Part 2( အဖြူရောင် ဝတ်ရုံစ)

8.1K 941 54
                                    

အပိုင်း၂ (အဖြူရောင် ဝတ်ရုံစ)

"ဟူး....ဟုတ်ပြီ....အရင်ဆုံး..စိတ်ကိုအေးအေးထား။"


အန်းလုက သူ၏စိတ်ကိုတည်ငြိမ်အောင်အတတ်နိုင်ဆုံးကြိုးစားနေသည်၊


"ခေါ်ထုတ်လာခဲ့လိုက်တော့။"


အန်းလုတွေးထင်ခဲ့သည့်အတိုင်း လူကြီးတစ်ယောက်က အခန်းထဲသို့ဝင်လာကာ သူ၏လူများကို အမိန့်ပေးလိုက်သည်။ အပြင်သို့အားလုံးနီးပါး ဆွဲထုတ်လာခံလိုက်ရ၏။ အယောက်သုံးဆယ်နီးပါးရှိသည့်ကျွန်များအနက် ဆယ်ယောက်ခန့်ကို  စင်ပေါ်သိူ့တိုက်ရိုက်ခေါ်ဆောင်ကာသွားလိုက်ပြီး  လေလံတင်ကာရောင်းချရန် စတင်လိုက်သည်။ ကျန်ရစ်ခဲ့သောသူများမှာ ကြောက်လန့်တုန်လှုပ်နေပြီး ငြိမ်သက်နေကြသည်။


ထိုဆယ်ယောက်တွင် အန်းလုလဲပါ၏။ အန်းလုအပါအဝင် ယောက်ျားလေးလေးယောက်ခန့်ပါသည်။ အန်းလုက ကျန်ကလေးများကိုတချက်ကြည့်လိုက်သည်။ အားလုံးက ငယ်ရွယ်ကြသည်။ ဆယ်ကျော်သက်အရွယ်များပင်။ ခေါင်းများကို ငုံ့ကာထားကြပြီး မိန်းကလေးငယ်များကတော့ အသံတိတ်ငိုနေကြသည်။


ဆယ်ပေနီးပါးကျယ်ဝင်းသော ကျွန်ရောင်းသည့်စင်မြင့်ကြီးသည် မြို့ရှိစျေး၏အလည်တွင် ထည်ထည်ဝါဝါတည်ရှိနေခဲ့သည်။ ဆယ်ဦးသောကျွန်များထဲမှ မိန်းကလေးတစ်ချို့ကို ထိုသူများကဆွဲယူကာ အတင်းစျေးခေါ်နေကြသည်။


ရောင်းသူဝယ်သူ သဘောတူလျင် အရောင်းအဝယ်ဖြစ်သည်။ ကျန်တာမလိုအပ်ပေ။ ငွေပေးသည်နှင့် ပစ္စည်း လည်းရမည်။


(ရှန်းရှန်း လာရင်တော့ ဒီလူတွေအကုန်လုံးကိုဖမ်းပြီးထောင်ချခိုင်းပစ်မယ်။)


"အ့...."


ရုတ်တရက်ပင် ထိုလူများထဲမှခေါင်းဆောင်က အန်းလု၏လက်အားတုတ်နှောင်ထားသော ကြိုးစကိုဆောင့်ဆွဲလိုက်ပြီး အရှေ့သို့တိုးလာစေလိုက်သည််။

LOVE, BUT HURT (Season 3)_ The Last Begin_[Completed] Where stories live. Discover now