့ သူလုံးဝထင္မထားခဲ့ေပ။ ထို႔အျပင္ တစ္လအတြင္းကိုလည္း ခ်င္းယာကနယ္စားမ်ားႏွင့္ ဘုရင္ခံမ်ားကို တိတ္တဆိတ္ျပန္လည္စည္း႐ုံးထားခဲ့ျပန္သည္။ ထို႔ေၾကာင့္ ယခုကဲ့သို႔အခ်ိန္ကိုက္ျဖစ္ခဲ့ျခင္းပင္။
ခ်င္းယာက အခ်ဳပ္ခန္းထဲသို႔ေခၚသြားခံရေသာ ဝူနန္နယ္စားမင္းတို႔ သားအဖေတြအားၾကည့္ရင္း သက္ျပင္းခ်႐ုံခ်လိုက္သည္။ တကယ္ေတာ့လည္း သူထိုလူေတြကို ဒီလိုမ်ိဳးရင္ဆိုင္လိုက္ရမွာ ေသမေလာက္ေၾကာက္ေနမိၿပီး သူဘယ္ေသာအခါကမွ ဤကဲ့သို႔မျဖစ္ခ်င္ခဲ့ပါေခ်။ သို႔ေသာ္လည္း သူဘာဆိုဘာမၽွမတတ္နိုင္ေတာ့ေပ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
LBH S3 က ေနာက္တပိုင္းဆို ဇာတ္သိမ္းပါၿပီ 🤗